Entertainment

“ရည်းစားထားရင် Public မှာ ပုံတင်မှာ မဟုတ်ဘူး”လို့ ပြောတဲ့ တိုင်ရွန်

Want create site? Find Free WordPress Themes and plugins.

မိန်းကလေး ပရိသတ်များစွာရှိတဲ့ သရုပ်ဆောင် မော်ဒယ်တဦးဖြစ်တဲ့ တိုင်ရွန်ကတော့ ရည်းစားထားတဲ့အခါများမှာ Public မှာပုံတင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“တွဲသွားတွဲလာကတော့ ပေါ်တင်ပဲ လုပ်ပါတယ်။ Public ကို မတင်ဘူးဆိုတာက ဘယ်အကြောင်းအရာမှ မမြဲဘူးလေ။ သမီးရည်းစား ပြတ်သွားရင် သူလည်းနစ်နာတယ်။ ကိုယ်လည်း နစ်နာတယ်။ ဒီခေတ်ကြီးက အများကြီး သမုတ်ကြတော့ မိန်းကလေးဘက်က ပိုနစ်နာတယ်။ အဲ့အတွက်ကြောင့် ရည်းစားထားဖြစ်ရင် ဘယ်တော့မှ ပုံတင်မှာ မဟုတ်ပါဘူး။ အပြင်မှာပဲ သွားမှာပါ။ ပုံတင်တာမျိုးတော့ ကျနော် မကြိုက်ဘူး” လို့ တိုင်ရွန်က ပြောပါတယ်။

ယခုနောက်ပိုင်းမှာတော့ အလုပ်များပြီး အာရုံမစိုက်နိုင်တာနဲ့ စိတ်ကြိုက်မတွေ့သေးတာကြောင့် မထားဖြစ်သေးဘူးလို့ သိရပါတယ်။

“အခုနောက်ပိုင်းတော့ မအားလို့ ရည်းစား မထားဖြစ်သေးဘူး။ သိပ်စိတ်ကြိုက်မတွေ့သေးလို့။ ရည်းစားကပြတ်သွားတာ ၂ ရက်ပဲ ရှိသေးတယ်။ လောလောဆယ် ရင်သိပ်မခုန်သေးတာရော အလုပ်မအားတော့ အာရုံမစိုက်ဖြစ်တာ ပါတယ်။ အဆင်ပြေရင် ပြေမှာပေါ့ ပြောလို့ မရဘူး”လို့ တိုင်ရွန်က ပြောပါတယ်။

တိုင်ရွန်ကတော့ အောင်မြင်မှုတခုရရှိပြီး ကိုယ်ပိုင်ဝင်ငွေများ ရရှိလာခဲ့တဲ့အခါမှာတော့ မိဘတွေရဲ့ဖြစ်ချင်တဲ့ဆန္ဒများကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေလျက်ရှိတယ်လို့ သိရပါတယ်။

“ကျေးဇူးဆပ်တယ်လို့ အမည် မတပ်ချင်ပါဘူး။ စိတ်ချမ်းသာအောင် ထားပါတာပေါ့။ ကျနော်လည်း ကျနော်လုပ်ချင်ရာ ကျနော် လုပ်တယ်။ သူတို့ကို သူတို့ဖြစ်စေချင်တာ အားလုံးကို လုပ်ပေးတယ်။ အိမ်ကို အရင်လို ဆန့်ကျင်တာမျိုးတွေ မရှိတော့ပါဘူး” လို့ တိုင်ရွန်ကပြောပါတယ်။

မိဘများကို ငွေကြေးထောက်ပံ့တယ်ဆိုတာထက် ဖြစ်စေချင်တဲ့အရာများကို အစ်မ နှစ်ယောက်ရဲ့ စီမံခန့်ခွဲမှုနဲ့အတူ ဖြည့်ဆည်းပေးတယ်လို့ သိရပါတယ်။

“ကျနော်က ငွေကြေးထောက်ပံ့တယ် ဆိုတာထက် ကျနော်ရသမျှ ပေးတယ်။ သူတို့ဖြစ်စေချင်တာ ခရီးထွက်ချင်တာလား ထွက်ပေါ့။ ကျနော် တယောက်တည်း မဟုတ်ပါဘူး။ ကျနော့် အစ်မ နှစ်ယောက်လည်း ပါပါသေးတယ်။ သူတို့ရဲ့စီမံခန့်ခွဲမှုလည်း ပါပါသေးတယ်”လို့ တိုင်ရွန်က ပြောပါတယ်။

ဆက်လက်ပြီး “အဓိကက အဖေနဲ့ အမေကို ပြုံးနေတာပဲ မြင်စေချင်တာ။ အသက်လည်း ကြီးလာပြီ။ အလုပ်လည်း မလုပ်နိုင်တော့တဲ့အချိန်ဆိုတော့ မိဘတွေက အသက်ကြီးလာရင် ငါတို့က အလုပ် မလုပ်နိုင်တော့ဘူးဆိုပြီး သူတို့ကိုယ်သူတို့ လူပိုတယောက်အဖြစ် မြင်တတ်ကြတယ်”

“အဖေဆိုရင်ပိုဆိုးတာပေါ့။ အိမ်ထောင်ဦးစီး တယောက် ပင်စင်တွေဘာတွေ ရသွားပြီဆိုတော့ အခုအချိန်မှာ အပယ်ခံ လူတယောက် မဖြစ်အောင် အဓိကထားပြီး စောင့်ရှောက်ပေးတယ်”လို့ တိုင်ရွန်က ပြောပါတယ်။

တိုင်ရွန်က မကြာခင်မှာလည်း “PLAYERS” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်မှာဖြစ်ပြီး ဒီကားထဲမှာတော့ သူဝါသနာပါတဲ့ ဆိုင်ကယ်စီးတဲ့ သူတယောက်အဖြစ် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

You may also like these stories:

ပရိသတ်တွေ မျက်စိနောက်အောင် မနေတော့ဘူးလို့ ပြောတဲ့ သရုပ်ဆောင် တိုင်ရွန်

“သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ကို တပတ်တည်းနဲ့ ရုံချလို့ စိတ်မကောင်းဘူးလို့ တိုင်ရွန် ပြော

“ယုန်လေးက ပရိသတ်နဲ့ တသားတည်းရှိတဲ့ ဒါရိုက်တာပါ”လို့ တိုင်ရွန် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading