Marvel ဟာ အခုအချိန်မှာ မေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အဲဒီမေးခွန်းပေါင်းများစွာထဲကမှ X-Men ကို MCU နဲ့ ဘယ်လို ဆက်စပ်မလဲဆိုတာအပြင် Wolverine ရုပ်ရှင်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကိုပါ ပရိသတ်တွေကြား ဆူညံပွက်လော ရိုက်နေခဲ့ပါတယ်။
Wolverine ဇာတ်ကောင်ဟာ X-Men မှာရော Marvel ဇာတ်ကောင်တွေထဲမှာပါ ထင်ရှားကျော်ကြားတဲ့ ဇာတ်ကောင်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ပရိသတ်တွေရဲ့ စိတ်ထဲမှာလည်း Wolverine ဆိုတာနဲ့ Hugh Jackman ကို ပြေးမြင်ကြတာဟာဆိုရင် မဆန်းတော့တဲ့ ကိစ္စတခုလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ Wolverine ရုပ်ရှင်ကို Hugh Jackman မဟုတ်တဲ့ မင်းသားတယောက်နဲ့ ပြန်လည် ရိုက်ကူးဖို့ဆိုတာကတော့ Marvel နဲ့ ပရိသတ်တွေအတွက်တော့ လွယ်ကူတဲ့ ပြောင်းလဲမှုမျိုးတော့ မဟုတ်ပါဘူး။
“Lords of the Long Box” ဆိုတဲ့ Youtube Channel တခုမှာ မျှဝေခဲ့တဲ့ ဗီဒီယိုဖိုင်တခု အရဆိုရင် Marvel အနေနဲ့ Wolverine ရုပ်ရှင်အတွက် အဓိကဇာတ်ကောင်အဖြစ် ရွေးချယ်ဖို့ Hugh Jackman ဟာ နံပါတ် (၁) နေရာမှာ ရှိနေသေးတယ် ဆိုတာပဲ ဖြစ်ပါတယ်။
Hugh Jackman ဟာ သူ့လက်ကျန် အချိန်တွေမှာ အေးဆေးစွာ အနားယူချင်ကြောင်း ထပ်ခါထပ်ခါ ပြောဆိုခဲ့ဖူးပေမယ့် Marvel Studio အနေနဲ့ကတော့ ပြန်လည် ပေါင်းစည်းပေးဖို့ ဖိတ်ခေါ်ခဲ့ပြီးသားလည်း ဖြစ်ပါတယ်။
ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေအရ Marvel အနေနဲ့ Wolverine Vs Hulk ရုပ်ရှင်ကို ရိုက်ကူးဖို့ ရှိနေပြီး ရိုက်ကူးရေးကို စတင် အတည်ပြုဖို့သာ လိုအပ်တော့တာ ဖြစ်ပါတယ်။ အခုလို Wolverine Vs Hulk ရုပ်ရှင်ကို တကယ် ရိုက်ကူးဖြစ်မယ်ဆိုရင် သူ့အတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာပဲလို့ အင်တာဗျူးတခုမှာ Hugh Jackman ကိုယ်တိုင် ပြောဆိုခဲ့ဖူးပါတယ်။
အကယ်၍ Hugh Jackman ရဲ့ Wolverine ရုပ်ရှင်အတွက် ဆုံးဖြတ်ချက်သာ သေချာခဲ့မယ်ဆိုရင်တော့ သူ့လက်ထဲက ထိုးထွက်လာမယ့် Adamantium လက်သည်းတွေနဲ့အတူ ကြီးမားတဲ့ Battle တခုကိုပါ ပရိသတ်တွေ ကြည့်ရှုကြရတော့မှာဖြစ်ပါတယ်။
Ref. wegotthiscovered.com
“Wolverine” အဖြစ် သရုပ်ဆောင်ချင်တယ်လို့ Jason Momoa ပြော
ပထမဆုံး “X-Men” ရုပ်ရှင်မှာ Wolverine အဖြစ်ကနေ ဖယ်ရှားခံရလုနီးပါး ဖြစ်ဖူးတဲ့ Hugh Jackman
Marvel စူပါဟီးရိုး ဇာတ်ရုပ်ကို အချိန်အကြာဆုံး သရုပ်ဆောင်သူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ Hugh Jackman
Wolverine အဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Keanu Reeves ထုတ်ပြော