Entertainment

ကျန်တဲ့ အမျှတကြိမ်ကို ပရိသတ်တွေ ခေါ်ပေးဖို့ တောင်းဆိုလိုက်တဲ့ ဒါရိုက်တာ စတီးလ်

Want create site? Find Free WordPress Themes and plugins.

ရုပ်ရှင်ဇာတ်ကားကောင်းတွေ ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ကတော့ မကြာခင် ရုံတင် ပြသမယ့် “အမျှ အမျှ” ရုပ်ရှင်ကား ဖန်တီးဖြစ်ပုံနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။

“ကျနော် ၂၀၁၆ ခုနှစ်က နိုင်ငံခြားကား တကား ကြည့်ရတယ်။ ကြည့်ရတဲ့ နိုင်ငံခြားကားလေးရဲ့ ဖရိန်လေးကို ယူပြီးတော့ ကျနော်လိုချင်တာကို မြန်မာမှုပြုပြီး ဇာတ်လမ်းလေးကို ဖန်တီးဖြစ်တာပေါ့။ ၅၂၈ မေတ္တာကို သရဲနဲ့ နည်းနည်းတွဲထားတာ။ နှစ်တွေကြာပြီးမှ ရုံတင်ရတော့ ကိုယ်မွေးထားတဲ့ ကလေးကို ဒီနေ့မှ ထုတ်ပြခွင့်ရတဲ့ သဘောပေါ့။ အခုလို ပြခွင့်ရတော့ အတိုင်းအထက် အလွန်ဝမ်းသာတယ်။ ဒီကားလေးရဲ့ ပေးချင်တဲ့ Message က မိဘတွေ ဘယ်ဘဝရောက်ရောက် သားသမီးကို စောင့်ရှောက်တယ်ဆိုတာကို ပြချင်တာပါ”

“ကျနော့်ကားလေး မထွက်ခင် Teaser လေးကို အရမ်းအားပေးကြတဲ့အတွက် ပရိသတ်ကို အရမ်းကျေးဇူးတင်ပါတယ်။ ပရိသတ်ကျေးဇူးက အရမ်းကြီးမားပါတယ်။ အခက်အခဲတွေလည်း အများကြီး ရှိတယ်။ ကလေးသရုပ်ဆောင်တွေကိုလည်း ကျနော်တို့ သေချာရွေးထားတာပေါ့။ သူတို့ကို ပုံပြောသလိုပြောပြီး ရိုက်ခဲ့ရတယ်။ ကျနော် အကောင်းဆုံးတော့ ဖန်တီးရိုက်ကူးထားပါတယ်”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

“အမျှ အမျှ” ဇာတ်ကားကြည့်ရှုပြီး အမျှ ၃ ကြိမ် ခေါ်ဖို့အတွက် ကျန်တဲ့ အမျှ တကြိမ်ကိုတော့ ပရိသတ်တွေ ခေါ်ပေးကြပါလို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။

“ကျနော်တို့ မြန်မာလူမျိုးတွေက အလှူလုပ်ပြီဆိုရင် နောက်ဆုံး အမျှ ၃ ကြိမ် ခေါ်လိုက်လို့ရှိရင် ဒီအလှူက မွန်မြတ်တယ်လို့ စိတ်ထဲမှာ ထင်တယ်လေ။ ဒါပေမဲ့ ကျနော် ဇာတ်ကောင် ၂ ခုက အမျှက ၂ ကြိမ်ပဲ ရှိထားတဲ့အတွက် နောက်တကြိမ်က ပရိသတ်နဲ့ ဆိုင်တယ်ဆိုပြီး ထားထားတာပေါ့။ ဒါကို ရုပ်ရှင်ကြည့်တဲ့ ပရိသတ်တွေက အမျှ နောက်ဆုံး တကြိမ်ကို ခေါ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျနော် ရိုက်တဲ့ ဇာတ်ကားတော်တော်များများက စူပါတွေထက် ဇာတ်ကို ဦးစားပေးရိုက်တာ ဖြစ်တဲ့အတွက် တခါတလေ အားငယ်မိတယ်။ အားငယ်သူကို အားပေးပါ”လို့ စတီးလ်က ပြောပါတယ်။

“အမျှ အမျှ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ ၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်၊ လင်းဇာနည်ဇော်နဲ့ ကလေးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ယွန်းမေနဲ့ ချစ်စနိုး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။

“အမျှ အမျှ” ရုပ်ရှင်ဇာတ်ကားကြီး ကို R Square ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

You may also like these stories:

ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ ရုံတင်ခွင့်မရသေးတာနဲ့ ပတ်သက်လို့ ဒါရိုက်တာစတီးလ်ရဲ့ ခံစားချက်

“နိုင်ငံကြီးသား” ရုပ်ရှင်ကို နေတိုးကြောင့် အဓိက ပုံဖော်ဖြစ်ခဲ့တာလို့ ဒါရိုက်တာ စတီးလ် ပြော

“Now and Ever” ရုပ်ရှင်နဲ့ ပတ်သက်ပြီး အရမ်းရင်ခုန် မျှော်လင့်နေတဲ့ သရုပ်ဆောင် ဇဏ်ခီ

ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ကားကြီး ကွာခြားချက်ကို ပြောပြတဲ့ သရုပ်ဆောင်မင်းဦး

Did you find apk for android? You can find new Free Android Games and apps.
Loading