ဂရမ်မီဆုပေးပွဲမှာ ဝတ်ခဲ့ဖူးတဲ့ ဝတ်စုံနဲ့ ရှိုးလျှောက်ခဲ့တဲ့ ဂျန်နီဖာလိုပက်ဇ်
ပေါ့ပ်စတားနဲ့ မင်းသမီး ဂျန်နီဖာလိုပက်ဇ်ဟာ ပြီးခဲ့တဲ့ Versace မီလန်ဖက်ရှင်ရှိုးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါး လောက်တုန်းက ဂရမ်မီဆုပေးပွဲမှာ ဝတ်ဆင်ခဲ့ဖူးတဲ့ တောတွင်းပုံစံအသားပေး ဂါဝန်ကို ပြန်လည် ဖန်တီးပြီး ဝတ်ဆင်ခဲ့လာခဲ့တာကို တွေ့ရပါတယ်။
အသက် ၅၀ အရွယ် လိုပက်ဇ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရှိုးပွဲမှာ Gigi နဲ့ Bella Hadid ညီအစ်မ နှစ်ဦးအပါအဝင် မော်ဒယ်တွေနဲ့ ပူးပေါင်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
ရှေ့ဘက်မှာ လည်ဟိုက်ပုံစံနဲ့ စကပ်ခွဲကြောင်း ပါဝင်တဲ့ ပုံစံနဲ့ အခုလိုမျိုး အစိမ်းရောင်းဗားရှင်း အသစ်တမျိုးနဲ့ သူက မော်ဒယ်လျှောက်ပြခဲ့တာ ဖြစ်ပါတယ်။ သူဟာ အဲ့ဒီရှိုးပိတ်ပွဲမှာ နောက်ဆုံးမော်ဒယ်အနေနဲ့ လျှောက်ပြခဲ့တာ ဖြစ်ပြီး သူ့နောက်မှာတော့ Catwalk လမ်းမထက်မှာ ဒီဇိုင်နာ Donatella Versace က ပရိသတ်တွေကို လာရောက် နှုတ်ဆက်ခဲ့ပါတယ်။
Versace ကတော့ “Spring/Summer 2020 Collection အတွက် ဖက်ရှင်နဲ့ ယဉ်ကျေးမှု ပေါင်းစည်းလိုက်ခြင်းဟာ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုအတွက် အထောက်အကူ ဖြစ်လာတယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ ပြသလိုက်တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီတခေါက် ဝတ်ဆင်လာတဲ့ လိုပက်ဇ်ရဲ့ ဝတ်စုံမှာတော့ အကျီလက် ပါဝင်လာတာ မရှိဘဲ ထပ်ဆောင်း အလှဆင်မှုနဲ့ ဘေးဘက် ခွဲထားတဲ့ပုံစံကို အသားပေးထားတာ မြင်တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက YouTube မှာ တင်ခဲ့တဲ့ ပို့စ်မှာတော့ လိုပက်ဇ်က အဲ့ဒီမူရင်းဝတ်စုံကို ဝတ်ဆင်ခဲ့ရတာဟာ သူ့အတွက်တော့ အကြီးမားဆုံး ဖက်ရှင်ဆိုင်ရာ အခိုက်အတန့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Google Images ရဲ့ ဖန်တီးမှုတွေကို အတုယူပြီး အွန်လိုင်း အကူအညီနဲ့ လူတွေက အဲ့ဒီဂါဝန်တွေကို ရှာဖွေခဲ့ကြတယ် ဆုတဲ့ အကြောင်းကို နှစ်အနည်းငယ်အကြာမှ သိရှိလာခဲ့ရတယ်လို့ သူက ဆိုပါတယ်။
အခု မီလန်ရှိုးပွဲနဲ့ ပတ်သက်လို့တော့ သူက “ဒီရှိုးဟာ သစ်လွင်ပြီး အလိုအလျောက်ဖြစ်လာတဲ့ လှပတင့်တယ်မှု ပုံစံကို ဂုဏ်ယူတင်ပြတာပါ။ ကျမကတော့ သဘာဝရဲ့တည်ငြိမ်တဲ့ ကဗျာဆန်မှုနဲ့ ပန်းကမ္ဘာရဲ့ လှပတင့်တယ်မှုတွေကို ဖော်ကျူးခဲ့တာပါ” လို့ပြောဆိုခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
လက်ရှိချစ်သူ Alex Rodriguez နဲ့ တွဲရတာ ပိုအဆင်ပြေတယ်လို့ ဂျန်နီဖာလိုပက်ဇ် ပြော
ကြွက်သားတွေနဲ့ မက်မောဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းကို လှစ်ဟပြလိုက်တဲ့ Jennifer Lopez
ချစ်သူ Alex Rodriguez နဲ့ စေ့စပ်လိုက်တဲ့ Jennifer Lopez
Jennifer Lopez နဲ့အတူ ဖြစ်ရပ်မှန်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Constance Wu