• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“PLAYERS” ရုပ်ရှင်မှာ Biker Girl အဖြစ် သရုပ်ဆောင်မယ့် ဆောင်းဝတ်ရည်မေ

by ချစ်ပိုး
19 September 2019
in Entertainment
A A
သရုပ်ဆောင် ဆောင်းဝတ်ရည်မေ  / နေပိုင် / ဧရာဝတီ

သရုပ်ဆောင် ဆောင်းဝတ်ရည်မေ / နေပိုင် / ဧရာဝတီ

90.8k
VIEWS
Share on FacebookShare on Twitter

MRTV-4 ဇာတ်လမ်းတွဲတွေ တော်တော်များများမှာ ပါဝင် သရုပ်ဆောင်တာ တွေ့ရတဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေကတော့ မကြာခင် ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမယ့် “PLAYERS” ဇာတ်ကားမှာ Biker Girl တယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“အရင်ကလည်း BoBo Entertainment နဲ့ အလုပ်တွေ လုပ်ဖူးတော့ အခု Players ဇာတ်ကားကြီးမှာ ပါဝင်ဖို့ ကမ်းလှမ်းတယ်။ ဇာတ်လမ်းလေးကို သဘောကျလို့ လက်ခံဖြစ်သွားတာပါ။ ဒီကားထဲမှာတော့ Biker Girl ပေါ့။ ကိုတိုင်ရွန်တို့ အေးချမ်းမောင်တို့က ဆိုင်ကယ်စီးကြတာ။ သူငယ်ချင်း ၃ ယောက် သုံးပွင့်ဆိုင် အချစ်ပုံစံလေး ပါဝင် သရုပ်ဆောင်သွားပါမယ်။ အဝတ်အစားပိုင်းမှာလည်း ခပ်လန်းလန်း ခပ်မိုက်မိုက်ပုံစံ ပြင်ဆင်ထားသလို ဆံပင်လည်း ဆက်ထားတယ်”လို့ ဆောင်းဝတ်ရည်မေက ပြောပါတယ်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
157
ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
200
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
360

“ပရိသတ်တွေ ဆံပင်အတိုနဲ့ တွေ့ရတာ များတော့ အပြောင်းအလဲ ဖြစ်အောင် လုပ်ထားတယ်။ ဇာတ်ကားကြီးရိုက်တာတော့ နှစ်ကားမြောက်ပေါ့။ ရှေ့မှာ အောက်ဆီဂျင်ဆိုတဲ့ ဇာတ်ကား ရိုက်ထားသေးတယ်။ ရွှေကြာ ဇာတ်ကားတုန်းကလည်း ပါဝင်သရုပ်ဆောင်ခဲ့တာတွေ ရှိတယ်။ ဒရာမာလည်း စိတ်ဝင်စားတော့ ဒရာမာလည်း ရိုက်ချင်ပါသေးတယ်။ ဘယ်လို ကာရိုက်တာပဲ ကမ်းလှမ်း၊ ကမ်းလှမ်း လုပ်ဖို့ကတော့ အဆင်သင့်ပါပဲ”လို့ ဆောင်းဝတ်ရည်မေက ဆိုပါတယ်။

ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေကျ ဖြစ်တဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေက ရုပ်ရှင်ကားကြီးနဲ့ ဇာတ်လမ်းတွဲ ကွာခြားပုံတွေကိုလည်း အခုလိုပဲ ပြောပါတယ်။

“ဇာတ်လမ်းတွဲတွေမှာ ညီမတို့ကို လက်ခံပေမယ့် ရုပ်ရှင်ကားကြီးတွေမှာလည်း လက်ခံလာအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်။ ပရိသတ် အကြိုက်တွေ့အောင်လည်း ပြင်ဆင်နေပါတယ်။ ဇာတ်လမ်းတွဲနဲ့ ဇာတ်ကားကြီး ကွာခြားမှုက ဇာတ်လမ်းတွဲမှာတော့ အချိန်ပေးရတာတွေ၊ ဒီဇိုင်နာတွေ၊ Stylist တွေ ရှိတယ်။ သူတို့ စီစဉ်ပေးတာ ဝတ်လိုက်ရုံပဲ၊ ကိုယ်က Mood သွင်းရုံပဲ”

“ဇာတ်ကားကြီးမှာတော့ ကိုယ်ဝတ်မှာတွေ၊ ကိုယ်လိုချင်တာတွေ ကိုယ်တိုင် လိုက်ရှာရတော့ နည်းနည်း အခက်အခဲလေးတွေ ရှိတာပေါ့။ ဇာတ်ကားကြီးတွေမှာကျတော့ ကိုယ့်ထက် စီနီယာကျတဲ့သူတွေ ပါလာတော့ ကိုယ့်အတွက် လုပ်ကွက် ရှိရင်တော့ ညီမက မငြင်းဘူးပေါ့။ အနုပညာအလုပ်ဖြစ်လို့ ခေါင်းဆောင် လုပ်ရမှ၊ ဘာမှတော့ မရှိပါဘူး”လို့ ဆောင်းဝတ်ရည်မေက ပြောပါတယ်။

“PLAYERS’’ ရုပ်ရှင်ကားကြီးကို BoBo Entertainment က ထုတ်လုပ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးသွားမှာပါ။ သရုပ်ဆောင်များအနေနဲ့ သရုပ်ဆောင် မြင့်မြတ်၊ ထွန်းထွန်း၊ တိုင်ရွန်၊ အေးချမ်းမောင်၊ စိုးမြတ်သူဇာ၊ အိချောပို၊ မေမီကိုကိုနဲ့ ဆောင်းဝတ်ရည်မေတို့ အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Your Thoughts …
Tags: "PLAYERS" ရုပ်ရှင်Biker Girlဆောင်းဝတ်ရည်မေ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် ဆောင်းဝတ်ရည်မေ  / Hsaung Wutyee May's Facebook

အွန်လိုင်းပေါ်မှာ ဈေးဗန်းခင်းတဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ

by ယုဖြူဟန်
6 February 2020
6.3k

“အလုပ်ကလည်းရှုပ်နေတော့ အဲ့ဘက်ကိုအချိန် မပေးနိုင်သေးဘူး။ သူ့ကိုလာမတွေ့ဘူးလား။ ကိုယ်ကလည်းမတွေ့တော့ အချိန်မပေးနိုင်သေးတာပါ” လို့ ဆောင်းဝတ်ရည်မေက ပြောပါတယ်။

သရုပ်ဆောင် အေးချမ်းမောင် / နေပိုင် / ဧရာဝတီ

“PLAYERS” ရုပ်ရှင်အတွက် ဆိုင်ကယ်စီး လေ့ကျင့်နေတဲ့ သရုပ်ဆောင် အေးချမ်းမောင်

by ချစ်ပိုး
21 September 2019
7.8k

ဒီကားမှာ ဆိုင်ကယ်စီးရတဲ့ အခန်းတွေ ပါတော့ ကျနော် Racing ဘီးတွေ ဆိုတော့ ဆိုင်ကယ်စီးဖို့အတွက် ကြိုကျင့်ရပါတယ်”

Next Post
သရုပ်ဆောင် လင်းလက်ဟိန်း

"ဥပဒေအသစ်အရ လင်းလက်ဟိန်းကို အရေးယူလို့ မရဘူး"လို့ သင်္ဃန်းကျွန်း ရဲတပ်ဖွဲ့မှူး ပြော

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူများ ပြန်လာဖို့ခက်နေဆဲ(ရုပ်/သံ)

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူများ ပြန်လာဖို့ခက်နေဆဲ(ရုပ်/သံ)

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.9k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
4.8k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate