• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကာရိုက်တာအပေါ်မှာ အတ္တကြီးတဲ့ သရုပ်ဆောင် ဒေါင်း

by ယုဖြူဟန်
2 October 2019
in Entertainment
A A
သရုပ်ဆောင် ဒေါင်း  / Daung's Facebook

သရုပ်ဆောင် ဒေါင်း / Daung's Facebook

4k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ယခုနှစ်ပိုင်းအတွင်းမှာ ဇာတ်ကား ရိုက်ကူးမှု များပြားလာတာကို တွေ့ရတဲ့ သရုပ်ဆောင် ဒေါင်းကတော့ သူသရုပ်ဆောင်ရမယ့် ကာရိုက်တာအပေါ်မှာ အတ္တကြီးတယ်လို့ ပြောပါတယ်။

“အတ္တကြီးတာပေါ့။ လူဆိုတာ အတ္တရှိတယ်လေ။ မရှိဘူးဆိုရင် လူမဟုတ်ဘူး သေချာတယ်။ ကျနော် သရုပ်ဆောင်တယောက်အနေနဲ့ သရုပ်ဆောင်ဘက်မှာ အတ္တကြီးတယ်။ ကျနော့် ကာရိုက်တာကို ကျနော် အတ္တကြီးတယ်။ ဇာတ်လမ်းတကားလုံးဆို တကားလုံးကို ကျနော် မကြည့်ဘူး။ ကျနော့် ကာရိုက်တာပဲ ကျနော်ကြည့်တာ”လို့ ဒေါင်းက ပြောပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.1k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
490
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
487

မကြာခင်မှာလည်း ဒါရိုက်တာ အောင်မြတ် ရိုက်ကူးမယ့် “Love Equation” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို သရုပ်ဆောင် သက်မွန်မြင့်၊ ဖွေးဖွေး၊ ခါရာတို့နဲ့အတူ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီကားကတော့ အချစ်ကား ဖြစ်တဲ့အတွက် တခုခု ထူးခြားမှာဖြစ်ပြီး ရုပ်ရှင်ကြည့်ပြီးသွားပါက ချစ်ခြင်းမေတ္တာကို ခံစားရမယ့်ကားဖြစ်တယ်လို့ သိရပါတယ်။

“အဓိကကတော့ ပရိသတ်တွေကို တယောက်ချင်းစီရဲ့ အရာတွေကို မကြည့်ဘဲနဲ့ ဇာတ်လမ်းပေါ်မှာပဲ ကြည့်စေချင်တယ်။ ဇာတ်လမ်းက ကျနော်တို့ ၄ ယောက်လုံး ပထမဦးဆုံး ဆုံဆည်းရတဲ့ ဇာတ်လမ်း ဖြစ်တယ်။ ကိုအောင်မြတ်နဲ့ဆိုရင် အားလုံး ၅ ယောက်ပေါ့။ ဇာတ်လမ်းတခုမှာ ကျနော်တို့ ဘယ်လိုဖြတ်သန်းမှာလဲဆိုတာကို ကြည့်စေချင်တယ်။ တယောက်ချင်းစီကို မကြည့်စေချင်ဘူး။ ရုပ်ရှင်တကားဟာ ဘယ်လောက်ထိပျော်စရာကောင်းမလဲ၊ ချစ်ခြင်းမေတ္တာတွေ ဖြစ်စေသလဲဆိုတာကို ကြည့်စေချင်တယ်။ ကျနော်က အဲဒါကို ရအောင် လုပ်မှာ”လို့ ဒေါင်းကပြောပါတယ်။

ဒီကားကိုကြည့်မယ့် ပရိသတ်များအနေနဲ့ သရုပ်ဆောင်တယောက်ချင်းစီရဲ့ အရာများကို မကြည့်ဘဲ ဇာတ်လမ်းပေါ်မှာပဲကြည့်စေချင်ပြီး သူ့အနေနဲ့လည်း သူမဟုတ်တဲ့ ကာရိုက်တာကို ရအောင် လုပ်သွားမယ်လို့ ဆိုပါတယ်။

“ကျနော် မဟုတ်တဲ့ ကာရိုက်တာတခုကို ဖန်တီးရမယ်လို့ ယုံကြည်တယ်။ ကျနော့်အနေနဲ့ လုပ်လိုက်လည်း ပရိသတ်က လက်ခံမှာပါပဲ။ ဒါပေမယ့် အဲဒါထက် ကျနော် မဟုတ်တာကို လုပ်ပြချင်တာ။ ကျနော်နဲ့ ဘာမှမတူတာကို လုပ်ပြချင်တာ”လို့ ဒေါင်းက ပြောပါတယ်။

ရရှိလာတဲ့ ဇာတ်ရုပ်ကို ခံစားသက်ဝင်ပြီး သရုပ်ဆောင်လေ့ရှိတဲ့ ဒေါင်းကိုတော့ သူ့ရဲ့ရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်များက ကြိုက်နှစ်သက်ကြတဲ့အပေါ်မှာလည်း သူ့ရဲ့ခံစားချက်ကို အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်က သရုပ်ဆောင်၊ ပရိသတ်တွေ မျက်စိပဿဒဖြစ်အောင် အမြဲတမ်း နေထိုင်ပါတယ်။ ဒါပါပဲ။ ရုပ်ချောတယ်တို့၊ ဘာတို့ပြောတာက အမှန်အတိုင်းပြောရရင် လူတိုင်းက ကြိုက်ကြတယ်လေ။ မကြိုက်ဘူးပြောရင်လိမ်တာပဲ။ ကျနော်လည်း ကြိုက်တယ်။ အဲ့တော့ ကြိုက်တယ်လို့ပဲ ပြောရမှာပဲ”လို့ ဒေါင်းကပြောပါတယ်။

ဒေါင်းကတော့ သူ့အချစ်ရေးကို ပြောလေ့ပြောထ မရှိတဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အချစ်အကြောင်းနဲ့ ပတ်သက်ပြီး လျို့ဝှက်တာတော့ မဟုတ်ဘူး။ ပြောဖို့ မလိုအပ်ဘူးထင်တာ။ ဒါဟာ ကျနော့်ရဲ့ ရပိုင်ခွင့်၊ ကျနော့်ရဲ့ အခွင့်အရေး၊ ကျနော် နေရာတကာ လျှောက်ပြောနေလို့ ဘာမှ မထူးဘူးလေ။ ကျနော် သရုပ်ဆောင်တယောက်အနေနဲ့ သရုပ်ဆောင်အကြောင်းပဲ ပြောသင့်တယ်လို့ ထင်တယ်။ အဲ့လို ခံယူထားတယ်။ မသိစေချင်တာလည်း မဟုတ်ဘူး။ သိစေချင်တာလည်း မဟုတ်ဘူး။ ကြားမှာပဲ”လို့ ဒေါင်းက ပြောပါတယ်။

သရုပ်ဆောင် ဒေါင်းကတော့ ယခုနှစ်အတွင်းမှာ သူပါဝင် သရုပ်ဆောင်ထားတဲ့ “လိပ်ပြာစံအိမ်” ၊ “ဒဏ္ဍာရီမိုး” စတဲ့ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသထားပြီး ရုပ်ရှင်ဇာတ်ကားများလည်း ဆက်လက် ရိုက်ကူးလျက် ရှိပါတယ်။

You may also like these stories: 

“ချစ်သူကို နှလုံးသားက ခံစားရတဲ့အတိုင်း ရွေးမှာပါ” ဆိုတဲ့ သရုပ်ဆောင် ဒေါင်း

“ကျနော် ရိုက်ခဲ့တဲ့ကားတွေအပေါ် လိပ်ပြာသန့်ချင်တယ်”လို့ ဆိုလိုက်တဲ့ ဒေါင်း

Your Thoughts …
Tags: ကာရိုက်တာဒေါင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကားရဲ့ သရုပ်ဆောင်အလှမယ်နှင်းသွေးယုအောင်နှင့် ထိုင်းမင်းသမီး ထိုင်းမင်းသမီး Tangtang Nattaruchi Witsawanaraph

ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကားရဲ့ ပရိတ်သတ်ပါလို့ဆိုတဲ့ အလှမယ်နှင်းသွေးယုအောင်

by ဧရာဝတီ
6 January 2022
10.2k

နှင်းသွေးလို လူမျိုးတောင် ဒီလောက်ထိ ဆုံးရှုံးရတယ်။ ငါ အနုပညာတွေ ဆက်လုပ်လို့ မရဘူးဆိုတဲ့ စိတ်ဖြစ်တယ်ဆိုတော့ အကုန်လုံးကတော့ ဒီထက်ပိုပြီး ဆုံးရှုံးရသူတွေအတွက် နှင်းသွေးက ပိုပြီး စိတ်ထိခိုက်ရပါတယ်။

သရုပ်ဆောင် ဒေါင်း  / ဧရာဝတီ

မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေကို အလွတ်ရနေတဲ့ သရုပ်ဆောင် ဒေါင်း

by မန်းသူ
5 May 2019
10.9k

ကျနော်က ဘယ်နေရာက သရုပ်ဆောင်ရ၊ ဆောင်ရပါ။ သေချာတာကတော့ ဆရာ မင်းသိင်္ခ ဘယ်ဇာတ်လမ်းမှာ ဘာကိုပြောချင်လဲဆိုတာ ကျနော် ကောင်းကောင်းသိတယ်"လို့ ဒေါင်းက ပြောပါတယ်။

သရုပ်ဆောင် ဒေါင်း

အာဏာရှင် မပြုတ်မချင်း ပြည်သူတယောက်အနေနဲ့ ဆက်လုပ်နေမှာပဲ

by ဧရာဝတီ
4 October 2021
56.3k

ကျနော် အနုပညာ အလုပ်လုပ်တာ ဖြစ်တဲ့အတွက်၊ ပြည်သူအများနဲ့ သက်ဆိုင်တာ ဖြစ်တဲ့အတွက် ကျနော်တို့ အနုပညာသမားတွေ ကိုယ်တိုင်လည်း ဒီဟာကို လက်မခံဘူးဆိုတာ ပြည်သူတွေနဲ့အတူ ရပ်တည်တဲ့ သဘောပဲပေါ့။ အဲဒီလိုနဲ့ပဲ ကျနော် ဒီတော်လှန်ရေးထဲမှာ ပါဝင်ဖြစ်တာပဲ။ အစက...

သရုပ်ဆောင် ဒေါင်းနဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်  / ယုဖြူဟန် / ဧရာဝတီ

ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပထမဆုံးတွေ စုနေတဲ့ “လိပ်ပြာစံအိမ်”

by ယုဖြူဟန်
3 February 2019
10.3k

ဒီကားကြည့်ပြီးတော့ အမေနဲ့ သမီးကြားက ခံစားချက်ကို ခံစားလိုက်ရတာ ရင်ထဲကို ဆို့နင့်တယ်။ သူ သရုပ်ဆောင်သွားတာ အမေတယောက်ရဲ့မေတ္တာကို မြင်ရပါတယ်” လို့ ဒေါင်းက ပြောပါတယ်။

သရုပ်ဆောင် ဒေါင်း  / ယုဖြူဟန် / ဧရာဝတီ

“ကျနော် Gay တယောက် မဟုတ်ဘူး”လို့ ပြောလိုက်တဲ့ သရုပ်ဆောင် ဒေါင်း

by ချစ်ပိုး
16 August 2018
6k

တက္ကသိုလ်ကျောင်းသားပုံစံနဲ့ ကာရိုက်တာကို စိတ်ကူးယဉ်ခဲ့ဖူးတဲ့ သရုပ်ဆောင် ဒေါင်းဟာ တက္ကသိုလ် ကျောင်းသားဘဝကို မခံစားခဲ့ရဘူးလို့ ဆိုပါတယ်။

ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်လမ်းတွဲတွင် မြဝတီမင်းကြီး ဦးစအဖြစ် သရုပ်ဆောင်သည့် မင်းသား ဒေါင်း

ဒေါင်းနဲ့ နှင်းသွေးယုအောင် ပါဝင်တဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်လမ်းတွဲ မကြာမီပြမည်

by ဧရာဝတီ
30 December 2021
5.8k

ဇတ်လမ်းမှာ ကုန်ဘောင်ခေတ်နှင့် အယုဒ္ဓယ ခေတ်နှောင်းပိုင်းကို အခြေခံကာ ရိုက်ကူးထားခြင်းဖြစ်ပြီး မြန်မာသရုပ်ဆောင် ဒေါင်းမှာ မြဝတီမင်းကြီး ဦးစအဖြစ် ပါဝင်သလို၊ မြန်မာစာပေတွင် ထင်ရှားသည့် ရာမရကန်ကို ရေးသားသူ ဦးတိုးအဖြစ် ထိုင်နိုင်ငံသား တက္ကသိုလ်ဆရာတဦးဖြစ်သူ မြန်မာစာပေကိုလေ့လာနေသည့် ဆစ်တီပွန်...

Next Post
ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော်

အာရှရုပ်ရှင်တွေကို ပြသမယ့် ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော် မကြာခင် ကျင်းပမည်

မင်းသား Matt Damon

သရုပ်ဆောင်ကြေး ဒေါ်လာ သန်း ၂၅၀ ရမယ့် အခွင့်အရေးကို လက်လွတ်ခဲ့တဲ့ Matt Damon

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate