Entertainment

ကိုယ့်ဇာတ်ကောင်ကိုယ် ပြန်မုန်းတီးကြတဲ့ ကမ္ဘာကျော် သရုပ်ဆောင်များ

သရုပ်ဆောင်တွေဟာ ရုပ်ရှင်ကားတကားရဲ့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်ခဲ့ကြပေမယ့် သူတို့ကိုယ်တိုင် မနှစ်မြို့တဲ့ ဇာတ်ကောင်တွေလည်း ရှိနေကြပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ မိမိကိုယ်တိုင် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို မုန်းတီးခဲ့ကြဖူးတဲ့ သရုပ်ဆောင်တွေအကြောင်းပဲ ဖြစ်ပါတယ်။

 

(၁) Kate Winslet

Titanic ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ရတဲ့ Kate Winslet ဟာ ရုပ်ရှင်ကို ကြိုက်နှစ်သက်ခဲ့ပေမယ့် အဓိကဇာတ်ကောင် Rose ကို မကြိုက်ခဲ့တာတော့ အမှန်တကယ်ပဲ ဖြစ်ပါတယ်။ “ဇာတ်ဝင်ခန်း တခန်းစီတိုင်းမှာတင် ကျမအတွက် စိတ်မသက်မသာ ဖြစ်စရာတွေချည်းပါပဲ”လို့ အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ဖူးပါတယ်။

(၂) Brad Pitt

The Devil’s Own ရုပ်ရှင်ဇာတ်ကားမှာ မင်းသား Brad Pitt ဟာ တစိတ်တဒေသ မပါဝင်ဖို့ ဆန္ဒရှိခဲ့ဖူးပြီး အင်တာဗျူးတခုမှာတော့ သူက “ကျနော် ကြုံတွေ့ဖူးသမျှတွေထဲမှာတော့ တာဝန်ယူမှုဆိုတာ လုံးဝ မရှိတဲ့ ရိုက်ကူးရေးတခုကို ကြုံတွေ့ခဲ့ရတာပါ”လို့ ဖြေဆိုခဲ့ပါတယ်။

(၃) Jim Carrey

နာမည်ကျော်မင်းသားကြီး Jim Carrey အတွက်တော့ “Kick-Ass 2” ရုပ်ရှင်ဟာ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့အပြင် အဲဒီအကြမ်းဖက်မှုတွေကိုလည်း ဘယ်လိုမှ ထောက်ခံမပေးနိုင်ဘူးလို့ ဖွင့်ဟခဲ့ဖူးပါတယ်။

(၄) Zac Efron

High School Musical ရုပ်ရှင်ဇာတ်ကားတွေဟာ တချိန်က လူငယ်တွေကြားမှာ ရေပန်းစားခဲ့ဖူးတဲ့ ဂီတရုပ်ရှင် အမျိုးအစား ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာတော့ အဓိက သရုပ်ဆောင် Zac Effron က “ကျနော့်ကိုယ်ကျနော် ရုပ်ရှင်ထဲပြန်ကြည့်မိတဲ့အခါ လုပ်ချင်တာတခုပဲ ရှိတယ်။ ရုပ်ရှင်ထဲက ကျနော့်ဇာတ်ကောင်ကို ပိတ်ကန်ပစ်လိုက်ချင်တာပဲ” လို့ သတင်းထောက်တွေကို ပြောပါတယ်။

(၅) Robert Pattinson

Twilight ရုပ်ရှင်ဇာတ်ကားမှာ အဓိကဇာတ်ကောင် Edward Cullen အဖြစ်သရုပ်ဆောင်ခဲ့ရတဲ့ Robert Pattinson ကတော့ “ဇာတ်ညွှန်းကို ကျနော် ဖတ်နေချိန်မှာပဲ ဒီဇာတ်ကောင်က စမတ်အဖြစ်လွန်နေတဲ့အတွက် စိတ်အချဉ်ပေါက်နေရတာပါပဲဗျာ” လို့ Empire နဲ့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ဖူးပါတယ်။

Ref. hermoments.com

Loading