ကိုရီးယားနာမည်ကျော် ဖျော်ဖြေရေးကုမ္ပဏီ SM အင်တာတိန်းမန့် တည်ထောင်သူ Lee Soo Man က သူ့ရဲ့ ကုမ္ပဏီအနေနဲ့ မကြာခင် ပွဲထုတ်တော့မယ့် SuperM အဖွဲ့ဟာ Marvel စတူဒီယိုနဲ့ ပူးတွဲပြီး အလုပ်လုပ်ကိုင်သွားဖို့ ရှိတဲ့အကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ တခုမှာ ထုတ်ပြောခဲ့ပါတယ်။
SM အင်တာတိန်းမန့် တည်ထောင်သူ Lee Soo Man ဟာ စက်တင်ဘာလ ၂၅ ရက်နေ့က ဆိုးလ်မြို့ Jangchung Gymnasium မှာ ပြုလုပ်ခဲ့တဲ့ World Knowledge Forum မှာ ဟောပြောသူတဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။
သူ့ရဲ့ မိန့်ခွန်းထဲမှာ အနာဂတ်နည်းပညာတွေအကြောင်း ပါဝင်ပြီး အဲ့ဒီနည်းပညာ အသစ်တွေကို အနာဂတ် အနုပညာလုပ်ငန်းထဲမှာ ဘယ်လိုဘယ်ပုံ အသုံးပြုနိုင်မလဲဆိုတဲ့ အကြောင်းအရာတွေကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ မိန့်ခွန်းထဲမှာ SuperM အဖွဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့ပြီး အဖွဲ့အနေနဲ့ အရှေ့ကမ္ဘာနဲ့ အနောက်ကမ္ဘာကို ဘယ်လိုပေါင်းစည်းပေးနိုင်မလဲ ဆိုတဲ့အကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
သူက “SuperM အဖွဲ့ဟာ အရှေ့ကမ္ဘာနဲ့ အနောက်ကမ္ဘာကြားက ပေါင်းစည်းမှုကို မြှင့်တင်နိုင်မယ့် အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။ EXO အဖွဲ့ဝင် Baekhyun နဲ့ Kai ၊ SHINee အဖွဲ့ဝင် Taemin ၊ NCT127 အဖွဲ့ဝင် Taeyong နဲ့ Mark ၊ WayV အဖွဲ့ဝင် Lucas နဲ့ Ten တို့အပါအဝင် အဖွဲ့ဝင် ၇ ဦး ရှိပါတယ်။ သူတို့ဟာ ထူးချွန်တဲ့ အက၊ အသံ၊ ရက်ပ်စာသား၊ ရုပ်ရည်တွေနဲ့ K-pop ရဲ့ အဓိက အမြင်တချို့ကို ပြသသွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် တည်ထောင်သူ Lee က ကမ္ဘာကြီးက ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နိုင်ဖို့ သူတို့ရဲ့ ဂီတကို ဘယ်လို ကြိုးစား ပြသမလဲဆိုတာကိုလည်း ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ SM အင်တာတိန်းမန့်ဟာ ကမ္ဘာကပါ ရှုမြင်နိုင်စေဖို့ ဂီတဖန်တီးမှုတွေကို ကြိုးစားလုပ်ဆောင်နေပြီး တခြားအနုပညာရှင်တွေနဲ့ပါ လက်တွဲ လုပ်ကိုင်ဖို့ ကြိုးစားထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အရှေ့နဲ့ အနောက်ကမ္ဘာ ပေါင်းစည်းတဲ့ အမှတ်သင်္ကေတ လက္ခဏာအဖြစ် SuperM အဖွဲ့ဟာ အမေရိကန်နိုင်ငံမှာ အောင်မြင်လာမှာဖြစ်ပြီး မကြာမီ ကမ္ဘာကျော် Marvel စတူဒီယိုနဲ့ ပူးတွဲပြီး အလုပ်တွေ လုပ်ကိုင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
တည်ထောင်သူ Lee က “ယဉ်ကျေးမှုနည်းပညာကြောင့် SM နဲ့ ကျနော်တို့ဟာ အမေရိကန်မှာ ဘယ်လို အလုပ်တွေကို လုပ်မလဲဆိုတာ အတည်ပြုချင်ပါတယ်။ SuperM ကနေ အစပြုလို့ ကျနော်တို့ဟာ Marvel နဲ့ လက်တွဲလုပ်ကိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။ အဲ့ဒီပူးတွဲလုပ်ကိုင်မှုက ဘယ်လိုသရုပ်ပေါ်လာမလဲ ဆိုတာကတော့ သေချ ာမသိပေမယ့် SuperM နဲ့အတူ လူတိုင်းလိုက်ဆိုနိုင်တဲ့ သီချင်းတပုဒ်ဖန်တီးဖို့ Marvel Story နဲ့အတူ ဖန်တီးနေပြီဖြစ်ပါတယ်”လို့ ဆိုပါတယ်။
Ref. Koreaboo
You may also like these stories:
တရုတ် K-pop အဆိုတော် Zhang Yixing ရဲ့ မိသားစု အွန်လိုင်းမှာ အနိုင်ကျင့် စော်ကားခံရ
ကိုရီးယား လူသုံးကုန်ပစ္စည်းတွေအတွက် အင်အားကောင်း မားကတ်တင်းလက်နက် ဖြစ်လာတဲ့ K-pop
SEVENTEEN အဖွဲ့ကြောင့် လေယာဉ်ထွက်ချိန် နောက်ကျလို့ တိုင်ကြားခံရ
iKON အဖွဲ့မှ B.I နုတ်ထွက်ခြင်း မပြုရန် အသနားခံ တောင်းဆိုသူ ၅ သိန်းခွဲအထိ ရှိလာ