Entertainment

"John Wick: Chapter 4" ပြသမယ့် တရားဝင် Release Date ထွက်ရှိလာ

ထင်ထားတာထက်ပိုပြီး အောင်မြင်မှုရရှိခဲ့တဲ့ John Wick ရုပ်ရှင်ဟာဆိုရင် ၃ ကားမြောက်မှာတင် ရပ်တန့် မသွားသေးဘဲ နောက်ဆက်တွဲ ရုပ်ရှင် Chapter 4 ထွက်ရှိလာဖို့ ရက်စွဲ အတိအကျ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

တခြားအသေးစိတ် သတင်းအချက်အလက်တွေ မသိရှိရသေးပေမယ့် Lionsgate နဲ့ Summit Entertainment တို့ကတော့ “John Wick: Chapter 4” ဟာ မေလ ၂၁ ရက်နေ့၊ ၂၀၂၁ ခုနှစ်မှာ စတင်ပြသတော့မှာဖြစ်တယ်လို့ တရားဝင် သတင်းထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

John Wick ရုပ်ရှင်တွေကို ဆက်တိုက် ရိုက်ကူးခဲ့သူ ဒါရိုက်တာ Chad Stahelski ဟာလည်း Lionsgate ကုမ္ပဏီနဲ့အတူ လက်တွဲပြီး “John Wick: Chapter 4” ကို ထပ်မံ ဖန်တီးသွားဖို့ အဆင်သင့်ရှိနေခဲ့ပါတယ်။ မြေအောက် ဒုစရိုက်ဂိုဏ်းတွေ၊ လုပ်ကြံသတ်ဖြတ်ရေးသမားတွေနဲ့ အဓိက ဇာတ်အိမ် တည်ဆောက်ထားတဲ့ John Wick ရုပ်ရှင်ရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေဟာ ကြည့်ရှုသူ ပရိသတ်တွေကို ဘယ်လို ဆွဲဆောင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

John Wick ရုပ်ရှင်တွေ ပြသတိုင်း ရရှိလာတဲ့ အောင်မြင်မှုဟာ ရုပ်ရှင်ချစ် ပရိသတ်တွေကြားမှာသာ မကဘဲ Box Office မှတ်တမ်းတွေမှာပါ အကြိမ်ကြိမ် မှတ်တမ်းတင်နိုင်ခဲ့တာကလည်း John Wick ရုပ်ရှင်တွေ ဆက်လက် ထွက်ရှိလာဖို့ Lionsgate နဲ့ ဒါရိုက်တာ Chad Stahelski တို့အတွက် အားတက်စရာ ကိစ္စတခုပဲ ဖြစ်ပါတယ်။

အင်တာဗျူးတခုမှာတော့ ဒါရိုက်တာ Chad Stahelski က “ဒီလိုရုပ်ရှင်တွေ ရိုက်ကူးနေရတာ ကျနော် ပျော်ပါတယ်။ ဘာလို့ဆို ကျနော့်အတွက် အကန့်အသတ် တခုမှ ရှိမနေလို့ပါပဲ။ ကျနော် လုပ်ချင်တာကိုလုပ်ဖို့ အထောက်အပံ့ ပေးထားတဲ့ စတူဒီယိုလည်း အရံသင့် ရှိနေတာဆိုတော့ ပိုလို့တောင် ပျော်စရာပေါ့။ နောက်ပြီး ကျနော်နဲ့ Keanu မှာ နောက်ထပ် လုပ်ချင်တဲ့ စိတ်ကူးတွေ ရှိနေသေးပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

John Wick ရုပ်ရှင်တွေရဲ့ ၃ ကားမြောက်ဖြစ်တဲ့ Parabellum ကနေပဲ Chapter 4 ဆီ ဆက်လက် ဇာတ်အိမ်တည်မှာဖြစ်ပြီး Keanu Reeves ရဲ့ အက်ရှင် ဇာတ်ဝင်ခန်းတွေအပြင် ရုပ်ရှင်ထဲမှာ လူသတ် လက်နက်အဖြစ် အသုံးပြုခဲ့ဖူးတဲ့ ခဲတံတွေထက် ချွန်ထက်နေဦးမှာဖြစ်လို့ Release Date ထွက်ရှိလာတဲ့ သတင်းဟာ John Wick ပရိသတ်တွေ အတွက်တော့ ဝမ်းသာစရာပဲ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

You May Also Like This Story:

“John Wick 4” ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်မှာ ကြည့်ရှုနိုင်မည်

Loading