• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အချစ်ရေးကို စဉ်းစားဖို့ ခေါင်းထဲမှာ အကန့် မရှိသေးဘူး”လို့ ပြောတဲ့ L ဆိုင်းဇီ

by ယုဖြူဟန်
7 October 2019
in Entertainment
A A
L ဆိုင်းဇီ

L ဆိုင်းဇီ

6.6k
VIEWS
Share on FacebookShare on Twitter

ကချင်တိုင်းရင်းသူ တဦးဖြစ်တဲ့ အဆိုတော် L ဆိုင်းဇီကတော့ သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး စဉ်းစားဖို့အတွက် ခေါင်းထဲမှာ အကန့်မရှိဘူးလို့ ပြောပါတယ်။

“ကျမကတော့ ဒီလိုမျိုးနေရတာ သဘောကျတယ်။ ဒါပေမယ့် ဘုရားက ဆုံဆည်းပေးရင်တော့ မပြောတတ်ဘူး။ အဲ့အတွက်ကို စဉ်းစားဖို့ ခေါင်းထဲမှာ နေရာအကန့်ကို မရှိလို့ ခက်နေတာ”လို့ L ဆိုင်းဇီက ပြောပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13k
မြိတ်မြို့

မြိတ်မြို့

11 May 2025
588
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
255

အခုလို တယောက်တည်း နေရတာဟာ သွားချင်တာသွား၊ စားချင်တာစားလို့ လွတ်လွတ်လပ်လပ်နေရပြီး ဘယ်သူ့ကိုမှ အသိပေးနေစရာ မလိုဘူးလို့ ဆိုပါတယ်။

“တခုရှိတာက ကျေးဇူးတော်ကြောင့် ကျမ အမေကလည်း ကျမကို အရမ်းစိတ်ချတယ်။ ဘယ်သွားသွား ဘယ်အလာလာ စိတ်ချတယ်ဆိုတော့ ဒီလိုမျိုးနေခြင်းအားဖြင့် အပျိုကြီးဆိုတာထက် Single ပေါ့။ သွားချင်တာသွား စားချင်တာ စားလွတ်လပ်တယ်။ အခုဆိုရင် လွတ်လွတ်လပ်လပ် သွားလို့လာလို့ ရတယ်။ မဟုတ်ရင် သံတော်ဦး တင်နေရမှာ”လို့ Lဆိုင်းဇီက ပြောပါတယ်။

ဒီလိုအချစ်ရေးအတွက် မစဉ်းစားဖြစ်တော့တာက ခေါင်းထဲမှာ ရှိမနေကြောင့်သာဖြစ်ပြီး ကိုယ်တိုင်တော့ ရင့်ကျက်တယ်လို့ မခံယူဘူးလို့ ဆိုပါတယ်။

“ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်တယ်လို့တော့ မပြောလိုပါဘူး။ မခံယူပါဘူး။ လူဆိုတာကလည်း တခါတလေကျရင် ကလေးဆန်မိတာတွေလည်း ရှိမှာပဲ။ အရမ်းလည်း အသက်မကြီးသေးဘူးဆိုတော့ အဲ့အချစ်ဆိုတာကို စဉ်းစားဖို့အတွက် ခေါင်းထဲ အကန့်တနေရာကို မရှိတာပါ” လို့ L ဆိုင်းဇီကပြောပါတယ်။

သူမရဲ့အချစ်ရေးကိစ္စများကိုတော့ ပွင့်ပွင့်လင်းလင်း ပြောတတ်ပြီး အဒေါ်ဖြစ်သူ L ခွန်းရီကတော့ လူကြီးဖြစ်တဲ့အတွက် ဘာမှမပြောသော်လည်း အစ်ကိုဖြစ်သူ L လွန်းဝါ နဲ့ အစ်မဖြစ်သူ ရေဗက္ကာဝင်းတို့ကတော့ နှမြောတဲ့အတွက် မယူစေချင်ကြဘူးလို့ သိရပါတယ်။

“ကျမက တခုရှိတာက အဖေဘက်ရော၊ အမေဘက်ရောကို ကျမ တခုခုလုပ်မယ်ဆိုရင် အကုန် အသိပေးတယ်။ ရည်းစားထားတာကအစ သူတို့သိတယ်။ ဟိုးအရင် ရည်းစားတွေကအစ သူတို့ သိတယ်။ အကုန်လုံးနဲ့ မိတ်ဆက်ပေးထားတာ။ ပြတ်ကာမှ ပြတ်ပေါ့”

“ကိုလွန်းဝါကတော့ အရမ်းကြီး မတိုက်တွန်းဘူး။ နားလည်တယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်ရင် မယူစေချင်ဘူး။ နှမြောကြတယ်။ အန်တီ ခွန်းရီကတော့ လူကြီးဆိုတော့ ဘာမှသိပ်မပြောဘူး။ ရေဗက္ကာတို့ကတော့ ဖြစ်နိုင်ရင် မယူစေချင်ဘူး။ ဟင့်အင်းပဲ” လို့ L ဆိုင်းဇီက ပြောပါတယ်။

ဘယ်လိုလူမျိုးနဲ့ ဖူးစာဆုံချင်လဲဆိုတာကိုတော့ L ဆိုင်းဇီက “လူဆိုတာက အကောင်းချည်းပဲ ကြိုက်တာလေ။ အကုန်လုံးက ပြည့်စုံတဲ့သူ၊ ချမ်းသာတဲ့သူ၊ ပညာတော်တဲ့သူ ဒါမျိုးတွေပဲ လိုချင်ကြတာလေ။ ဒါပေမယ့် ဘယ်လိုမျိုးတွေပဲ လိုချင်လိုချင် ပညာပေးတဲ့သူပဲ ရမှာလေ။ ကိုယ့်မှာ စံချိန်စံနှုန်း သတ်မှတ်ထားတယ်ဆိုပေမယ့် ဘုရားပေးတဲ့သူပဲပေါ့” လို့ ပြောပါတယ်။

