၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lion King ကာတွန်းရုပ်ရှင်ဟာ အဲဒီခေတ်အခါမှာ အောင်မြင်မှုတွေ ရရှိခဲ့သလို ၂၀၁၉ ခုနှစ်မှာ ပြန်လည် ဆန်းသစ်ခဲ့တဲ့ Lion King Live-action ရုပ်ရှင်ဟာလည်း ကမ္ဘာတဝှမ်းကနေ ၁ ဒဿမ ၆ဘီလျံအထိ ဝင်ငွေရရှိခဲ့ပါတယ်။
အခုလို ခေတ်အဆက်ဆက် အနုပညာအရရော ငွေကြေးအရပါ အောင်မြင်မှုရရှိခဲ့တဲ့ Lion King ရုပ်ရှင်ကို နောက်ဆက်တွဲရုပ်ရှင် ထပ်မံရိုက်ကူးဖို့ Disney အနေနဲ့ ရိုက်ကူးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ Disney အနေနဲ့ Aladdin ရုပ်ရှင်ကိုလည်း နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ အစီအစဉ် ရှိနေပြီး နောက်ဆက်တွဲရုပ်ရှင်တွေ ရိုက်ကူးမယ့် စာရင်းထဲမှာ Lion King ပါ ပါဝင်နေပါတယ်။
“Lion King” (2019) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon Favreau အစား နောက်ထပ် ဒါရိုက်တာတယောက် အစားထိုးကာ နောက်ဆက်တွဲ ရုပ်ရှင်ကို ရိုက်ကူးဖို့ လျာထားတယ်ဆိုတဲ့ သတင်းဟာ မသေချာသေးပေမယ့် အရင့်အရင်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေလို အကောင်းမွန်ဆုံးဖြစ်လာစေဖို့ Disney အနေနဲ့ ရည်ရွယ်ထားတာပါ။
၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့ဖူးတဲ့ Lion King မှာလည်း နောက်ဆက်တွဲ ကာတွန်းရုပ်ရှင် ရှိနေပြီး အဲဒါကတော့ “The Lion King II: Simba’s Pride” ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် “Lion King 1.5” ဆိုတဲ့ အစီအစဉ်လည်း Disney မှာ ရှိနေပြီး Lion King ထဲက တခြားဇာတ်ကောင်တွေဖြစ်တဲ့ Timon နဲ့ Pumbaa တို့ရဲ့ တကိုယ်တော် စွန့်စားခန်းတွေကို သီးခြားရိုက်ကူးဖို့ ဖြစ်ပါတယ်။
Disney အနေနဲ့ မူလ Lion King ရဲ့ ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ ဇာတ်ကောင်တွေကို မထိခိုက် မပျောက်ဆုံးစေဘဲ နောက်ဆက်တွဲရုပ်ရှင်တွေ ထပ်မံရိုက်ကူးဖို့ ရှိနေတာဖြစ်တဲ့အပြင် နောက်ထပ် “Aladdin 2” ရုပ်ရှင်ကိုလည်း Lion King ကို ဖန်တီးခဲ့တဲ့အတိုင်း ထိန်းထားနိုင်ဖို့ ရည်ရွယ်တဲ့အတွက် Disney ရဲ့ ကာတွန်းရုပ်ရှင် ကြိုက်နှစ်သက်သူ ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာ သတင်းပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ခြင်္သေ့ မျိုးသုဉ်းလာခြင်းကို ကာကွယ်ဖို့ “Lion King” ကရတဲ့ အမြတ်ငွေတချို့ Disney လှူဒါန်း
ပရိသတ်တွေကို ခံစားချက်ပေါင်းများစွာ ပေးဦးမယ့် “The Lion King” ရုပ်ရှင်
Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