လတ်တလော ရုံတင်ပြသနေတဲ့ “စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားမှာ ကောင်လေး ငယ်ငယ်လေးတွေကိုခေါ်ပြီး အသုံးတော်ခံတဲ့သူအဖြစ် သရုပ်ဆောင် ဝါဝါအောင်က ပါဝင်ထားပြီး ဒီကာရိုက်တာမှာ သရုပ်ဆောင်တဲ့အခါ ပါဝင်တဲ့ မင်းသား နေတိုးကို အားနာမိတယ်လို့ ဆိုပါတယ်။
“စပွန်ဆာ ဇာတ်ကားမှာ အန်တီဝါ ရိုက်နေကျ ဇာတ်ရုပ် မဟုတ်တဲ့ ဇာတ်ရုပ်ကို ရိုက်ထားတယ်။ အန်တီဝါဇာတ်ရုပ် ဆန်းဆန်းလေးတွေဆို သဘောကျတယ်။ အန်တီဝါ့ကို ဒီလိုကမ်းလှမ်းတာကိုလည်း လက်ခံတယ်။ ဒီဇာတ်ရုပ်ကို ကမ်းလှမ်းချိန်မှာ မင်းသားဘယ်သူလဲ လို့မေးလိုက်တယ်။ နေတိုးဆိုတော့ အန်တီဝါတို့ကို ဒီကားအတွက် ရိုက်စေချင်လို့ ခေါ်တယ်။ ဒါနဲ့ အန်တီဝါ လက်ခံခဲ့ပါတယ်”
“ဒါရိုက်တာ လိုချင်တဲ့ ပုံကိုပဲ ကြိုးစားသရုပ်ဆောင်ထားတာပါ။ ရိုက်ရတာတွေကလည်း နည်းနည်းကြမ်းတော့ ဆင်ဆာတွေလည်း ထိတယ်ပြောတယ်။ ကိုယ်က ကိုနေတိုးကို အရမ်းအားနာတယ်။ သူကလည်း ဘယ်လိုပဲဖြစ်ဖြစ် ရှက်မှာပဲပေါ့နော်။ ဒါပေမယ့် သူက အေးအေးဆေးဆေးပါပဲ။ ကိုယ်တွေကသာ ရှက်လည်းရှက်၊ ရယ်လည်း ရယ်ချင်နေတာပါ။ ထိတဲ့ ပုံစံမျိုး လုပ်လိုက်တယ်၊ ဒါရိုက်တာ မကြိုက်သေးဘူးပေါ့နော်။ အဲဒီမှာ ၃ ခါလောက် လုပ်လိုက်ရတယ်”လို့ ဝါဝါအောင်က ပြောပါတယ်။
ဝါဝါအောင်ကတော့ “စပွန်ဆာ” ရုပ်ရှင်ကားထဲက သူ့ရဲ့ ကာရိုက်တာအကြောင်းကို ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်ကို ပြောပြဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုယ့်ကာရိုက်တာကို သူအရင် မပြောခင် ကိုယ်က အရင်ပြောပြထားရသေးတယ်။ စပွန်ဆာ ဇာတ်ကားထဲမှာ ညီမ သရုပ်ဆောင်ထားတာက တော်တော်လေး နာမည်ထွက်နေတယ်ပေါ့။ သူကလည်း ဘယ်လိုသရုပ်ဆောင်ထားတာလဲပေါ့။ သူ့ကို ပြန်ရှင်းပြရသေးတယ်”
“နေတိုးကို ခေါ်ပြီးတော့ အသုံးတော်ခံတဲ့ နေရာပေါ့၊ ကောင်လေး ငယ်ငယ်လေးတွေကိုခေါ်ပြီး အသုံးတော်ခံတဲ့ ကာရိုက်တာမှာ သရုပ်ဆောင်ထားတယ်ဆိုတော့ ကိုယ်က သရုပ်ဆောင်ပဲ ကျရာနေရာမှာ သရုပ်ဆောင်ရမှာလေ ဆိုပြီးတော့ ဘာမှ အပြစ်ပြောမသွားဘူး။ မကြည့်ရသေးလို့လား မသိဘူး”လို့ ဝါဝါအောင်က ပြောပါတယ်။
သရုပ်ဆောင် ဝါဝါအောင်ကိုတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဝါဝါအောင်က ၂၀၁၀ ခုနှစ်မှာ ” အမေ့ကျေးဇူးဆပ်ဖူးချင်တယ် ” ဇာတ်ကားနဲ့ လည်း အကယ်ဒမီဆု ရရှိထားပါသေးတယ်။
You may also like these stories:
“အနုပညာအလုပ်ကို မသေမချင်း လုပ်ချင်စိတ်ရှိတယ်”လို့ ဝါဝါအောင် ပြော
သြင်္ကန် အမှတ်တရတွေ ပြောပြတဲ့ သရုပ်ဆောင် အောင်ခိုင်နဲ့ ဝါဝါအောင်
ကျန်းမာရေးကောင်းနေသရွေ့ အကယ်ဒမီပေးပွဲ တက်ဖို့ စိတ်ကူးထားတဲ့ ဝါဝါအောင်
“ကံ ကံ၏အကျိုးကို ယုံကြည်တယ်”ဆိုတဲ့ သရုပ်ဆောင် ဝါဝါအောင်