Entertainment

“မြ” ရုပ်ရှင်မှာ ဖြိုးမြတ်အောင်နဲ့ အတူတွဲ သရုပ်ဆောင်ရမယ့်အပေါ် သင်ဇာဝင့်ကျော် ဘာပြောလဲ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင် သရုပ်ဆောင်သွားမယ့် “မြ”ရုပ်ရှင်ဇာတ်ကားမှာ အဆိုတော် ဖြိုးမြတ်အောင်လည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီလို အတူတူ သရုပ်ဆောင်ရမယ့်အပေါ် သင်ဇာဝင့်ကျော်က ကြိုဆိုတယ်လို့ ဆိုပါတယ်။

“သင်ဇာ မြ ဇာတ်လမ်းကို သရုပ်ဆောင်ကောင်း တယောက်ဖြစ်ချင်တဲ့အတွက် အစွမ်းကြိုးစားဖို့တော့ ပြင်ဆင်ထားပါတယ်။ ပေးတဲ့ Message နဲ့ ဇာတ်လမ်းကို ကြိုက်လို့ လက်ခံဖြစ်သွားတာပါ။ ကိုညို့ကိုလည်း ယုံကြည်တယ်။ သူက ဇာတ်လမ်းအတွက် သင်ဇာကိုပဲ မြင်နေလို့ ကမ်းလှမ်းချိန်ကိုကလည်း ဘာလို့ လက်မခံနိုင်ရမှာလဲ။ သရုပ်ဆောင်တယောက် ဖြစ်တာကြောင့် အကောင်းဆုံးသရုပ်ဆောင်ဖို့ ပြင်ထားပြီးသား”

“သင်ဇာ့ကို ရွေးချယ်ပေးတဲ့ ကိုညိုလည်း ကျေးဇူးတင်ပါတယ်။ မင်းသားနေရာအတွက် ဖြိုးမြတ်အောင်မှန်းမသိဘူး။ ကြေညာလိုက်ချိန်မှာ ဖြိုးမြတ်အောင်ဆိုတော့လည်း ကြိုဆိုပါတယ်။ ကြိုးစားပါလို့။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ရလာတဲ့ အခွင့်အရေးပေါ်မှာ အကောင်းဆုံး ကြိုးစားကြမယ်လို့ ထင်ပါတယ်။ Welcome လုပ်ပါတယ်။ ပြီးတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် သူနဲ့ ဆုံတဲ့အခန်းတော့ မရှိဘူး”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

ဆက်လက်ပြီး သင်ဇာဝင့်ကျော်က မင်းသား ဘယ်သူပဲဖြစ်ဖြစ် ကာရိုက်တာအတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“အစက ကိုညိုပြောတုန်းကတော့ တယောက်ပေါ့နော်။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီး ပြောင်းသွားလဲတော့ မသိဘူး။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ်ပါ။ ကာရိုက်တာအတွက် အကောင်းဆုံး ကြိုးစားကြမယ်၊ အကောင်းဆုံးလုပ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

“မြ”ရုပ်ရှင်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်အပေါ်လည်း သင်ဇာဝင့်ကျော်က ယုံကြည်မှုရှိသလို ညိုမင်းလွင်က အရမ်းတော်တဲ့ သူတယောက်လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

“ကိုညိုကလည်း အရမ်းတော်တယ်။ သူကလည်း သရုပ်ဆောင်ကနေ ဒါရိုက်တာလုပ်တာဆိုတော့ သူက အိုက်တင်ပိုင်းတွေ သင်တာ အရမ်းတော်တယ်။ မြမြကားက လူအများကြိုက်မယ့် ကားတကားဖြစ်လိမ့်မယ်လို့ သင်ဇာထင်ပါတယ်။ အဲဒီ ဇာတ်ကွက်တွေ စင်ပေါ်မှာ ပြတုန်းက အဲ့ဒီပြကွက်ကြီးကို ကြည့်ပြီးတော့ ရယ်ပြီး ကြည့်နေတာ မဟုတ်ပါဘူး”

“ကိုယ့်ဘာသာကိုယ် မကြည့်ချင်လည်း ဒီလိုပဲ ဖုန်းသုံးပြီးတော့ ကြည့်နေတာပေါ့နော်။ သူတို့ဘာသာ သူတို့ ဘယ်လိုမျိုး Edit လုပ်ပြီး တင်လိုက်လဲတော့ မသိဘူး။ ပြောရမယ်ဆိုရင်တော့ ဒီလိုမျိုး သရုပ်ဆောင် ရွေးပွဲလုပ်တာ ကောင်းပါတယ်။ အသစ်တွေလည်း ကြိုးစားချင်စိတ်ဖြစ်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကောင်းလို့ လုပ်တယ်လို့ပဲ မြင်ပါတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်မယ့် “မြ” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ညိုမင်းလွင်က ဖန်တီး ရိုက်ကူးသွားမှာ ဖြစ်ပြီး အဆိုတော် ဖြိုးမြတ်အောင်၊ ဒီးဒီ၊ ဝင်းသပြေထွန်းနဲ့ အနုပညာရှင်များစွာ ပါဝင်မယ်လို့ သိရပါတယ်။

You may also like these stories:

ထင်မထားတဲ့ ဇာတ်မျိုး ဖြစ်တာကြောင့် “မြမြ” ကာရိုက်တာကို လက်ခံခဲ့တဲ့ သင်ဇာဝင့်ကျော်

မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့ “မြမြ”အကြောင်း ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံခြင်း

အဝတ်ဗလာနဲ့ ကြော်ငြာကြောင့် အမေ စိတ်ဆိုးနေတယ်လို့ သင်ဇာဝင့်ကျော် ပြော 

“တယောက်တည်းကိုပဲ ဆင်ဆာဖြတ်တယ်ဆိုရင် ဝမ်းနည်းမိမှာ”လို့ သင်ဇာဝင့်ကျော် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading