• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့ရတာဟာ ထူးခြားတဲ့ အတွေ့အကြုံလို့ Daniel Craig ပြော

by မစ်ကီ
2 October 2019
in Entertainment
A A
မင်းသား Daniel Craig

မင်းသား Daniel Craig

3.3k
VIEWS
Share on FacebookShare on Twitter

မင်းသား Daniel Craig က ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့ရတာဟာ သူ့ဘဝမှာ အကောင်းဆုံးနဲ့ အထူးခြားဆုံး အတွေ့အကြုံတခုဖြစ်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၅၁ နှစ်အရွယ် မင်းသား Daniel ဟာ လာမယ့်နှစ် ဧပြီလမှာရုံတင်တော့မယ့် “No Time To Die” ရုပ်ရှင်မှာ 007 အေးဂျင့်အဖြစ် ပဉ္စမအကြိမ်နဲ့ နောက်ဆုံးအဖြစ် သရုပ်ဆောင်ထားပါတယ်။

အခုလိုမျိုး ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေအတွက် လွန်ခဲ့တဲ့ ၁၃ နှစ်တာ ကာလအတွင်း အလုပ်လုပ်ခဲ့ရတာဟာ ထူးခြားတဲ့ အတွေ့အကြုံဖြစ်ခဲ့တယ်လို့ မင်းသားက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
740
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
328
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
406

၂၀၀၆ ခုနှစ်တုန်းက “Casino Royale” ရုပ်ရှင်မှာ ဂျိမ်းစ်ဘွန်းအဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ မင်းသား Daniel ဟာ “No Time To Die” ရုပ်ရှင် ရိုက်ကူးပြီးစီးတဲ့ အထိမ်းအမှတ်နဲ့ ကျင်းပတဲ့ ပါတီမှာ အခုလိုမှတ်ချက် ပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပါတီမှာ သူဟာ တကယ့်ကို အသောက်ကောင်းခဲ့ပေမယ့် ဒီလိုမျိုး ထူးခြားတဲ့ ဇာတ်ကောင်အနေနဲ့ သူသရုပ်ဆောင်တာ နောက်ဆုံးအနေနဲ့ နှုတ်ဆက်စကား အနည်းငယ်လောက် ပြောချင်ခဲ့တယ်လို့ ဆိုပါတယ်။

Twitter မှာ တင်ခဲ့တဲ့ ဗီဒီယိုမှာတော့ သူက “ကျနော် ပြောချင်ပါတယ်။ ပြီးတော့ ကျနော် နည်းနည်းလေး သောက်ထားတယ်။ ဒါကြောင့် ကြာကြာတော့ ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ ကျနော် လုပ်ခဲ့တဲ့ အရာတွေထဲမှာ အကောင်းဆုံးနဲ့ အထူးခြားဆုံး အတွေ့အကြုံတခု ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

သူက “ခင်ဗျားတို့က အထူးခြားဆုံး အလုပ်ကို လုပ်ခဲ့ကြပြီ။ ဒီထုတ်လုပ်ရေးမှာ ပါဝင်တဲ့ လူတယောက်ချင်းစီ တိုင်းနဲ့ အလုပ်အတူ တွဲလုပ်ရတာ ဂုဏ်ယူမဆုံးနိုင်ပါဘူး။ ဒီညနေမှာ ထုတ်လုပ်သူ Barbara အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ဒီညမှာ အပြီးသတ်နိုင်ခဲ့ပါပြီ”လို့ ဆိုပါတယ်။

Casino Royale ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ “Quantum of Solace”၊ ၂၀၁၂ ခုနှစ်မှာ “Skyfall” နဲ့ ၂၀၁၅ ခုနှစ်မှာ Spectre တွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။ အခုနောက်ဆုံး ဂျိမ်းစ်ဘွန်းအဖြစ် ရိုက်ကူးထားတဲ့ ရုပ်ရှင်မှာတော့ ဂျမေကာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စတန့်ပြကွက်တခုအတွင်းမှာ သရုပ်ဆောင်ရင်း ဒဏ်ရာရရှိခဲ့တာကြောင့် ခြေကျင်းဝတ် ခွဲစိတ်ကုသမှုကိုလည်း ခံယူခဲ့ရပါတယ်။

မင်းသားရဲ့ ဒဏ်ရာရရှိခဲ့မှု အခြေအနေကြောင့် ရိုက်ကူးရေးလုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တဲ့အတွက် ရုပ်ရှင်ပြသမယ့်ရက် နောက်ဆုတ်သွားပြီလားဆိုပြီး စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ထုတ်လုပ်ရေးဘက်က ခန့်မှန်းထားတဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှာပဲ ရုပ်ရှင်ကို ဖြန့်ချိမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

Ref: asiaone

You may also like these stories: 

