Entertainment

"Venom 3" ရုပ်ရှင်မှာ ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Spider-Man

Want create site? Find Free WordPress Themes and plugins.

Spider-Man သရုပ်ဆောင် Tom Holland နဲ့ Venom သရုပ်ဆောင် Tom Hardy တို့ကို ပိတ်ကားပေါ်မှာ အတူတကွ တွေ့ဆုံနိုင်ဖို့ အခွင့်အရေးဟာ နီးကပ်လာနေပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဖြစ်ပွားခဲ့တဲ့ Sony နဲ့ Marvel တို့ရဲ့ ပဋိပက္ခရဲ့ ရိုက်ခတ်မှုနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေကတော့ Venom 2 မှာလည်း စူပါဗီလိန်တယောက် ထပ်မံပေါ်ထွက်လာဦးမှာ ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

Marvel အနေနဲ့ She-Hulk ရုပ်ရှင်ကို ထုတ်လုပ်ဖို့ ရိုက်ကူးပြင်ဆင်နေပြီ ဖြစ်သလို ကြီးမားတဲ့ Battle တခုကိုလည်း Venom 3 မတိုင်ခင်အထိ ထိမ်ချန်ထားဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အခုထွက်ပေါ်နေတဲ့ သတင်းတွေအရဆို ဖြစ်နိုင်ခြေများပြီး Marvel အနေနဲ့ နောက်လာမယ့် ရုပ်ရှင်တွေအတွက် ဇာတ်ကောင်အသစ်ကို မိတ်ဆက်ဖို့ ကြိုးပမ်းနေချိန်လည်း ဖြစ်ပါတယ်။

Spider-Man ပါဝင်မလာခင် Woody Harrelson သရုပ်ဆောင်မယ့် Carnage ကို Venom ရုပ်ရှင် Credit Scene မှာ မိတ်ဆက်ခဲ့ပြီးဖြစ်သလို Venom 2 ရုပ်ရှင်ဟာဆိုရင်တော့ ၂၀၂၀မှာ ထွက်ရှိလာဖို့ရှိတယ်လို့လည်း သိရှိရပါတယ်။

အခုအချိန်မှာတော့ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ Marvel အနေနဲ့ လတ်တလော လုပ်စရာရှိတာတွေကို အားစိုက်ကြိုးပမ်းနေပြီး ပရိသတ်တွေ ပြန်လည် တွေ့မြင်ချင်တဲ့အတိုင်း နာမည်ကျော်ဇာတ်ကောင် Spider-Man ကို ရိုက်ကူးတင်ဆက်နိုင်ဖို့ မျှော်လင့်ချင်စရာပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလရဲ့ ဝင်ငွေအများဆုံး မှတ်တမ်းကို Venom ရုပ်ရှင်ဟာ စံချိန်တင်ခဲ့ဖူးသလို ပရိသတ်တွေကြားမှာလည်း ရေပန်းစားခဲ့တဲ့ ရုပ်ရှင်တကားအဖြစ် အမှတ်ရနေစေခဲ့ပါတယ်။

အကယ်၍ Spider-Man နဲ့ Venom တို့သာ ပိတ်ကားပေါ်မှာ အတူတကွ တွေ့မြင်ရမယ်ဆိုရင်တော့ စိတ်လှုပ်ရှားစရာ သတင်းတခုပဲ ဖြစ်ပါတယ်။ Venom 2 ကတော့ အောက်တိုဘာလ ၂ ရက်နေ့ ၂၀၂၀ မှာ ထွက်ရှိလာမှာဖြစ်ပြီး Venom 3 ကတော့ ဘယ်တော့ ထွက်ရှိလာမယ်ဆိုတာ မသိရသေးပါဘူး။

Ref. wegotthiscovered.com

You may also like these stories:

နောက်တကား ရိုက်ဖို့ သေချာနေတဲ့ “Spider-Man: Into The Spider-Verse”

“Venom” နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Tom Hardy

နောက်ထွက်လာမယ့် ပင့်ကူလူသားရုပ်ရှင်မှာ သရုပ်ဆောင်ဦးမယ်လို့ Tom Holland ကတိပြု

Did you find apk for android? You can find new Free Android Games and apps.
Loading