ရုပ်ရှင်တွေဟာ လွန်ခဲ့တဲ့အချိန်တွေတည်းက လူတွေအတွက် စိတ်အပန်းဖြေစရာ ဖျော်ဖြေရေးအခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြပါတယ်။ အခုချိန်ထိလည်း ရုပ်ရှင်ပေါင်းများစွာဟာ ရုပ်ရှင်ချစ်ပရိသတ်တွေဆီ ရောက်ရှိလာနေကြဆဲဖြစ်ပြီး အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေကတော့ ပြန်လည် ရိုက်ကူးကြတဲ့ ရုပ်ရှင်တွေထဲမှာမှ မူရင်းရုပ်ရှင်ထက် ပိုမိုအောင်မြင်ကြတဲ့ ရုပ်ရှင်တွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) Mad Max: Fury Road
မင်းသား Tom Hardy နဲ့ မင်းသမီး Charlize Theron တို့ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြတဲ့ “Mad Max: Fury Road” (၂၀၁၅) ရုပ်ရှင်ဟာဆိုရင် မင်းသားကြီး Mel Gibson ပါဝင် သရုပ်ဆောင်ခဲ့ဖူးတဲ့ ၁၉၇၉ ခုနှစ်ထွက် Mad Max ရုပ်ရှင်ထက် အောင်မြင်မှု ပိုမိုရရှိခဲ့ပါတယ်။
(၂) A Star Is Born
လွန်ခဲ့တဲ့ တနှစ် အော်စကာဆုပေးပွဲ မတိုင်ခင်ကတည်းက လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ “A Star Is Born” ရုပ်ရှင်ဟာ Bradley Cooper , Lady Gaga စတဲ့ သရုပ်ဆောင်တွေအပြင် ရုပ်ရှင်သီချင်းတွေပါ ပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် ၁၉၇၆ခုနှစ်ထွက် “A Star Is Born” ရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်ထွက် “A Star Is Born” လောက် အောင်မြင်မှု မရရှိခဲ့ပါဘူး။
(၃) Batman Begins
၁၉ ရာစုမှာ ထွက်ရှိခဲ့တဲ့ Batman ရုပ်ရှင်တွေကို ပြန်လည် ဆန်းသစ် အသက်သွင်းဖို့ ဒါရိုက်တာ Christopher Nolan က ကြိုးစားခဲ့တာပါ။ ခန္ဓာကိုယ်အချိုးအစားကို လိုသလို ပုံသွင်းနိုင်တဲ့ Christian Bale နဲ့ အခြားသရုပ်ဆောင်တွေဟာ “Batman Begins” ရုပ်ရှင်ကို ရုပ်ရှင်ချစ် ပရိသတ်တွေကြား မေ့မရအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
(၄) Man Of Steel
၂၀၁၃ ခုနှစ် မတိုင်ခင်ကတည်းက Superman အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ ထွက်ရှိခဲ့တာ အများအပြားပါပဲ။ ဒါရိုက်တာ Zack Synder နဲ့အတူ မင်းသား Henry Cavill၊ မင်းသမီး Amy Adam တို့ရဲ့ ပေါင်းစပ်မှုကတော့ “Man Of Steel” ရုပ်ရှင်ကို စူပါဟီးရိုးရုပ်ရှင် ကြိုက်နှစ်သက်သူတွေအတွက် သရုပ်ဖော်နိုင်ခဲ့ပါတယ်။
Ref. bestlifeonline.com
You may also like these stories:
Batman မတိုင်ခင် မြို့တမြို့အကြောင်း (သို့မဟုတ်) Gotham TV Series (2014-2017)
ရုံဝင်ငွေစာရင်းမှာ “A Star Is Born” ရုပ်ရှင်ကို ကျော်တက်သွားတဲ့ “Venom”
Spice Girls အဖွဲ့ရဲ့ အန်နီမေးရှင်းရုပ်ရှင်ကို မကြာမီ မြင်တွေ့ရမည်