Entertainment

Makeup Artist ၄ ယောက်နဲ့ နောက်ထပ် ရုပ်ရှင် ထပ်ရိုက်ဦးမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ

Want create site? Find Free WordPress Themes and plugins.

“ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ကို ပရိသတ်တွေ အားပေးလို့ ဝမ်းသာနေတဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟက Makeup Artist ၄ ဦးနဲ့ နောက်ထပ် တကား ထပ်ရိုက်ဖို့ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျားကျားကြိုက်ကြိုက် ဇာတ်ကားကို ပရိသတ်တွေ အားပေးကြလို့ အတိုင်းမသိ ဝမ်းသာရတယ်။ အရင်တုန်းက ကျနော် ရိုက်ခဲ့တဲ့ ကားတွေမှာ မိန်းမလျာ ဇာတ်ရုပ် ပါတယ်။ ဟာသအနေနဲ့ ရိုက်တာပါ။ ဘာစိတ်မှ မရှိပါဘူး။ ဒါပေမဲ့ သူတို့ လူတန်းစားတရပ်ကို ရုပ်ရှင်ထည့်ရိုက်တဲ့အခါ အပြောင်အပျက်တွေလည်း ရှိခဲ့ပါတယ်။ အဲ့အတွက် လျော်ကြေးအနေနဲ့ ကားတကား ပေးဆပ်သင့်တယ်ဆိုပြီး စီစဉ်ဖြစ်တဲ့အခါမှာ ဝန်းရံကြတယ်၊ လက်ခံကြတယ် ဆိုတော့ အတိုင်းမသိ ပျော်ပါတယ်”

“ဇာတ်ကားရိုက်တုန်းက ကျနော်တို့က ၈၀ ရာခိုင်နှုန်းလောက် မျှော်လင့်တာပေါ့။ ၂၀ ရာခိုင်နှုန်းကတော့ ပရိသတ် အကြိုက်ပေါ့။ ကျနော်တော့ ကားတိုင်းကို အကောင်းဆုံး ရိုက်ခဲ့ပါတယ်။ ဒီကားမှာ အဓိကအားသာချက်ကတော့ တိုင်းချစ်၊ ပြည်ချစ် ၄ ယောက်ကို ထည့်ခဲ့လို့ ပရိသတ်တွေ ကြိုက်ကြတယ် ထင်တယ်။ ကားကလည်း ၄ ပတ်မြောက်ထိ အောင်မြင်ခဲ့တယ်။ ဟာသကို အမာခံအားပေးတဲ့ ပရိသတ်တွေရှိသေးတယ်။ ကျနော်လည်း ကြိုးစားရကျိုး နပ်ပါတယ်။ ကျနော်သူတို့ ၄ ယောက်နဲ့ နောက်တကားရိုက်ဖို့ စီစဉ်နေတယ်” လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောပါတယ်။

Makeup Artist တွေကို ငွေစိုက်ထုတ်ပြီး ရိုက်ကူးတယ်လို့ ဝေဖန်နေကြတဲ့အပေါ် ဒါရိုက်တာ ပြည်ဟိန်းသီဟက အခုလို ပြောပါတယ်။

“မိတ်ကပ်ပညာရှင်တွေကို ငွေစိုက်ထုတ်ပြီးရိုက်ကူးတယ်လို့ ဝေဖန်နေကြတာ ပြောနေကြသလိုမျိုး မဟုတ်ပါ ဘူးခင်ဗျာ။ ကျနော် အာမခံပါတယ်။ ဒီဇာတ်ကားကို စရိုက်ဖို့ ဇာတ်လမ်းဆင်ထားတာက အပျိုကြီး ၃ ယောက်ပါ။ မကြီးစိုးတို့၊ မခိုင်ကြီးတို့၊ မခိုင်လေးတို့နဲ့ ရိုက်ကြမယ်လို့ တိုင်ပင်ထားခဲ့တာပါ။ ကျနော်တို့ Meeting လုပ်ချိန်မှာ ဇာတ်လမ်းလေး ဆန်းသွားအောင် ဘယ်လိုလုပ်မလဲ ဆိုပြီး တိုင်ပင်တော့ မသု(ညီညီမောင်)က Funny Video လေးတွေ ရိုက်တယ်”

“အဲ့ဒါနဲ့ အပျိုကြီး ၃ ယောက်နေရမှာ မကြီးစန်းတို့၊ လင်းလင်းတို့၊ သုသုတို့၊ မထက်တို့နဲ့ ရိုက်ကြမယ်ဆိုပြီး သူတို့ကို ကမ်းလှမ်းတော့ မရိုက်ဘူးဆိုပြီး ငြင်းတယ်။ ကျနော်တို့က ရိုက်ပါလို့ ရအောင်ပြောပြီး ကျနော်တို့က အနုပညာကြေးပါ ပေးခဲ့တာပါ။ သူတို့ အနေအထားနဲ့ ထုတ်ရိုက်ရမယ့် အနေအထားလည်း မဟုတ်ဘူး။ ပေါ်ပြူလာဖြစ်စရာလည်း မလိုဘူး။ သူတို့က မိတ်ကပ်ပညာနဲ့ ရပ်တည်တာ ဝါသနာကြောင့် ရိုက်ကြတဲ့ သဘောပါ”လို့ ပြည်ဟိန်းသီဟက ပြောပါတယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟကတော့ ဟာသကားတွေကို အများဆုံး ရိုက်ကူးနေတဲ့ ဒါရိုက်တာတယောက် ဖြစ်ပါတယ်။ မကြာခင်မှာလည်း ဒါရိုက်တာ ပြည်ဟိန်းသီဟက “PLAYERS” ရုပ်ရှင်ကား ရိုက်ကူးဖို့ ရှိပြီး အဲဒီကားမှာတော့ သရုပ်ဆောင် မြင့်မြတ်၊ ထွန်းထွန်း၊ တိုင်ရွန်၊ အေးချမ်းမောင်၊ စိုးမြတ်သူဇာ၊ အိချောပို၊ မေမီကိုကိုနဲ့ ဆောင်းဝတ်ရည်မေတို့ အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

You may also like these stories:

“မင်းသမီး မဖြစ်ချင်ဘူး၊ သရုပ်ဆောင်ပဲ ဖြစ်ချင်တာပါ”လို့ ညီညီမောင် (စမ်းချောင်း) ပြော 

“လူကို လူလို့ မြင်ပြီး ခွဲခြားမှုတွေ လျော့လာတဲ့အတွက် ကျေးဇူးတင်တယ်”လို့ မထက် ပြော

“ကျားကျားကြိုက်ကြိုက်မှာ မိန်းမလျာတွေ ချစ်ဖို့ကောင်းတယ်ဆိုတာ မြင်ရမှာပါ”လို့ လင်းလင်း ပြော

မိန်းမလျာတွေကို ဝေဖန် ရှုတ်ချတာ မကြိုက်ဘူးလို့ ပြောတဲ့ မိတ်ကပ် ခင်စန်းဝင်း  မိန်းမလျာတွေကို လျော်ကြေးပေးမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ

Did you find apk for android? You can find new Free Android Games and apps.
Loading