Ed Sheeran ကို “Bond 25” ရုပ်ရှင်ဇာတ်ဝင်တေး ဆိုစေချင်တဲ့ မင်းသား Daniel Craig

ခြေထောက် ဒဏ်ရာရရှိထားတာတောင် “Bond 25” ရုပ်ရှင်အတွက် လေ့ကျင့်နေတဲ့ Daniel Craig

ခြေကျင်းဝတ်ဒဏ်ရာ ကုသပြီးနောက် “Bond 25” ရိုက်ကွင်းကို ပြန်ရောက်လာတဲ့ Daniel Craig

ဂျိမ်းစ်ဘွန်းရုပ်ရှင် ရိုက်ကွင်းမှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကို Daniel Craig ခွဲစိတ်ကုသမှု ခံယူမည် 

Your Thoughts …
Tags: 007Daniel Craigဂျိမ်းစ်ဘွန်း
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ဂျိမ်းစ်ဘွန်းအဖြစ် ဇာတ်ကား အသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ လျာထားခံရသူများ

ဂျိမ်းစ်ဘွန်းရုပ်ရှင် မင်းသားအသစ် ဘယ်သူ ဖြစ်လာမလဲ

by မစ်ကီ
21 February 2018
5.2k

ဂျိမ်းစ်ဘွန်းနေရာမှာ သရုပ်ဆောင်ဖို့ အရင်ကတည်းက ရေပန်းစားနေသူတွေ ဖြစ်ကြတဲ့ Aidan Turner နဲ့ Idris Elba (၈ မဲ/၁ မဲ)၊ Tom Hiddleston (၁၀ မဲ/၁ မဲ)

ဂျိန်းစ်ဘွန်း ရုပ်ရှင်အသစ် "No Time To Die"

ဂျိန်းစ်ဘွန်း ရုပ်ရှင်အသစ်ဖြစ်တဲ့ “No Time To Die” ပထမဆုံး Trailer ထွက်ရှိ

by ဟယ်လ်သင်
3 December 2019
5.7k

ရုံတင်ရက်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတချို့ ရှိခဲ့ပေမယ့် အကောင်းမွန်ဆုံး နောက်ဆက်တွဲ ရုပ်ရှင်အဖြစ် အားပေးမှုတွေရရှိဖို့ ရည်ရွည်မျှော်လင့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

မင်းသားကြီး ရှောင်ကွန်နရီ

မင်းသားကြီး ရှောင်ကွန်နရီရဲ့ နာမည်ကျော် 007 ပစ္စတိုကို လေလံပစ်မည်

by မစ်ကီ
10 November 2020
7.4k

အဲ့ဒီသေနတ်ကို Bapty လို့ခေါ်ပြီး ၂၀၀၆ ခုနှစ်မှာ ပထမဆုံး လေလံ မပစ်မီအချိန်အထိ မှတ်တမ်းအဖြစ် သိမ်းဆည်းထားခဲ့တာလည်း ဖြစ်ပါတယ်။

ဂျိန်းစ်ဘွန်း ရုပ်ရှင်မှာ ပါဝင်လာမယ့် Aston Martin ကားသစ်ကြီး

007 ပရိသတ်တွေကို Aston Martin ကနေ အကန့်အသတ်နဲ့ ရောင်းချပေးမယ့် စူပါကား

by Aurora
23 August 2020
18.9k

ရုပ်ရှင်ထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ “Aston Martin Vantage” နဲ့ “DBS Superleggera” မော်ဒယ်တွေဟာ Valhalla mid-engine ကို အသုံးပြုထားတဲ့ စူပါကားအမျိုးအစားတွေလည်း ဖြစ်ပါတယ်။

ဂျိမ်းစ်ဘွန်းရုပ်ရှင် “No Time To Die”

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကို “No Time To Die” လို့ နာမည်ပေး

by မစ်ကီ
21 August 2019
7.3k

အဆိုပါ ရုပ်ရှင်ကို ဒါရိုက်တာ Cary Joji Fukunaga က ရိုက်ကူးမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဒါရိုက်တာကတော့ HBO ရဲ့ True Detective ပထမစီးရီးနဲ့ Netflix ရဲ့ Maniac တွေမှာ...

ကမ္ဘာကျော် အဆိုတော် Liam Payne

ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေတဲ့ အဆိုတော် Liam Payne

by မစ်ကီ
12 October 2018
8.1k

"ကျနော်က စူပါဟီးရိုးရုပ်ရှင်တွေကို သဘောကျပါတယ်။ ဒါကြောင့် Marvel ရုပ်ရှင်တခုမှာ ပါဝင်ချင်ပါတယ်။ ကျနော် ကလေးဘဝကတည်းက စူပါဟီးရိုးတယောက်ဖြစ်ချင်ခဲ့တာပါ။

Next Post
“Tale of Nok-Du” ဇာတ်လမ်းတွဲသစ်

ကြည့်ရှုနှုန်း အမြင့်ဆုံး ဖြစ်နေတဲ့ “Tale of Nok-Du” ဇာတ်လမ်းတွဲသစ်

ဆော်ဒီအာရေဗျနိုင်ငံ

လူမျိုးဘာသာမရွေး လာရောက် လည်ပတ်ခွင့် ပြုလိုက်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate