မြောက်အမေရိကရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Abominable” ကာတွန်းရုပ်ရှင်
နှင်းလူသား တကောင်နဲ့ သူငယ်ချင်းဖြစ်နေတဲ့ မိန်းကလေးတယောက်အကြောင်း ရိုက်ကူးထားတဲ့ “Abominable” ကာတွန်းရုပ်ရှင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်း ရုံဝင်ငွေစာရင်းမှာ တော်တော်လေး အခြေအနေကောင်းခဲ့တာကို တွေ့ရပါတယ်။
Universal Pictures ကနေ ထုတ်လုပ်ထားတဲ့ အဲ့ဒီ ရုပ်ရှင်ဟာ မြောက်အမေရိကရုပ်ရှင်ရုံတွေမှာ ဒေါ်လာ ၂၀ ဒဿမ ၉ ရရှိခဲ့တယ်လို့ Comscore က ခန့်မှန်းထားပါတယ်။ Yi ဆိုတဲ့မိန်းကလေးအဖြစ် အမေရိကန်မင်းသမီး Chloe Bennet အသံသရုပ်ဆောင်ထားပြီး တရုတ်စတူဒီယို တခုနဲ့ ပူးတွဲထုတ်လုပ်ထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ အခုနှစ်ဆောင်းဦရာသီ အတွက်တော့ ပထမဆုံး အန်နီမေးရှင်း ရုပ်ရှင်ဖြစ်ပါတယ်။
မိန်းကလေး Yi ဟာ ရှန်ဟိုင်းမြို့မှာ ရှိတဲ့သူ့ရဲ့အိမ်ခေါင်မိုးပေါ်မှာ နှင်းလူတကောင်ကိုတွေ့ခဲ့ပြီး “ဧဝရက်” လို့ နာမည်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် နှင်းလူလေးကို မိသားစုရှိတဲ့နေရာဆီကို သူကပြန်ပို့ပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ “Crazy Rich Asians” ရုပ်ရှင်အောင်မြင်ခဲ့ပြီးတဲ့နောက် အာရှဇာတ်ကောင်တွေ ပါဝင်တွေ ရုပ်ရှင်တခု အထူးအောင်မြင်လာတာပဲ ဖြစ်ပါတယ်။ “Mulan” ကာတွန်းရုပ်ရှင်ရဲ့ live-action ဗားရှင်းကိုတော့ လာမယ့်နှစ်မှာ ပြသတော့မှာဖြစ်ပါတယ်။
“Abominable” ရုပ်ရှင်ကို အမျိုးသမီး ဒါရိုက်တာ Jill Culton ကဇာတ်လမ်းရေးသား ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Universal ရဲ့ DreamWorks စတူဒီယိုနဲ့ ရှန်ဟိုင်းအခြေစိုက် Pearl Studios တို့ကြားက ပူးပေါင်း ထုတ်လုပ်မှုလည်း ဖြစ်ပါတယ်။ “Downton Abbey ” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၄ ဒဿမ ၅ သန်းနဲ့ ဒုတိယနေရာမှာရှိနေပြီး “Hustlers ” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၁ ဒဿမ ၅ သန်းနဲ့တတိယနေရာမှာ ရှိနေပါတယ်။
လာမယ့်သီတင်းပတ်မှာ ရုံတင်မယ့် “Joker” ရုပ်ရှင်ကတော့ ပွဲဦးထွက် ဝင်ငွေ ဒေါ်လာ ၁၂၅ သန်း ရရှိမယ်လို့ ခန့်မန်းထားပါတယ်။ အောက်တိုဘာလအတွက် ဝင်ငွေအများဆုံးစံချိန်ကိုတော့ ၂၀၁၇ ခုနှစ်မှာရုံတင်ခဲ့တဲ့ “It” ရုပ်ရှင်ကတော့ ဒေါ်လာ သန်း ၈၀ နဲ့စံချိန်တင်ထားတာ ဖြစ်ပါတယ်။
လာမယ့် အောက်တိုဘာနှောင်းပိုင်းမှာ တော့ Disney ရဲ့ Sleeping Beauty ကာတွန်းကို အခြေခံထားတဲ့ Maleficent: Mistress Of Evil ရုပ်ရှင် ရုံတင်ဖို့လည်း ရှိနေပါတယ်။
Ref:Bloomberg