၂၀ ကြိမ်မြောက် ကျင်းပတဲ့ နိုင်ငံတကာ အိန္ဒိယရုပ်ရှင်အကယ်ဒမီ (IIFA) ဆုပေးပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဘောလိဝုဒ် အနုပညာရှင် တော်တော်များများ တက်ရောက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ မင်းသား Ranveer Singh ကတော့ “Padmaavat” ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသားဆုကို ရရှိခဲ့ပြီး မင်းသမီး Alia Bhatt ကတော့ “Raazi” ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသမီးဆုကို ရရှိခဲ့ပါတယ်။
ဆုကို လက်ခံရယူတဲ့အချိန်မှာ မင်းသား Ranveer Singh က “ကျနော်ရဲ့ လှပတဲ့ ဇနီး၊ နေ့တိုင်းနေ့တိုင်း အားကျနေရတဲ့ ဇနီးကရှေ့တန်းမှာ ထိုင်နေတယ်။ ကျနော့်ကို ကြည့်ပြီး ဂုဏ်ယူနေတယ်။ ကျန်တာ ဘာမှ မလိုအပ်တော့ပါဘူး”လို့ ပြောခဲ့ပါတယ်။
မင်းသမီး Alia ကတော့ “ရှင်တို့အားလုံး ဒီမှာ အချိန်တော်တော်တော် ကြာကြာထိုင်ပြီး ကျမတု့ိကို ကြည့်နေတာဟာ ရှင်တို့ ရုပ်ရှင်ကို ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါကြောင့် ကျမတို့ အခုလုပ်နေတာကို ဆက်ပြီး လုပ်သွားရပါမယ်။ Raazi ရုပ်ရှင် အတွက် IIFA ဆုကို ရရှိတာဟာ အရမ်း အိပ်မက်ဆန်ပြီး သရုပ်ဆောင် တယောက်ဖြစ်လာဖို့ အားကျခဲ့ရတဲ့ အရည်အချင်း ရှိတဲ့ သရုပ်ဆောင်တွေနဲ့အတူ ဆုဆန်ခါတင်စာရင်းမှာ ပါဝင်ရတာဟာ တကယ့်ကိုပဲ ဂုဏ်ယူစရာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
“Sanju” ရုပ်ရှင်ထဲက မင်းသား Vicky Kaushal က အကောင်းဆုံး ဇာတ်ပို့ မင်းသားဆုကို ရရှိသွားပါတယ်။ တခြားဆုတွေ ရရှိတဲ့အထဲ အထူးဆုတွေကို “Chennai Express” ရုပ်ရှင်ထဲက မင်းသမီး Deepika Padukone ၊ “Barfi” ရုပ်ရှင်ထဲက မင်းသား Ranbir Kapoor ၊ “3 Idiots” ရုပ်ရှင်ဒါရိုက်တာ Rajkumar Hirani ၊ “Ae Dil Hai Mushkil” ရုပ်ရှင်ရဲ့ ဂီတပညာရှင် Pritam တို့က ရရှိခဲ့ပါတယ်။
Kaho Na Pyaar Hai ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း အကောင်းဆုံးရုပ်ရှင် အထူးဆုကို ရရှိခဲ့ပါတယ်။ ဆုရရှိသူများ စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အကောင်းဆုံး ရုပ်ရှင်: Raazi
အကောင်းဆုံး ဒါရိုက်တာ : Sriram Raghavan (Andhadhun)
အကောင်းဆုံး မင်းသမီး: Alia Bhatt (Raazi)
အကောင်းဆုံး မင်းသား: Ranveer Singh (Padmaavat)
အကောင်းဆုံး ဇာတ်ပို့ မင်းသမီး : Aditi Rao Hydari (Padmaavat)
အကောင်းဆုံး ဇာတ်ပို့ မင်းသား: Vicky Kaushal for (Sanju)
အကောင်းဆုံးအမျိုးသားပွဲဦးထွက်ဆု : Ishaan Khatter (Dhadak)
အကောင်းဆုံးအမျိုးသမီး ပွဲဦးထွက်ဆု : Sara Ali Khan (Kedarnath)
Ref: hindustantimes