Entertainment

ရုပ်ရှင်ရုံ ၁၀၀ ဆောက်မယ့် စီမံကိန်းက ငွေကြေး အခက်အခဲကြောင့် ကြာခဲ့တာပါလို့ လွင်မိုး ပြော

Want create site? Find Free WordPress Themes and plugins.

“Paradiso” ရုပ်ရှင်ရုံများ Group မှာ ပါဝင်တဲ့ သရုပ်ဆောင် လွင်မိုးက မြန်မာနိုင်ငံအနှံ့အပြား ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းအဖြစ် ၂၀၁၆ ခုနှစ်က စတင်ခဲ့ပေမယ့် လက်ရှိမှာ ရုံ ၂၀ ခန့်သာ ဆောက်လုပ်ပြီးစီးသေးကြောင်း ပြောပါတယ်။

“ကျနော်တို့က ရုပ်ရှင်ဆိုတာ ကျနော်တို့ အလုပ်၊ ကျနော်တို့ရဲ့ လုပ်ငန်းမှာရှိတဲ့လူတွေ၊ ပရိသတ်တွေ၊ ဆက်နွယ်နေတဲ့ အနုပညာရှင်တွေ၊ အောင်မြင်ဖို့အတွက် သူတို့ကို ဖျော်ဖြေဖို့ ကျနော်တို့ ရုံရှင်တွေကလည်း အမြဲကြိုးစားရမှာ ဖြစ်ပါတယ်။ ကိုရီးယားကား၊ အင်္ဂလိပ်ကား၊ ဂျပန်ကားတွေ နယ်က ရုပ်ရှင်ရုံတွေမှာ အားပေးဖို့ အရမ်းခက်ခဲတယ်”

“နယ်က ရုပ်ရှင်ရုံတွေ အကုန်လုံးရဲ့ ၉၉ ရာခိုင်နှုန်းက မြန်မာဇာတ်ကားတွေကိုပဲ အားပေးပါတယ်။ ရုံ ၁၀၀ စီမံကိန်းကို ၂၀၁၆ ခုနှစ်က စတင်ခဲ့တာ အခု ရုံ ၂၀ ဆောက်လုပ်ပြီးပါပြီ။ ရုံ ၁၀၀ ကို ၂ နှစ်အတွင်း ဆောက်လုပ်ဖို့ လုပ်ခဲ့ပေမယ့် ငွေကြေးအခက်အခဲကြောင့် အချိန်ကြာခဲ့တာပါ”လို့ လွင်မိုးက ပြောပါတယ်။

သရုပ်ဆောင် လွင်မိုးကတော့ လူမင်း ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲ့တဲ့ “ညစ်တွန်း” ဇာတ်ကားကိုလည်း ဝန်းရံ အားပေးခဲ့ပြီး ညစ်တွန်း ဇာတ်ကားဟာ အိန္ဒိယကနေ ဇာတ်ညွှန်းပြန်ဝယ်ပြီး ရိုက်ကူးတဲ့အပေါ် အခုလိုပဲ ပြောပါတယ်။

“ညစ်တွန်း ဇာတ်ကားက ကျနော်တို့ အနုပညာ ညီအစ်ကိုဖြစ်တဲ့ လူမင်း ရိုက်တဲ့ ကားပေါ့။ ညစ်တွန်း ဇာတ်ကားက ကားကောင်း တကားပါ။ အိန္ဒိယဇာတ်လမ်းကို ပြန်ဝယ်ပြီး ရိုက်ကူးတာပေါ့။ ပြောရရင်တော့ ကော်ပီပေါ့”

“အရင်တုန်းကလည်း ထူးအိမ်သင်က ကော်ပီတွေ ဆိုခဲ့တယ်။ တခွေလုံး ဆိုခဲ့တယ်။ သူက ဘာပြောလဲဆိုတော့ သူ့ အနုပညာကို ဖော်ပြချင်တာ ကော်ပီတွေ၊ မကော်ပီတွေ သူမသိဘူး။ သူမြန်မာလို ဆိုလိုက်လို့ ပရိသတ် ကြိုက်သွားတာကို လိုချင်တာပေါ့။ ကျနော်တို့က အနုပညာရသကို ခံစားရမှာ။ ကော်ပီတွေ၊ မကော်ပီတွေ ဆိုတာထက် သူ့အနုပညာ ရသကို ခံစားကြစေချင်တယ်”လို့ လွင်မိုးက ပြောပါတယ်။

အကယ်ဒမီ ၃ ဆု ရရှိထားသူ လွင်မိုးဟာ အနုပညာသက်တမ်း နှစ် ၃၀ ကျော်ခဲ့ပြီး အောင်မြင်တဲ့ အနုပညာရှင် တယောက်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီး ပွားရေးကို ဦးဆောင်လုပ်ကိုင်နေသူ တယောက် ဖြစ်ပါတယ်။

You May Also Like This Story:

မြေးလေး Liam က အဘိုးထက် အောင်မြင်နေလို့ မနာလိုဖြစ်နေရတယ်လို့ လွင်မိုး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading