Entertainment

မကြာခင်ထွက်မယ့် တတိယတေးစီးရီးအခွေအကြောင်း ပြောပြတဲ့ ဒေါင်းဝေ

Want create site? Find Free WordPress Themes and plugins.

ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေမှာ ဇာတ်ပို့၊ ဇာတ်ရံအဖြစ်ပါဝင် သရုပ်ဆောင်တဲ့သရုပ်ဆောင် ဒေါင်းဝေက တေးသီချင်းတွေကို လည်း ဖန်တီးသီဆိုနေပါတယ်။ သူရဲ့ ၃ခွေမြောက်တေးစီးရီးကိုလည်း နိုဝင်ဘာလလောက်မှာ ထွက်ဖို့ရှိတယ်လို့ ဧရာဝတီ ကိုဆိုပါတယ်။

“ကျနော် ၁၁လပိုင်းမှာ တတိယခွေထွက်မယ်။ သီချင်းဟောင်း ၅ပုဒ်ပါမယ်။ သီချင်းခွေနာမည်က “ပပထူမှ ထမယ်” ပါ။ သီချင်းသစ် ၂နှစ်ပုဒ်ပါမယ်။ သီချင်းဟောင်းကတော့ ဦးဝင်းဦး သီချင်းတွေ ပြန်ဆိုမှာပါ။ ကျနော်စိုးရိမ်တာတော့ မရှိပါဘူး။ ကျနော် နယ်ပွဲတွေမှာလည်း ဦးဝင်းဦး သီချင်းတွေ ဆိုတာ အားပေးမှုလည်းအခိုင်အမာရထားတော့ ပရိသတ်လည်း လက်ခံမှာပါ”

“သီချင်းကတော့ ၂ခွေရှိပါပြီ။ ပထမတခွေက “မန္တလာသူ ညိုချောလေး”နဲ့ “တောသင်္ကြန်”ဆိုတဲ့ အခွေပါ။ သီချင်းဆိုတာကို ဝါသနာပါတယ်။ ဆိုနေရရင်ကိုကျေနပ်တယ်။ ခွေထွက်လို့ အမြတ်အစွန်း ဘယ်လောက်ရပါစေဆိုပြီး ရည်ရွယ်ပြီး ထုတ်တာ မဟုတ်ဘူး”

“ ကျနော်သီချင်းတွေကို မျှော်နေတဲ့ ပရိသတ်တွေအတွက် ရည်ရွယ်ပြီး ဇာတ်ကားရိုက်လို့ရတာလေးတွေရယ် ပွဲဆိုလို့ရတာတွေရယ် စုပြီး အခွေကို ဖန်တီးထားတာပါ။ အွန်လိုင်းကနေလည်း တင်ဖို့ရှိပါတယ်”လို့ ဒေါင်းဝေကပြောပါတယ်။

သရုပ်ဆောင်ကောင်းတယောက်ဖြစ်ချင်တာကြောင့် ကာရိုက်တာ စုံအောင်ရိုက်ကူးချင်ဖြစ်တယ်လို့လည်း ဒေါင်းဝေက ဆိုပါတယ်။

“အခုနောက်ပိုင်းတော့နေရာတနေရာ အဲဒီလိုပြောလို့ရပါတယ်။ တချို့ဆိုရင် ကျနော့်ကိုသနားပြီးခေါ်ရိုက်ကြတယ်။ ဖြစ်သင့်ဖြစ် ထိုက်တယ်ဆိုပြီးတော့ ခေါ်ရိုက်တယ်။ ပြီးတော့ ဒုတိယသရုပ်ဆောင်နေရာကနေပဲ ရိုက်ဖို့ခေါ်ထားတာ သုံး၊ လေးကား လောက်ရှိတယ်”

“တချို့ဟာက ဗီလိန်ဆိုပေမယ့် ပြန်ဖြည်တာတွေလည်း ရှိတယ်။ ပြန်မဖြည်တာတွေလည်းရှိတယ် ပေါ့နော်။ ကျနော့်အတွက် လုပ်ခွင့်လေးတွေ ပေးလာကြတယ်။ ပိုလုပ်ခွင့်ရလာတယ်လို့ ပြောလို့ရတယ်။ ကျနော့် သီချင်းလေး တွေဆိုရင်လည်း ပရိသတ်က လက်ခံလာကြတယ်။ ကျနော့်ရဲ့ကံဇာတာ အလှည့်အပြောင်းဖြစ်လာပြီ လို့ထင်တယ်”

“ကျနော်ဘဝမှာ သရုပ်ဆောင်ကောင်းတယောက် ဖြစ်ချင်ပါတယ်။ အဲဒီလိုပဲ ရပ်တည်ချင်တယ်။ မင်းသားအနေနဲ့ ခေါ်ရိုက်ရင်လည်း ရိုက်ပေးတယ်။ ရုပ်သံဇာတ်လမ်းတွဲ တွေမှာလည်း ရိုက်ပေးပါတယ်။ ဇာတ်ရုပ်အစုံလုပ်ချင်တယ်၊ သရုပ်ဆောင်ကောင်းတယောက်ဖြစ်ချင်တယ်။ လက်တလောကတော့ ကိုညိုရိုက်မယ့် မြမြဇာတ်ကားမှာတောင်ဒဂုံမြို့နယ် စခန်းမှူးနေရာက ပါဝင်သွားဖို့ရှိပါတယ်”လို့ ဒေါင်းဝေက ပြောပါတယ်။

သရုပ်ဆောင်ဒေါင်းဝေသည် အနုပညာသက်တမ်း ၁၀ စုနှစ်ကြာပြီဖြစ်ကာ သရုပ်ဆောင်အလုပ်အပြင် တေးသီချင်း များကိုလည်း ဖန်တီးသီဆိုနေသူတဦးဖြစ်ပါတယ်။ “တောသင်္ကြန်”အမည်ရှိ သင်္ကြန် သီချင်းခွေ နဲ့ “မန္တလာသူညိုချောလေး”နဲ့ နှစ်ခွေကို ဖြန့်ချိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading