ဒါရိုက်တာ Quentin Tarantino ရဲ့ ‘Once Upon a Time in Hollywood’ ရုပ်ရှင်မှာ ကမ္ဘာကျော် မင်းသား Bruce Lee ရဲ့ဇာတ်ကောင်ပါဝင်လာခဲ့ပြီးတဲ့နောက် ကွယ်လွန်သူမင်းသားရဲ့ အကြောင်းကို ပရိသတ်တွေက တော်တော်များများ ပြောဆိုလာခဲ့ကြတာပါ။ အဲ့ဒီအထဲမှာ Bruce Lee ရဲ့ ပရိသတ်တယောက်ဖြစ်ခဲ့ပြီး အတူတွဲ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသား ဂျက်ကီချန်းလည်း ပါဝင်ခဲ့ပါတယ်။
ကမ္ဘာကျော်သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Bruce နဲ့ ချန်းတို့ဟာ “Enter the Dragon” ဆိုတဲ့ ရုပ်ရှင်မှာ ခေတ္တခဏ ဆုံတွေ့ခဲ့ကြဖူးပါတယ်။
အဲ့ဒီဇာတ်ဝင်ခန်းမှာ လူငယ်အရွယ်ဖြစ်တဲ့ မင်းသား ချန်းဟာ မင်းသား Bruce ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့သူအဖြစ် ခေတ္တသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်မှာ အတူတွဲ သရုပ်ဆောင်ခဲ့ဖူးခဲ့တဲ့ ဟာသဖြစ်ရပ်တခုအကြောင်းကို ပြန်လည်ပြောပြခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲက တိုက်ခိုက်မှုအတွင်းမှာ သူဟာ မင်းသား Bruce ရဲ့ အမှတ်တမဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။
မင်းသား ချန်းက “ကျနော်က ကင်မရာအနောက်မှာ ရှိနေခဲ့တယ်။ Bruce Lee ကို ကျနော်မြင်လိုက်တယ်။ အဲ့ဒီနောက် ကျနော်က ရုတ်တရက်ပြေးသွားခဲ့တဲ့အချိန်မှာပဲ ကျနော့်မျက်လုံးတွေ မှောင်မည်း သွားခဲ့တယ်။ သူက ကျနော့်ရဲ့ ခေါင်းကို တုတ်ချောင်းတခုနဲ့ ရိုက်ထည့်လိုက်တာ။ ကျနော် ခေါင်းမူးသွားခဲ့ပြီး Bruce Lee ကို ကြည့်လိုက်တယ်။ သူက ဒါရိုက်တာက ကဒ်လို့ပြောတဲ့အထိ ဆက်ပြီး သရုပ်ဆောင်နေခဲ့တာပါ” လို့ ဆိုပါတယ်။
မင်းသား Chen က ဆက်ပြီး “အဲ့ဒီနောက် သူ့ရဲ့ တုတ်ကို လွှင့်ပစ်လိုက်တယ်။ လှည့်လာပြီးတော့ ပြောလိုက်တယ်။ ဘုရားရေတဲ့။ ကျနော့်ဆီပြေးလာပြီး ကောက်ချီလိုက်တယ်။ ပြီးတော့ တောင်းပန်ပါတယ်။ ပြောတယ်။ ကျနော့် တကယ်တော့ မနာခဲ့ပါဘူး”
“ ကျနော်က လူငယ်လေး တယောက် ဖြစ်ပြီးတော့ တကယ့်ကိုပဲ ခိုင်မာသန်စွမ်းပါတယ်။ ဒါပေမယ့် Bruce Lee က ကျနော့်ကို အကြာကြီး ချီထားလို့ ရအောင် နာကျင်နေတဲ့ ပုံစံအတိုင်း ဟန်ဆောင်ခဲ့ပါတယ်။ တနေ့လုံး အဲ့ဒီအတိုင်း ဟန်ဆောင်နေခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဒါရိုက်တာကြီး QuentinTarantino ရဲ့ ရုပ်ရှင်အသစ်မှာ ပါဝင်ထားခဲ့တဲ့ မင်းသား Bruce ရဲ့ ဇာတ်ကောင်ဟာ တကယ့်ကိုပဲ မာနထောင်လွှားတဲ့ပုံစံ ဖြစ်နေတာကြောင့် မင်းသားရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက စိတ်ကျေနပ်မှု မရှိခဲ့ကြပေမယ့် သူ့နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Mike Moh အတွက် ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။ ဒါရိုက်တာ Tarantino ကတော့ သူ့ရဲ့စိတ်ကူးအတိုင်း ဇာတ်ကောင်ရဲ့ ပုံဖော်မှုကို ကာကွယ်ပြောကြားခဲ့ပါတယ်။
Ref: hollywoodreporter