ချစ်စရာကောင်းတဲ့ အပြုံးမျက်နှာလေးကို ပိုင်ဆိုင်ထားပြီး Miss တယောက်လည်းဖြစ် သရုပ်ဆောင်အလုပ်ပါ တွဲဖက် လုပ်ကိုင်လာတဲ့ အလှမယ် Bella ကို နောက်ပိုင်းမှာ သရုပ်ဆောင်လောကထဲ ဒီ့ထက်မက တွေ့ရဖို့ရှိတယ်လို့ ဆိုပါတယ်။
“ဇာတ်လမ်းတွဲတွေမှာလည်း တွေ့ရဖို့ ရှိပါတယ်။ သရုပ်ဆောင်လောကမှာလည်း Bella ကို ဒီထက့်မက မြင်ရဖို့ရှိပါတယ်။ ကာရိုက်တာကတော့ မရွေးပါဘူး။ ပုံစံမျိုးစုံ သရုပ်ဆောင်ချင်ပါတယ်” လို့ အလှမယ် Bella က ပြောပါတယ်။
မကြာခင်က Bella ပါဝင် သရုပ်ဆောင်ထားတဲ့ “ဂျင်ပါတီ”ရုပ်ရှင်ကားကြီးကိုလည်း ရုံတင်ပြသခဲ့ပြီး နောက်ပိုင်းမှာလည်း ပရိသတ်အတွက် တခြားသောအလုပ်များကို လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
“နောက်လထဲမှာ ခရီးရက်ရှည်သွားဖို့ ရှိတယ်။ ခရီးသွားဖို့အတွက်ကတော့ ပရိသတ်တွေကို အေးအေးဆေးဆေး ပြောပြပါမယ်။ ရိုက်ထားတဲ့ ဂျင်ပါတီကတော့ ပြပြီးသွားပါပြီ။ နောက်ပိုင်းမှာတော့ တခြားဟာလေးတွေလည်း လုပ်ဖို့ရှိတယ်။ ပရိသတ်ကိုတော့ ဖြည်းဖြည်းချင်း ပြောပြသွားပါမယ်။ လုပ်ခါနီးမှပြောပြတာ ပိုကောင်းတယ်”လို့ Bella ကပြောပါတယ်။
2016 မှာ Miss Myanmar World ရရှိခဲ့တဲ့ အလှမယ် Bella ကတော့ Crown ရရှိခဲ့စဉ်က ပုလဲနဲ့ပြုလုပ်ထားတဲ့ Crown ရရှိခဲ့တာကြောင့် ပုလဲနဲ့ရေစက်ရှိတယ်လို့ ဆိုပါတယ်။
“အဓိကက စိန်ကို ကြိုက်တယ်။ ပုလဲကိုကျတော့ 2016 Miss MyanmarWorld ရတော့ Crown က ပုလဲလေးပေါ့။ အဲ့မှာ Bella နဲ့ ပုလဲက တခုခု ရေစက် ရှိတယ်။ ပုလဲဆိုရင် ပုလဲအဖြူထက် အမည်းကို ပိုကြိုက်တယ်”လို့ Bella က ပြောပါတယ်။
ငယ်ရွယ်တဲ့ လူငယ်တယောက်ဖြစ်တာကြောင့် လက်ဝတ်ရတနာများကို ဝတ်ဆင်လေ့ မရှိဘဲ အိမ်ကိုသာပေးတာများတယ်လို့ သိရပါတယ်။
“လက်ဝတ်ရတနာကတော့ အိမ်ကိုပဲပေးတာ များတယ်။ Bella က အပြင်ထွက်ရင် ဖန်စီတောင် မဝတ်ဘူးပေါ့။ ပေါ့ပေါ့ပါးပါးသွားတာ များတယ်။ ဒါပေမယ့် ပွဲတက်ဆိုရင် ဝတ်ဖြစ်တယ်။ များသောအားဖြင့် ပုလဲဝတ်တာများတယ်”လို့ Bella က ပြောပါတယ်။
Miss တယောက်အနေနဲ့ အနုပညာလောကထဲ ရောက်လာခဲ့တဲ့ Bella ကတော့ အခုအချိန်မှာ ရုပ်ရှင်ကားများ ရိုက်ကူးလာခဲ့ပြီး Music Video တော်တော်များများမှာလည်း သရုပ်ဆောင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။