Entertainment

ဒုတိယမြောက် သမီးလေး မွေးဖွားခဲ့တဲ့ မင်းသား ရိန်းနဲ့ ဇနီး ကင်ထယ်ဟီး

ကိုရီးယားမင်းသား၊ အဆိုတော် ရိန်းနဲ့ မင်းသမီး ကင်ထယ်ဟီးတို့ဟာ နောက်ထပ် သမီးလေးတဦး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၉ နှစ်အရွယ် မင်းသမီး ကင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့၊ ဆိုးလ်မြို့မှာရှိတဲ့ ဆေးရုံတခုမှာ ကျန်းမာတဲ့ သမီးလေးတဦးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မိခင်ရော ကလေးပါ ကျန်းမာတယ်လို့ မင်းသမီးရဲ့ စီမံခန့်ခွဲရေးအေဂျင်စီ Story J Company က ဆိုပါတယ်။

ပရိသတ်တွေကတော့ အခုမှမွေးဖွားလိုက်တဲ့ သမီးလေးရဲ့ ပုံရိပ်ကို မြင်တွေ့လိုကြပေမယ့် ရိန်းက သူ့ရဲ့ မိသားစုကို အကာအကွယ်ပေးတတ်သူ ဖြစ်တာကြောင့် တချို့ပရိသတ်တွေက စိတ်ပျက်ခဲ့ကြပါတယ်။

အသက် ၃၇ နှစ်အရွယ် အဆိုတော်၊ မင်းသာ ရိန်းဟာ သူ့ရဲ့ သမီးလေးနဲ့ ပတ်သက်လို့ ဘာဆိုဘာမှ ထုတ်မပြောသေးပေမယ့် သူ့ရဲ့ သရုပ်ဆောင်ဘဝနဲ့ ကိုယ်ပိုင်ဘဝကို သီးခြားခွဲထားလိုတဲ့ ဆန္ဒရှိတဲ့အကြောင်းပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ရိန်းက “မိသားစုတခုကို တည်ဆောက်ပြီးတဲ့ အခါ ကျနော်က အရင်ကနဲ့ မတူတော့ဘူးလို့ ထင်ပါတယ်။ အရင်တုန်းက မိသားစုကို ဘယ်လိုအတူတူ ထားရှိချင်တယ်ဆိုတဲ့အကြောင်းကို ကျနော်ပြောခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးက အခု ကြောက်ဖို့ကောင်းလာပါတယ်။ ကျနော့်ရဲ့ သမီးလေးကို ထုတ်ပြချင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျနော်တို့ကို ထိခိုက်ခံစားရလာနိုင်တယ်လို့ ခံစားရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ပထမဆုံးသမီးလေးကို မွေးဖွားခဲ့တဲ့အချိန်မှာတော့ ရိန်းက သမီးလေးအတွက် ရည်ရွယ်ထားတဲ့ ဖိနပ်ဓာတ်ပုံ တပုံနဲ့အတူ ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ သတင်းကို ဝေမျှခဲ့ပေမယ့် သမီးလေးရဲ့ ပုံရိပ်ကိုတော့ မမြင်တွေ့ခဲ့ရပါဘူး။ သူတို့လင်မယားနှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ လက်ထပ်ခဲ့တာဖြစ်ပြီး ပထမဆုံး သမီးလေးကို အဲ့ဒီနှစ် အောက်တိုဘာလမှာ မွေးဖွားခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

ဒရာမာအသစ်မှာ ရှေ့နေအဖြစ် သရုပ်ဆောင်မယ့် မင်းသား ရိန်း

သမီးလေးကို ပရိသတ်ရှေ့ ထုတ်မပြတဲ့အကြောင်း ပြောလာတဲ့ အဆိုတော် ရိန်း

အကြွေး ပြန်မဆပ်နိုင်တဲ့ မိဘတွေကြောင့် အဆိုတော် ရိန်းတယောက် အွန်လိုင်းမှာ ဂယက်ရိုက်

Loading