Entertainment

ညိုမင်းလွင်ကို ယုံကြည်လို့ "မြမြ" ဝင်ပူးတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်မယ့် ဝင်းသပြေထွန်း

Want create site? Find Free WordPress Themes and plugins.

“မြမြ” ရုပ်ရှင်ဇာတ်ကားမှာ မြမြ ဝင်ပူးခံရတဲ့ ဇာခြည်လွင် နေရာက ပါဝင် သရုပ်ဆောင်မယ့် အငြိမ့်မင်းသမီး ဝင်းသပြေထွန်းက ဒါရိုက်တာ ညိုမင်းလွင်ကို ယုံကြည်လို့ လက်ခံရိုက်ကူး ဖြစ်တာပါလို့ ပြောပါတယ်။

“ကိုညိုက ကားရိုက်ဖို့ ဆက်သွယ်လာတယ်။ ညီမကို မြမြ ဝင်ပူးခံရတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရမယ်၊ ဒီနေရာကို သရုပ်ဆောင်ရမယ် ဆိုကတည်းကလည်း ညီမကိုပဲမြင်တယ်လို့ ပြောတာနဲ့ ညီမကလည်း ကိုညို့ကို ယုံကြည်လို့ ဒီကာရိုက်တာကို ရိုက်ဖြစ်သွားတာပါ။ အဲ့နေရာမှာ သရုပ်ဆောင်ဖို့အတွက် သူ့တို့ ဗီဒီယိုတွေ ခဏခဏ ဝင်ကြည့်ဖြစ်တယ်။ တာဝန်ကြီးတယ်”လို့ ဝင်းသပြေထွန်းက ပြောပါတယ်။

မြမြ ဇာတ်ကားမှာ ပါဝင်မယ့်အပေါ် လူအများက ဝေဖန်ကြတာနဲ့ ပတ်သက်ပြီးလည်း ဝင်းသပြေထွန်းက အခုလိုပဲ ဆိုပါတယ်။

“Comment တွေမှာလည်း အမျိုးမျိုး ပြောကြတယ်။ လူပြောများတဲ့အပေါ် သတ္တိတော့ ရှိပါတယ်။ ကိုယ်က အလုပ်လုပ်တာဆိုတော့ ကိုယ်လက်ခံထားတာ ဘယ်သူဘာပြောပြော အလုပ် ပျက်လို့ မရဘူးလေ။ လုပ်ရမှာပါပဲ။ ဒီဇာတ်ကားကတော့ ပထမဆုံး ဇာတ်ကား မဟုတ်ပါဘူး။ ၃ ကား ရိုက်ခဲ့ဖူးသေးတယ်။ ရင်တုန်တယ် ဆိုတာထက် ကြောက်တယ်”

“ညီမက အိုက်တင် ပြန်လုပ်ရမှာလေ။ ဟိုညီမလေးက ဝင်ပူးခံထားရတာလေ။ သူ ဝင်ပူးတာနဲ့တော့ မတူနိုင်ဘူး။ ရုံတင်ရင် အိုက်တင် လုပ်တာ မကောင်းဘူးလို့ ပြောခံရမှာတော့ ကြောက်တယ်။ အပြော မခံရအောင်လည်း ကြိုစားမှာပါ။ ကာရိုက်တာအတွက် စိုးရိမ်နေတယ်”လို့ ဝင်းသပြေထွန်းက ပြောပါတယ်။

အငြိမ့် ကတာအပြင် သရုပ်ဆောင်အလုပ်ကို ဝါသနာပါတဲ့ ဝင်းသပြေထွန်းက အငြိမ့်မင်းသမီး ဇာတ်လမ်းမျိုး ရိုက်ချင်သေးတယ်လို့လည်း ဆိုပါတယ်။

“ပရိသတ်တွေ ဒီကားလေးကြည့်ရင် ညီမ သရုပ်ဆောင်မှုကို ကြိုက်စေချင်တယ်။ အဲ့ဒါမှ ညီမက ဇာတ်ကားတွေ အများကြီး ထပ်ရိုက်ရမှာပေါ့။ ညီမကတော့ အငြိမ့်ကတာ ငယ်ကတည်းက ဝါသနာပါတယ်။ ရုပ်ရှင်မင်းသမီးလည်း လုပ်ချင်တယ်။ အိုက်တင်တွေ လုပ်ချင်တယ်။ သရုပ်ဆောင်ရတာ ဝါသနာပါတယ်။ ရုပ်ရှင်မင်းသမီး ဖြစ်ချင်ခဲ့တာ”

“အငြိမ့်မင်းသမီး ဇာတ်လမ်းမျိုး ရိုက်ချင်သေးတယ်။ ညီမကလည်း အငြိမ့်မင်းသမီးဆိုတော့ ကိုယ်ရဲ့ ဇာတ်လမ်းကိုလည်း ပြလို့ရမယ်။ ကိုယ် စွမ်းဆောင်တာတွေလည်း ပြချင်တယ်။ တခြားဇာတ်ကားတွေလည်း ရိုက်ကြည့်ချင်ပါသေးတယ်”လို့ ဝင်းသပြေထွန်းက ဆိုပါတယ်။

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူအများ စိတ်ဝင်စားခဲ့ကြတဲ့ မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရသူ “မြမြ” ဆိုတဲ့ မိန်းကလေး တယောက်အကြောင်း ရုပ်ရှင်အဖြစ် ဒါရိုက်တာ ညိုမင်းလွင်ကရိုက်ကူးမှာ ဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ သင်ဇာဝင့်ကျော်၊ ဖြိုးမြတ်အောင်၊ ဒီဒီး၊ ဝင်းသပြေထွန်းနဲ့ သရုပ်ဆောင်သစ်များလည်း ပါဝင်မယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading