Entertainment

Live ထုတ်လွှင့်နေစဉ်မှာ ရင်သားကို မတော်တဆ လှစ်ဟပြသလို ဖြစ်ခဲ့တဲ့ K-pop စတား Sulli

K-pop စတား Sulli ဟာ ဆိုရှယ်မီဒီယာပေါ်ကနေ Live ထုတ်လွှင့်မှုတခုမှာ အဝတ်အစား ဘိုသီဘတ်သီ ဖြစ်ရာကနေ ဖုံးကွယ်သင့်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို လှစ်ဟပြသလို ဖြစ်ခဲ့တာကြောင့် အခုလို ခေတ်ပေါ် ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ အင်တာနက်ပေါ်မှာ ဆွေးနွေးငြင်းခုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အများပြည်သူရှေ့မှာ အတွင်းခံ ဘရာစီယာ မပါတဲ့ ပုံစံကို ပြသလေ့ရှိတဲ့ အသက် ၂၅ နှစ်အရွယ် အဆိုတော်နဲ့ မင်းသမီး Sulli ဟာ Instagram မှာ ဖြောင့်ထားတဲ့ သူ့ဆံပင်ကို ပြသတဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။

ဒါပေမယ့် V ပုံစံကျကျ ဖြစ်တဲ့ သူ့ရဲ့ အင်္ကျီဟာ သူလှုပ်ရှားနေတဲ့အချိန်မှာ ရင်သားတခုလုံးကို အပြည့်အဝ ဖုံးကွယ်နိုင်ခြင်း မရှိတော့တာကို တွေ့ရပါတယ်။ ဗီဒီယိုရဲ့ တချို့အပိုင်းတွေမှာ သူ့ရဲ့ညာဘက်ရင်သား တခုလုံး ပေါ်နေခဲ့တဲ့အတွက် အွန်လိုင်းမှာ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သတိကြီးတဲ့ ပရိသတ်တော်တော်များများကတော့ လူမှုစံနှုန်းတွေနဲ့ ပတ်သက်လို့ သတိပေးပြောကြာတာတွေလည်း ရှိလာခဲ့တာပါ။

အမျိုးသမီးအဆိုတော်အဖွဲ့ f(x) ရဲ့ အဖွဲ့ဝင်ဟောင်း Sulli ဟာ အခုလိုမျိုး အငြင်းပွားဖွယ် ကိစ္စဖြစ်တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကလည်း ဆိုရှယ်မီဒီယာပေါ်မှာ အတွင်းခံ အဝတ်အစားပါတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးပြီးတင်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

အခုနှစ် ဇူလိုင်လကတည်းက သူဟာ အတွင်းခံ ဘရာစီယာ မဝတ်ရေး လှုပ်ရှားမှုအတွက် ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ပြောလာပါတယ်။

သူက “ဘရာစီယာတွေဟာ ဝါယာကြိုးတွေလိုပါပဲ။ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဘရာစီယာ မဝတ်တာ သက်သောင့်သက်သာ ဖြစ်ပါတယ်။ လှပပြီး သဘာဝကျပါတယ်။ ကျမအတွက်တော့ ဘရာစီယာ ဆိုတာ အသုံးအဆောင်ပစ္စည်း တခုလိုပါပဲ။ တချို့ အဝတ်အစားတွေနဲ့ တွဲဖက်ဝတ်မယ်။ တချို့အဝတ်အစားတွေနဲ့ တွဲမဝတ်ဘူး။ ဒါကြောင့် ကျမက ဘရာစီယာကို မဝတ်တာပါ” လို့ ပြောကြားခဲ့ဖူးပါတယ်။

Ref: asiaone

You may also like these stories:

အတွင်းခံ ဘရာစီယာ မဝတ်ဘဲ ပရိသတ်ရှေ့မှောက် ထွက်ခဲ့ကြတဲ့ ဟောလိဝုဒ် အနုပညာရှင်များ

ဘရာစီယာ မဝတ်ဆင်ခြင်းက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်ရှိလဲ

အမျိုးသမီးတွေ Bra မဝတ်ဘဲ နေခြင်းရဲ့ ကောင်းကျိုးများ

ပွင့်လင်းလွန်းတဲ့ ဝတ်စုံကြောင့် အပေါစားဆန်တယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ အဆိုတော် HyunA

Loading