မင်းသား Matt Damon ဟာ ကမ္ဘာပေါ်မှာ သရုပ်ဆောင်ကြေး အများဆုံးဖြစ်ခဲ့တဲ့ ဇာတ်ရုပ်မှာ ပါဝင်သရုပ်ဆောင်ဖို့ အခွင့်အရေးကို လက်လွတ်ခဲ့တယ်လို့ ဆိုပါတယ်။ အော်စကာဆုရှင် မင်းသား Matt နဲ့ မင်းသား Christian Bale တို့ဟာ “British GQ” မဂ္ဂဇင်းရဲ့ အင်တာဗျူးတခုမှာ ပါဝင်ခဲ့ကြပါတယ်။
အဲ့ဒီ အင်တာဗျူးမှာ မင်းသား Matt က ငွေကြေးပမာဏ အတော်များများ ရရှိမယ့် “Avatar” ရုပ်ရှင်မှာ အဓိကဇာတ်ကောင် အဖြစ် ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက Avatar ရုပ်ရှင်အတွက် ကမ်းလှမ်းတယ်။ သူကျနော့်ကို လာကမ်းလှမ်းတုန်းက သူက နားထောင်ပါ၊ ငါဘယ်သူ့ကိုမှ မလိုချင်ဘူး။ ဒီအတွက် တခြားနာမည်တခုကို မလိုအပ်ဘူး။ တကယ်လို့ မင်းလက်မခံဘူးဆိုရင် ငါကတခြား လူမသိတဲ့ မင်းသားကိုရှာပြီး သူ့ကိုပေးရမယ်။ တကယ်လို့ မင်းလက်ခံမယ်ဆိုရင် မင်းကို ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းပေးမယ် လို့ပြောခဲ့တယ်”လို့ မင်းသား Matt က ပြောပါတယ်။
တကယ်သာ မင်းသား Matt အနေနဲ့ အဲ့ဒီ ကမ္ဘာကျော်ရုပ်ရှင်မှာ ပါဝင်ဖြစ်ရင်တော့ အနုပညာကြေး ဒေါ်လာ သန်း ၂၅၀ ကို ရရှိမှာဖြစ်ပေမယ့် နောက်ဆုံးမှာတော့ အဲ့ဒီဇာတ်ရုပ်ဟာ မင်းသား Sam Worthington လက်ထဲကို ရောက်သွားခဲ့ပါတယ်။
မင်းသားက “ကျနော်တို့ Promised Land ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးနေတဲ့ အချိန်မှာ ဒီအကြောင်း John Krasinski ကို ပြောပြခဲ့တယ်။ ကျနော်တို့က အဲ့ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေး နေခဲ့ကြတာပါ။ ကျနော်တို့က မီးဖိုချောင်ထဲမှာ ဇာတ်ညွှန်းရေးနေပြီး ခဏနားတဲ့အချိန်မှာ ကျနော်က သူ့ကို အဲ့ဒီအကြောင်း ပြောပြလိုက်တယ်။ သူက တအံ့တသြဖြစ်သွားခဲ့တယ်။ သူက ခင်ဗျားက ဒီရုပ်ရှင်မှာ ပါဝင်ဖြစ်ခဲ့ရင် ခင်ဗျားရဲ့ ဘဝမှာ ဘယ်အရာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူးတဲ့။ ကုန်ကုန်ပြောရရင် ငါတို့တောင် အာကာသထဲမှာ စကားပြောနေရလောက်ပြီ လို့ ပြောခဲ့ပါတယ်”လို့ ဆိုပါတယ်။
ဒီနေ့မှာ နောက်ဆက်တွဲ ဇာတ်လမ်း ၄ ကားအထိ ထုတ်လုပ်နေပြီဖြစ်တဲ့ အော်စကာဆုရ ရုပ်ရှင်မှာ သူ မပါဝင် ဖြစ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်အတွက် နောင်တရမိတဲ့အကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပိုက်ဆံတွေ အများကြီးရမှာမို့လို့ နောင်တရတာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
မင်းသား Matt က “ဟုတ်တယ်။ ကျနော်က တခြားမင်းသားတွေထက် စားပွဲပေါ်မှာ ပိုက်ဆံတွေ ပိုပြီးထားခဲ့ရတယ်။ ကျနော်ဆိုလိုချင်တာက ဒီနေ့အထိ ပိုကြီးမားတဲ့အရာဖြစ်နေတာက ပြောရရင် ကျနော့်ရဲ့ ပိုကြီးမားတဲ့ နောင်တကတော့ “The Bourne Ultimatum” ရုပ်ရှင်ထဲက ကျနော့်သူငယ်ချင်းတွေ အားလုံးနဲ့ Paul Greengrass အတွက် ပြဿနာဖြစ်နေခဲ့မှာကိုပါပဲ။ ဒါကြောင့် ကျနော် မပါဝင်နိုင်ခဲ့တာပါ”
“ဒါပေမယ့် ဒါရိုက်တာ Cameron က ဒီလိုမျိုးပြောသေးတယ်။ မင်းသိပါတယ်။ ငါက ရုပ်ရှင် ၆ ကား လောက်ကိုပဲ ရိုက်ရသေးတာ။ ငါ အဲ့ဒါကို မယုံကြည်နိုင်ဘူးတဲ့။ သူက ရုပ်ရှင်ရိုက်တာ ကျဲတဲ့ သူပါ။ ဒါပေမယ့် သူ့ရဲ့ ရုပ်ရှင်တွေအားလုံးကို လူတိုင်းသိကြပါတယ်။ ဒါကြောင့် သူလုပ်နိုင်တာထက် ပိုပြီး လုပ်ခဲ့ပြီလို့ ခံစားရပါတယ်။ ကျနော်ကတော့ သူနဲ့အလုပ်အတူတွဲလုပ်ဖို့ အခွင့်အလမ်းကို လက်လွှတ်ခဲ့တာကလွဲပြီး ပြောဖို့ စကားမရှိပါဘူး။ ကျနော် အဆင်ပြေနေပါတယ်”လို့ ပြောပါတယ်။
Ref: etcanada
You may also like these stories:
သမ္မတ ဒေါ်နယ်ထရန့်ကြောင့် မင်းသား Matt Damon သြစတေးလျကို အိမ်ပြောင်းမယ်လို့ သတင်းထွက်ပေါ်
သည်းထိတ်ရင်ဖိုရုပ်ရှင်မှာ အတူမြင်တွေ့ရမယ့် Ben Affleck နဲ့ Matt Damon
Matt Damon ကို လက်ထပ်ပြီး နှစ်နိုင်ငံသား ဖြစ်ခွင့်ပေးချင်တယ်လို့ Chris Hemsworth အရွှန်းဖောက်