L’Oreal Paris မှ Official Partner အဖြစ် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်မယ့် Paris Fashion Week 2019 ကိုတော့ Make Me Beautiful Season 2 ရဲ့ Winner ဘုန်းငြိမ်းချမ်းက Beauty Blogger နေခြည်ဦးနဲ့အတူ သွားရောက်မှာဖြစ်ပါတယ်။
“မနေခြည်နဲ့ သွားရမှာ အရမ်းကိုပျော်ပါတယ်။ ကိုယ်ကလည်းသူ့ရဲ့ Fan တယောက်ပါ။ သူကပြောရဲဆိုရဲ၊ အရမ်းအားကျရတဲ့ ပြောတတ်ဆိုတတ် လူတယောက်။ ကျနော်တို့ဆို သိပ်မပြောတတ်ဘူး။ အရမ်းသဘောကျတယ်”လို့ ဘုန်းငြိမ်းချမ်းက ပြောပါတယ်။
သွားရောက်ရမယ့် Fashion Week ကတော့ သူ့ရဲ့ပထမဆုံးခရီးစဉ် ဖြစ်ပြီး မိတ်ကပ်နဲ့ ပတ်သက်တဲ့ လေ့လာမှုများကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
“မိတ်ကပ်နဲ့ ပတ်သက်ပြီးတော့ လေ့လာရမှာ ၃ နေရာ ရှိတယ်။ Backstage မှာ မော်ဒယ်တွေ ဘယ်လိုပြင်ဆင်တယ်ဆိုတာကို လေ့လာရမယ်။ ပြီးတော့ ပွဲတက်လာတဲ့ Celebrity တွေကို သူတို့ မိတ်ကပ်ဆရာတွေက ဘယ်လိုဝတ်စုံတွေမှာ ဘယ်လို မိတ်ကပ်ကို ပြင်ဆင်ပေးထားလဲဆိုတာကို လေ့လာရမယ်”
“ပြီးတော့ အပြင်မှာမြင်ရတာနဲ့ တီဗီမှာမြင်ရတာ မတူဘူးလေ။ နောက်ပြီး ပဲရစ်မြို့မှာ လျှောက်သွားတဲ့အခါမှာ လူတွေ ဘယ်လိုပြင်ဆင်ပြီးသွားလာလဲဆိုတာကို လေ့လာရမယ်”လို့ ဘုန်းငြိမ်းချမ်းက ပြောပါတယ်။
Paris Fashion Week 2019 အတွက် သူ့ရဲ့ပြင်ဆင်မှုတွေကတော့ အခုလို ဆိုပါတယ်။
“ပြင်ဆင်ထားတာတွေတော့ ရှိပါတယ်။ ကျနော်က K-Pop စတိုင်မျိုးတွေ ကြိုက်တယ်။ အဲ့လိုမျိုးလေးပဲ ပေါ့ပေါ့ပါးပါးလေးလည်း ဖြစ်မယ်။ ဟိုမှာက လေ့လာရမှာတွေက အများကြီးပဲ။ ကိုယ်က Celebrity လည်း မဟုတ်ဘူး။ ကိုယ်က Makeup Artist ဆိုတော့ လေ့လာဖို့အတွက် သွားတာဆိုတော့ ပေါ့လည်း ပေါ့ပါးရမယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး “အဓိကက ကိုယ်ငယ်ငယ်လေးထဲက ကြိုက်ရတဲ့ အဆိုတော်တွေ ဘီယွန်းစေးတို့ ဘာတို့ဆိုရင် တွေ့ဖူးချင်တယ်။ စူပါမော်ဒယ်တွေ မင်းသမီးတွေကို တွေ့ဖူးချင်တယ်။ နောက်တခုက K-Pop Idol တွေကို တွေ့ဖူးချင်တယ်” လို့ ဘုန်းငြိမ်းချမ်းက ပြောပါတယ်။
Paris Fashion Week 2019 ပွဲကြီးကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ စက်တင်ဘာ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ သွားရောက်မယ့် သူများကတော့ စက်တင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၄ ရက်ကြာ သွားရောက်မယ်လို့ သိရပါတယ်။
ဘုန်းငြိမ်းချမ်းကတော့ Make Me Beautiful Season 2 မှာ Winner ရရှိထားသူ တယောက်ဖြစ်ပြီး ထိုင်းနိုင်ငံမှာ မိတ်ကပ်ပညာကို လေ့လာသင်ကြားခဲ့တာ ဖြစ်ပါတယ်။
“Winner ရပြီးနောက်ပိုင်း ဘာပြောင်းလဲသွားလဲဆိုရင် အရင်ထက်တော့ လူပိုသိသွားတယ်။ အရင်ကတော့ ကျောင်းဆင်းသွားတယ်။ ပြီးပြီပေါ့။ အခုခေတ်က မိတ်ကပ်ကို အပျော်တမ်းလုပ်တဲ့သူလည်း များတယ်။ အဲ့လိုမျိုး အများထဲက တယောက်ပေါ့။ အခုလိုမျိုး ဆုရသွားတော့ အရင်ကထက်လည်း လူပိုသိလာတယ်။ အရင်ကထက် လုပ်ပြခွင့် ပိုရတယ်။ အရင်ထက် အခွင့်အရေး ပိုရသွားပါတယ်”လို့ ဘုန်းငြိမ်းချမ်းက ပြောပါတယ်။
ထပ်မံပြီးတော့ မိတ်ကပ်ပညာနဲ့ ပတ်သက်ပြီး ကျောင်းထပ်တက်ဖို့ရှိပြီး သူတက်ထားတဲ့ မိတ်ကပ်ပညာများကိုလည်း ပြန်လည် သင်ကြားပေးဖို့ ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
ကျက်သရေရှိတဲ့ ဖက်ရှင်နဲ့ Paris Fashion Week ကို တက်ရောက်ခဲ့တဲ့ မင်းသမီး ပတ်ရှင်ဟေး
ရက် ၂၀ ကျော် ပန်းတွေပို့နေတဲ့ အမည်မဖော်သူကို သိချင်နေတဲ့ နေခြည်ဦး
ချစ်သူနဲ့ ပြန်တွဲဖို့ အစီအစဉ်မရှိတော့ဘူးလို့ ဆိုလိုက်တဲ့ နေခြည်ဦး
နေခြည်ဦးနဲ့အတူ ထိုင်းမှာ Method Acting ပိုင်း သွားသင်ခဲ့တဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်