Entertainment

မြန်မာနိုင်ငံက လှပတဲ့ နေရာတွေကို Promote လုပ်သွားမယ့် ခရီးသွားသံတမန် ပိုင်တံခွန်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံက ပရိသတ်တွေတင်မက ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိနေသူ တယောက်ဖြစ်တဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်က ထိုင်းနိုင်ငံ ပြည်ပခရီးသွား ဈေးကွက်မြှင့်တင်ရေးအတွက် ခရီးသွားသံတမန်အဖြစ် လက်ခံဖြစ်ကြောင်း မီဒီယာတွေကို ပြောပါတယ်။

“ကျနော် ခရီးသွား သံတမန်အဖြစ် ဆောင်ရွက်ဖြစ်တာက မြန်မာနိုင်ငံသားတယောက်အနေနဲ့ တတ်နိုင်သမျှ ကိုယ့်နိုင်ငံ ဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ပေးနိုင်တာလေးကို လုပ်ဖို့အတွက် သံတမန်အဖြစ် ကျေကျေနပ်နပ်နဲ့ လက်ခံဖြစ်ပါတယ်။ ဘယ်လို ကဏ္ဍကနေ ပါဝင်သွားမလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဘယ်လိုနေရာတွေက လှပလဲ။ ဥပမာ ပုဂံတို့လိုပေါ့။ အဲ့လိုနေရာတွေကို Promote လုပ်ရမှာပေါ့”

“အဲ့လိုနေရာတွေကို ရိုက်ကူးရေးတွေသွားပြီး သူများနိုင်ငံတွေက သိအောင်လုပ်ပြရမှာပေါ့။ အများကြီးလေ့လာထားတာ မရှိဘူး။ သိသင့် သိထိုက်သလောက်တော့ သိအောင် လုပ်ထားတယ်။ တခြားနိုင်ငံက မေးရင် သိအောင်တော့ အများကြီး လေ့လာနေပါတယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာလည်း ရေပန်းစားတဲ့ ပိုင်တံခွန်က သူ့ပုံကို အလွဲသုံးစားလုပ်ပြီး အကောင့်အတုကနေ ငွေတွေ လိမ်နေတဲ့အပေါ် ရဲစခန်း တိုင်ထားတယ်လို့ ဆိုပါတယ်။

“ကျနော့် နာမည်နဲ့ ဖူဆယ် ကလပ်တခု ထောင်ထားတယ်ဆိုတာလည်း ကျနော် မသိပါဘူး။ ပိုင်တံခွန် အကောင့်တုက ဖေ့ဘုတ်မှာ ငွေတွေ လိမ်နေတာကိုတော့ ကျနော်သိတယ်။ အဲ့တယောက်နဲ့လည်း အဆက်အသွယ် ရတယ်။ ပိုင်တံခွန်ရဲ့ မန်နေဂျာ ကိုစိုင်းဆိုပြီးတော့ ငွေတွေလိမ်နေတာ ကျနော် ကြားတယ်။ ကျနော် မန်နေဂျာ နာမည်ကလည်း ကိုစိုင်းပါပဲ။ အသံ Recording တွေလည်း အတိအကျယူထားတယ်”

“ဒီအသိုင်းအဝိုင်းထဲကလို့တော့ ကျနော် ထင်တာပဲ။ ရဲစခန်းတွေလည်း တိုင်ထားတယ်။ လူတိုင်းမှာ သူ့အခက်အခဲနဲ့ သူမို့ အများကြီး အထွေအထူးတော့ မဟုတ်ပေမယ့် ဒီလိုမျိုးကြီး မဖြစ်စေချင်ဘူး။ ငွေလိမ်တာက ဒီဘဝတင်မကဘူး။ နောက်ဘဝတွေမှာလည်း ပါသွားမှာမို့ မဖြစ်စေချင်တာပါ။ ကျနော့် နာမည်နဲ့ ပိုက်ဆံတွေ လိမ်တွေတာ ဘယ်လိုမှ မခံစားရဘူး”

“ကျနော်က ဒီလိုမျိုး ဖြစ်တာက အခုမှမဟုတ်ဘူး။ ဘာနာမည်မှ မရှိခင်ကတည်းက ဖြစ်တယ်။ နာမည်နည်း နည်းလေးရတော့လည်း ဖြစ်တယ်။ ကျနော်အတွက် မထူးခြားဘူး။ ကိုယ်မှန်းမသိတဲ့ ပရိသတ်တွေ ကတော့ နားလည်မှုတွေ လွဲကုန်တာပေါ့။ ပရိသတ်တွေ နားလည်မှု မလွဲစေချင်ဘူး”လို့ ပိုင်တံခွန်က ပြောပါတယ်။

သရုပ်ဆောင်၊ မော်ဒယ် ပိုင်တံခွန်ကတော့ လတ်တလောမှာ ဒါရိုက်တာ ချိုဝတ်ရည် ရိုက်ကူးနေတဲ့ “မှောင်တိုက်” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်နေပြီး နောက်ထပ်လည်း ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

You may also like these stories:

အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးပြီး အနုပညာ လုပ်မယ့် ပိုင်တံခွန်

ထိုင်းမှာက မြန်မာနိုင်ငံထက် အနုပညာကြေး ပိုရတယ်လို့ ပြောတဲ့ ပိုင်တံခွန်

“လူငယ်တွေ ငွေကို ချစ်ပါ၊ စုဆောင်းပါ”လို့ ပြောတဲ့ မော်ဒယ် ပိုင်တံခွန်

Did you find apk for android? You can find new Free Android Games and apps.
Loading