Entertainment

အသက် ၁၀၀ ပြည့်သွားတဲ့ ပရိသတ်အတွက် မွေးနေ့ဂုဏ်ပြုသီချင်း ဆိုပြခဲ့တဲ့ The Rock

Want create site? Find Free WordPress Themes and plugins.

မင်းသား Dwayne Johnson ဟာ အသက် ၁၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့ အဘွားအိုအရွယ် ပရိသတ်တဦးရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့တုန်းက မင်းသား The Rock ဟာ အသက် ၁၀၀ ပြည့်ခဲ့တဲ့ သူ့ရဲ့ ပရိသတ် Marie Grover အတွက် မွေးနေ့ ဂုဏ်ပြုသီချင်းကို ဆိုပြခဲ့ပြီး ဆုတောင်းစကားလည်း ပြောဆိုခဲ့ပါတယ်။

မင်းသားရဲ့ ချိုသာတဲ့ ဆုတောင်းစကား ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်ကို ကြည့်နေတဲ့ အဘွား Grover က “ဟာ The Rock ပဲ” လို့ ဝမ်းသာစွာ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီနောက် မင်းသားဟာ ဟက်ပီးဘတ်ဒေးသီချင်းကို လှလှပပသီဆိုခဲ့ပြီး အဘွား Grover က သူ့ရဲ့ ပရိသတ်ဖြစ်ရတာကို အရမ်းဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် “မွေးနေ့မှာ ပျော်ရွှင်ပါစေ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက် မင်းသားက “ခင်ဗျားက ကျနော့်ရဲ့ အမာခံ ပရိသတ်တယောက်လို့ ကြားသိထားရတယ်။ ခင်ဗျားက ကျနော့် ပရိသတ်တယောက်ဖြစ်လို့ အရမ်းဂုဏ်ယူမိတယ်။ ဖိလစ်ဒါးဖီးယားမှာ နေတယ်လို့ ယုံကြည်တယ်။ ကျနော် ဖိလစ်ဒါးဖီးယားကို ချစ်တယ်။ အသက် ၁၀၀ ပြည့်အတွက် အချစ်တွေ အများကြီးနဲ့ ကြီးမားတဲ့ ဂုဏ်ပြုမှုတွေကို ပေးပို့လိုက်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုကို အဘွားရဲ့ သူငယ်ချင်းတယောက်ဖြစ်တဲ့ Jamie Klinger ဆိုသူက လူမှုကွန်ရက်ပေါ်မှာ ဝေမျှခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်ကိုပဲ မင်းသားက ထပ်ဆင့်ဝေမျှခဲ့ပြီး “ဒါလေးကြည့်ရတာ သဘောကျတယ်။ ပျော်ရွှင်ဖွယ် နှစ်တရာပြည့်ပါ။ အဘွား Grover ရေ။ ခင်ဗျား ပရိသတ်တယောက် ဖြစ်ရလို့ ကျနော်ဂုဏ်ယူတယ်။ မွေးဖွားလာလို့လည်း ကျေးဇူးတင်ပါတယ်။ အချစ်များစွာဖြင့် Rock” လို့ ပြန်လည် ရေးသားခဲ့ပါတယ်။

Klingler ဆိုသူက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ကတည်းက သူ့သူငယ်ချင်းဖြစ်သူ အဘွား Grover ဟာ အသက် ၁၀၀ ပြည့်တော့မယ့်အကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ မင်းသားဆီ အကြောင်းကြားထားတာလည်း ဖြစ်ပါတယ်။

Ref: hindustantimes

You may also like these stories:

ကွယ်လွန်သူ မင်းသား Paul Walker မွေးနေ့မှာ ဂုဏ်ပြု အမှတ်တရစကား ဆိုခဲ့ကြသူများ

သူငယ်ချင်း Kevin Hart ဒဏ်ရာရခဲ့လို့ ဟန်နီးမွန်းကို အတိုချုံ့ခဲ့တဲ့ မင်းသား Dwayne Johnson

ဒုတိယ အိမ်ထောင်ပြုလိုက်တဲ့ မင်းသားကြီး The Rock

Did you find apk for android? You can find new Free Android Games and apps.
Loading