နာမည်ကျော် ဘောလိဝုဒ်မင်းသား Hrithik Roshan ဟာ မကြာသေးခင်တုန်းက The Kapil Sharma Show အစီအစဉ်မှာ ပါဝင်လာခဲ့ပြီး သူ့ရဲ့ ပွဲဦးထွက်ရုပ်ရှင် “Kaho Naa Pyaar Hai” ကို ရုံတင်ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ချစ်ခွင့်ပန်တာတွေကို လက်ခံရရှိခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
အဲ့ဒီအစီအစဉ်အတွင်း မြန်မာနိုင်ငံမှာ လက်ပွားမင်းသားလို့ လူသိများတဲ့ မင်းသား Hrithik က ၂၀၀၀ ပြည့်နှစ်မှာ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကို ရုံတင်ခဲ့ပြီးတဲ့နောက် လက်ထပ်ခွင့်တောင်းတဲ့ အကြိမ်ရေ ၃ သောင်းလောက်ကို လက်ခံရရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ မင်းသားက အိမ်တွင်းအလှဆင် ဒီဇိုင်နာ Sussanne Khan နဲ့ လက်ထပ်ခဲ့ပါတယ်။
အဲ့ဒီရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ မင်းသား Hrithik နဲ့ မင်းသမီး Amisha တို့ဟာ နေ့ချင်းညချင်းပဲ အိန္ဒိယနိုင်ငံရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ ဖြစ်ခဲ့ရပြီး အဲ့ဒီရုပ်ရှင်ဟာဆိုရင် IIFA ရဲ့ နှစ်ပေါင်း ၂၀ အတွင်း အကောင်းဆုံး ဘောလိဝုဒ် ရုပ်ရှင်အဖြစ် သတ်မှတ်တာကို ခံခဲ့ရပါတယ်။
Hrithik နဲ့ Sussanne တို့ဟာ ၂၀၁၄ ခုနှစ်မှာ ကွာရှင်းခဲ့ပေမယ့် သူတို့နှစ်ယောက်ရဲ့ ကလေးနှစ်ဦးနဲ့အတူ မကြာခဏ တွေ့မြင်ရတာမျိုး ရှိခဲ့ပါတယ်။ သူတို့စုံတွဲဟာ ၁၄ နှစ်လောက် အိမ်ထောင်ရေးကို ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါရိုက်တာ Rakesh Roshan ရိုက်ကူးခဲ့တဲ့ “Kaho Naa Pyaar Hai” ရုပ်ရှင်မှာတော့ မင်းသား Hrithik ဟာ နှစ်ကိုယ်ခွဲ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ထားပြီး မင်းသမီး Amisha Patel ကတော့ အဓိကဇာတ်ဆောင် အနေနဲ့ ပါဝင်ထားပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ တနှစ်တာအတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီး ဆုပေါင်း ၉၂ ခုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် တပြိုင်နက်တည်းမှာ ဆုအများဆုံး ရရှိခဲ့တဲ့ ရုပ်ရှင်အဖြစ် ဂင်းနစ်မှတ်တမ်း ဝင်ခဲ့ပါသေးတယ်။
Hrithik နဲ့ Amisha တို့နှစ်ယောက်လုံးဟာ Filmfare ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့တဲ့ အဲ့ဒီရုပ်ရှင်နဲ့အတူ အကောင်းဆုံး ပွဲဦးထွက် ဆုတွေကို ရရှိခဲ့ကြပါတယ်။ အကောင်းဆုံး ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ ကကွက်ဆု၊ တည်းဖြတ်မှုဆုနဲ့ ဂီတဒါရိုက်တာဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။
မင်းသား Hrithik ဟာ အခုနောက်ဆုံးအနေနဲ့ “Super 30” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
Ref. hindustantimes
You may also like these stories:
တရုတ်နိုင်ငံမှာ ဂျက်ကီချန်းနဲ့ တွေ့ဆုံခဲ့တဲ့ ဘောလိဝုဒ်မင်းသား Hrithik Roshan
မတူတဲ့ ရသ နှစ်ခုခံစားရမယ့် “Badhaai Ho” နဲ့ “Departures”
၂၀၁၉ ရဲ့ အကောင်းဆုံး ဝတ်စားဆင်ယင်သူတွေအဖြစ် Priyanka Chopra တို့ စုံတွဲ သတ်မှတ်ခံရ
အိန္ဒိယ သြဇာတိက္ကမ အကြီးမားဆုံး အမျိုးသမီးစာရင်းမှာ ပါဝင်လာတဲ့ မင်းသမီး Anushka Sharma