နာမည်ကျော် ဘောလိဝုဒ်မင်းသမီး Anushka Sharma ဟာ Fortune India ရဲ့ ၂၀၁၉ ခုနှစ်အတွက် သြဇာတိက္ကမ အကြီးမားဆုံး အမျိုးသမီး ၅၀ စာရင်းမှာ နာမည်ဖော်ပြခံခဲ့ရတယ်လို့ သိရပါတယ်။
“Rab Ne Bana Di Jodi” ရုပ်ရှင်နဲ့ ၂၀၀၈ ခုနှစ်မှာ ဘောလိဝုဒ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ မင်းသမီးဟာ စာရင်းမှာ ပါဝင်လာတဲ့ အငယ်ဆုံး အမျိုးသမီးဖြစ်ပြီး အဆင့် ၃၉ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီစာရင်းမှာ ပါဝင်ခဲ့တဲ့ တဦးတည်းသော ဘောလိဝုဒ်မင်းသမီး ဖြစ်ပါတယ်။
Fortune India က “Sharma ဟာ သူ့ရဲ့အဝတ်အထည်ပစ္စည်း Nush သာမက Nivea, Elle 18, Myntra နဲ့ Lavie တို့လိုမျိုး Brand တွေရဲ့ မျက်နှာစာလည်း ဖြစ်တဲ့အပြင် ထုတ်လုပ်သူတဦးလည်း ဖြစ်ပါတယ်။ သူအသက် ၂၅ နှစ်အရွယ်နဲ့ ထူထောင်ခဲ့တဲ့ Clean Slate Films ဟာလည်း ကုန်ကျစရိတ်နည်းပါးတဲ့ ဟင်ဒီစကားပြောရုပ်ရှင်တွေဖြစ်တဲ့NH10, Phillauri နဲ့ Pari တို့ကိုလည်း ထုတ်လုပ်ခဲ့ပါတယ်” လို့ မင်းသမီး ရဲ့ အကြောင်းကို ရေးသားထားပါတယ်။
သူ့ရဲ့ကုမ္ပဏီကနေ ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင် ၃ ကားဟာ ရုံဝင်ငွေစာရင်းမှာ ရူပီး ကုဋေ ၄၀ စီ ရရှိခဲ့ပါတယ်။ ဘောလိဝုဒ်မှာ သာမက Clean Slate Films ရုပ်ရှင်ထုတ်လုပ်ရေးဟာ Netflix နဲ့ချိတ်ဆက်ပြီး Bulbul လိုမျိုး ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သလို Mai လိုမျိုး စီးရီးတွေကို လည်းထုတ်လုပ်ခဲ့ပါတယ်။
Mai စီးရီးကိုတော့ လက်ရှိမှာ ဖန်တီးနေဆဲဖြစ်ပြီး Amazon Prime Video ကနေ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မင်းသမီး Anushka ဟာ ဘောလိဝုဒ် ရုပ်ရှင်လောကမှာ မင်းသမီးတဦးအနေနဲ့ သာမက ရုပ်ရှင်ထုတ်လုပ်သူတဦးအနေနဲ့ပါ နာမည်ကျော်ကြားသူ ဖြစ်ပါတယ်။ Filmfare ဆုအပါအဝင် ဆုပေါင်းများစွာကို ရရှိထားပြီး အိန္ဒိယမှာ အနုပညာကြေးအမြင့်ဆုံးနဲ့ နာမည်အကျော်ကြားဆုံး မင်းသမီးလည်း ဖြစ်ပါတယ်။
“PK” မင်းသမီးလို့ လူသိများတဲ့ Anushka ဟာ “Sultan”၊ “Ae Dil Hai Mushkil”၊ “Pari” နဲ့ “Sanju” ရုပ်ရှင်တို့လို့ မြန်မာပရိသတ်တွေကြား နာမည်ကျော်ကြားတဲ့ ဘောလိဝုဒ် ရုပ်ရှင်တွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
အခုနောက်ဆုံး ပါဝင်ထားတဲ့ ရုပ်ရှင်ကတော့ မင်းသား ရှရွတ်ခန်းနဲ့အတူ ပါဝင်ထားတဲ့ “Zero” ရုပ်ရှင် ဖြစ်ပါတယ်။ မင်းသမီးဟာ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယနာမည်ကျော် ခရစ်ကတ် ကစားသမား Virat Kohli နဲ့ လက်ထပ်ခဲ့ပါတယ်။
Ref: hindustantimes
You may also like these stories:
ရှာရွတ်ခန်းနဲ့စကားပြောဖို့ ကြောက်လန့်ခဲ့ရတယ်ဆိုတဲ့ မင်းသမီး Anushka Sharma
ရုပ်ရှင်ချစ်သူတိုင်း ကြည့်ရှုသင့်တဲ့ ၂၀၁၈ခုနှစ်ရဲ့ အကောင်းဆုံး ဘောလိဝုဒ်ရုပ်ရှင်များ