Entertainment

ပရိသတ်တွေ ကြိုက်မယ့် ဇာတ်ကားမျိုးကို ရွေးချယ် ရိုက်ဖြစ်တဲ့ အိချောပို

Want create site? Find Free WordPress Themes and plugins.

ဇာတ်ကားတွေ ဆက်တိုက် ရိုက်လာရတဲ့ သရုပ်ဆောင် အိချောပိုက ဇာတ်လမ်း ကောင်းပြီး ပရိသတ်တွေ ကြိုက်နိုင်မယ်ထင်တဲ့ ဇာတ်လမ်းတွေ ရွေးရိုက်တယ်လို့ ဆိုပါတယ်။

“အခုနောက်ပိုင်း ဇာတ်လမ်းလည်း ကောင်းတယ်၊ ပရိသတ်တွေ ကြိုက်နိုင်မယ်ထင်တဲ့ ဇာတ်လေးတွေ ရွေးရိုက်တယ်။ အခု လာကမ်းလှမ်းတဲ့ ဇာတ်တွေကတော့ ကာရိုက်တာ ထပ်တယ် ဆိုတာမျိုးတွေတော့ မရှိသေးပါဘူး။ ရှိလာခဲ့တဲ့ ဟာတွေကိုလည်း စူ ငြင်းခဲ့တာ တွေရှိပါတယ်။ တကယ်တော့ ကာရိုက်တာအစုံကို လုပ်ကြည့်ချင်တယ်။ မလုပ်ရသေးတဲ့ ကာရိုက်တာတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်”လို့ အိချောပိုက ပြောပါတယ်။

မကြာခင် အိချောပိုက ဒါရိုက်တာ ပြည်သိန်းသီဟနဲ့အတူ “PLAYERS” ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှာဖြစ်ပြီး ဒီဇာတ်ကားနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“PLAYERS ဇာတ်ကားမှာ စူက မေသူကျော်ဆိုတဲ့ ကောင်မလေးနေရာက ရိုးရိုးအေးအေးနေတတ်တဲ့ ကောင်မလေးပေါ့။ ကိုမြင့်မြတ်နဲ့ တွဲရမှာပေါ့။ အေးတယ်ဆိုပေမယ့် အလှည့်အပြောင်းလေးတွေနဲ့ လူလည်ကျတဲ့ပုံစံမျိုးလေးပေါ့။ အပြင်က ကာရိုက်တာနဲ့တော့ ကွာတယ်”

“ကာရိုက်တာအတွက် အထွေအထူး ပြင်ဆင်ရတာမျိုး မဟုတ်ဘဲ သာမန် မိန်းကလေး တယောက်ပုံစံမျိုးပါပဲ။ ပရိသတ်ကို လှည့်ကွက် လုပ်ထားပြီး ဇာတ်လမ်းကို ကြိုက်လို့ လက်ခံဖြစ်တာပါ။ အခုတော့ မှောင်တိုက် ရိုက်နေသေးတယ်။ အဲ့ကားပြီးတာနဲ့ PLAYERS စရိုက်မှာပါ”လို့ အိချောပိုက ပြောပါတယ်။

အိချောပိုကတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ရှိသလို ဇာတ်ကား ရိုက်တွေလည်း မပြတ်သေးတာကြောင့် Fan Meeting မလုပ်ဖြစ်သေးဘူးလို့ ဆိုပါတယ်။

“ဒီနှစ်ထဲမှာတော့ ပရိသတ်တွေနဲ့ Fan Meeting သဘောမျိုး လုပ်ဖို့ ရှိတယ်။ ဇာတ်ကားရိုက်တွေကလည်း မပြတ်သေးတော့ မလုပ်ဖြစ်သေးတာပါ။ အခုနောက်ပိုင်းမှာလည်း Actor တွေက လောဘကြီးတာလားတော့ မပြောတတ်ဘူး။ ကိုယ့်အတွက် လုပ်ကွက် မရဘူးဆိုရင် သိပ်မရိုက်ချင်ကြဘူး”

“ဒါပေမယ့်လည်း အနုပညာကို ချစ်တဲ့စိတ်နဲ့ တချို့ ဇာတ်ကားတွေမှာ လက်ခံလိုက်တာတွေ ရှိတယ်။ များသောအားဖြင့် ရွေးချယ်တာကတော့ စူ့အတွက် လုပ်ကွက်ရတယ်၊ အိုက်တင်ပိုင်းတွေမှာလည်း ပရိသတ် စိတ်ထဲမှာ ကျန်မယ့် ကာရိုက်တာမျိုးတွေ ရိုက်ဖြစ်ပါတယ်” လို့ အိချောပိုက ဆိုပါတယ်။

အနုပညာပျိုးခင်းရဲ့ စင်တင် မင်းသမီး တယောက်အနေနဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့တဲ့ အိချောပိုကတော့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေပြီး မကြာခင်မှာ “PLAYERS” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်တော့မှာပါ။

“PLAYERS” ရုပ်ရှင်ကိုတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ မြင့်မြတ်၊ ထွန်းထွန်း၊ တိုင်ရွန်၊ အေးချမ်းမောင်၊ စိုးမြတ်သူဇာ၊ အိချောပို၊ မေမီကိုကိုနဲ့ ဆောင်းဝတ်ရည်မေ တို့ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

You may also like these stories:

ခန္ဓာကိုယ်လှဖို့ ပုံမှန် လမ်းလျှောက်ပေးတဲ့ သရုပ်ဆောင် အိချောပို

ခေတ်ရေစီးကြောင်းအရ ဝတ်ရပေမယ့် အရမ်းဟော့တာ မဝတ်ဘူးလို့ ပြောတဲ့ အိချောပို

“လက်ရှိ အချစ်ရေးက ဖြေရှင်းထားတဲ့ အတိုင်းပါပဲ”လို့ ပြောတဲ့ အိချောပို

စကားနည်းတာကြောင့် မာနကြီးတယ်လို့ ထင်ခံရကြောင်း ပြောတဲ့ အိချောပို

Did you find apk for android? You can find new Free Android Games and apps.
Loading