John Constantine ဟာ Arrow ရုပ်ရှင်စီးရီးမှာ အရေးကြီးတဲ့ အဖွဲ့ဝင်တဦးဖြစ်လာခဲ့ပြီး Warner Bros အနေနဲ့လည်း DCEU (DC Extended universe) ထဲ ပါဝင်လာစေနိုင်ဖို့ အစီအစဉ်တချို့ ချမှတ်ရေးဆွဲနေပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းတချို့က ရရှိခဲ့တဲ့ သတင်းတွေအရဆိုရင် Constantine ရုပ်ရှင်ကိုလည်း ရိုက်ကူးဖို့ ရှိနေပြီး Justice League Dark ကိုလည်း ရိုက်ကူးရေးပြုလုပ်နေပြီ ဖြစ်ပါတယ်။
Constantine ဟာ Hellblazer အဖြစ် Swamp Thing ရုပ်ရှင်မှာလည်း ပါဝင်လာဖို့ ရှိနေတဲ့အပြင် DCEU ရဲ့ ၄ ခုမြောက် ပရောဂျက်တခုဖြစ်တဲ့ House of Mystery ရုပ်ရှင်လည်း ထွက်ရှိလာဖို့ရှိနေတာပါ။ House of Mystery ရုပ်ရှင်ကတော့ DC ရဲ့ Horror အမျိုးအစား ခေတ်ဟောင်းရုပ်ပြတွေကို အခြေခံကာ ရုပ်ရှင်အဖြစ် ဖန်တီးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကျန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်တည်းက Constantine ရုပ်ရှင် ထွက်ရှိခဲ့ဖူးပြီး မင်းသား Keanu Reeves က Constantine အဖြစ် သရုပ်ဆောင်ခဲ့တာပါ။
DC ပရိသတ်တွေနဲ့ ရုပ်ရှင်ချစ်သူတွေအတွက်တော့ Constantine ရုပ်ရှင်ဟာ ပြောစမှတ် တွင်ခဲ့ရတဲ့ Action,Horror,Fantasy အမျိုးအစားရုပ်ရှင် ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Season 1 တခုတည်းနဲ့ အဆုံးသတ်ခဲ့ရတဲ့ Constantine တီဗီစီးရီးမှာ မင်းသား Matt Ryan ဟာ Constantine သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Constantine ဇာတ်ကောင်ကို တခြားပုံစံတခုနဲ့ ရှိစေချင်ခဲ့ဖူးကြောင်း အင်တာဗျူးတခုမှာ Keanu Reeves ကိုယ်တိုင် ဖွင့်ဟ ဝန်ခံခဲ့ဖူးသလို တကယ်လို့များ Constantine ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးဖို့ အစီအစဉ်ရှိတယ်ဆိုရင် သူ့အနေနဲ့ ထပ်မံသရုပ်ဆောင်ချင်ကြောင်းကိုပါ ဖြည့်စွက်ဖြေကြားခဲ့ဖူးတာပါ။
Constantine ဇာတ်ကောင်ဟာ ရုပ်ပြနဲ့ Animation ရုပ်ရှင်တွေမှာ တခြားဇာတ်ကောင်တွေနည်းတူ ထင်ပေါ်ခဲ့ပြီး ဖြစ်ပေမယ့် ရုပ်ရှင်သီးသန့်အနေနဲ့တော့ ပရိသတ်တွေနဲ့ အလှမ်းဝေးကွာခဲ့တာ ကြာပြီဖြစ်လို့ DCEU သာ ရုပ်ရှင် ၄ ကားမှာ ထည့်သွင်းမယ်ဆိုရင်တော့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းပဲ ဖြစ်ပါတယ်။
Ref. www.wegotthiscovered.com