ဂီတလှုပ်ရှားမှုအနေနဲ့ အဒေါ်ဖြစ်သူ L ခွန်းရီရဲ့အောင်မြင်ခဲ့တဲ့ သီချင်းများကို ပြန်လည် သီဆိုထားတဲ့ “မိုးကောင်းကင်အိပ်မက်” ဆိုတဲ့အခွေ ထွက်ရှိထားပြီး နောက်ထပ်လည်း Lခွန်းရီရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းများကို ဆက်လက် သီဆိုကာ အခွေ ထွက်ရှိသွားမယ်လို့ သိရပါတယ်။

You may also like these stories: 

အဒေါ်ဖြစ်သူ သီချင်းတွေ မြှုပ်ကွယ်သွားမှာ ကြောက်လို့ သီချင်းပြန်ဆိုတဲ့ L ဆိုင်းဇီ

Your Thoughts …
Tags: L ဆိုင်းဇီအချစ်ရေး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ကိုယ့်ချစ်သူ တခုခုဖြစ်နေတဲ့အခါ (သို့မဟုတ်) သဝန်တိုတာမျိုး ဖြစ်နေတဲ့အခါ တယောက်နဲ့ တယောက် အားပေးပါ

အချစ်ရေးမှာ သဝန်တိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် ၇ ချက်

by Crayon
9 April 2018
11.7k

ကိုယ့်ရဲ့ ချစ်သူက တခုခု ဖြစ်နေတဲ့အခါ (သို့မဟုတ်) သဝန်တိုတာမျိုး ဖြစ်နေတဲ့အခါ ငါနဲ့မ ဆိုင်ဘူးလေ၊ ငါဘာမှ မလုပ်ထားဘူး ဆိုတာမျိုးနဲ့ ရှောင်ပြေးနေမယ့်အစား သူစိတ်ခံစားချက် ကောင်းမွန်လာအောင် ဖျောင်းဖျ သင့်ပါတယ်။

အချစ်ရေးမှာ အမြဲ ကျန်ရစ်ဖြစ်ရတဲ့ အကြောင်းအရင်းများ

အချစ်ရေးမှာ အမြဲ ကျန်ရစ်ဖြစ်ရတဲ့ အကြောင်းအရင်းများ

by ရေဗန်
21 February 2019
5.9k

လက်ရှိချစ်သူကို အတိတ်က ချစ်သူနဲ့ အမြဲခိုင်းနှိုင်းပြီး ပြောဆိုနေမယ်ဆိုရင် လက်ရှိချစ်သူကလည်း သူတို့ကိုသူတို့ ယုံကြည်မှုကင်းမဲ့ပြီး သင်တို့ နှစ်ယောက်ကြား ပြဿနာတွေ ပိုများလာနိုင်ပါတယ်။

အချစ်ရေးမှာ နှစ်ဦးကြား ပြဿနာ နည်းအောင် ထိန်းသိမ်းရမယ့် နည်းလမ်းတွေ ရှိပါတယ်

အချစ်ရေးမှာ ပြဿနာနည်းအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်း ၅ ခု

by Crayon
10 June 2018
11.8k

တယောက်က ရည်မှန်းချက် အရမ်းကြီးတာကြောင့် အချစ်ရေးကို ဦးစားမပေးဘူး၊ တဖက်လူက ဂရုစိုက် ခံချင်တယ်ဆိုရင် ပြဿနာ ရှိလာပါပြီ။ ဒါ့အပြင် သင်က ကိုယ်ရည်သွေးပြီး တဖက်သားကို နှိမ့်ချတာမျိုး ရှောင်ကြဉ်ပါ။

မော်ဒယ် ၊ သရုပ်ဆောင် တိုင်ရွန်  /  Tyron's Facebook

“ရည်းစားထားရင် Public မှာ ပုံတင်မှာ မဟုတ်ဘူး”လို့ ပြောတဲ့ တိုင်ရွန်

by ယုဖြူဟန်
23 September 2019
5.8k

ရည်းစားကပြတ်သွားတာ ၂ ရက်ပဲ ရှိသေးတယ်။ လောလောဆယ် ရင်သိပ်မခုန်သေးတာရော အလုပ်မအားတော့ အာရုံမစိုက်ဖြစ်တာ ပါတယ်။

အလှမယ်ခင်ဝင့်ဝါ / Khin Wint Wah's Facebook

“အတ္တမပါဘဲ ချစ်နေရင် အကောင်းဆုံး”လို့ ဆိုလာတဲ့ ခင်ဝင့်ဝါ

by ချစ်ပိုး
30 December 2019
6.1k

အချစ်ကို ထွေထွေထူးထူး နားမလည်ထားဘူး။ အချစ်ဆိုတာ ချစ်နေရရင် ပြီးပြီလေ။ အဲ့လိုပဲ သတ်မှတ်ထားတယ်။ အများကြီး အဓိပ္ပါယ် မဖွဲ့တတ်ဘူး။ ကိုယ်ကသူ့ကို ချစ်နေရရင် ပြီးပြည့်စုံတယ်ပေါ့။

သရုပ်ဆောင် အိချောပို  / Ei Chaw Po's Facebook

“လက်ရှိ အချစ်ရေးက ဖြေရှင်းထားတဲ့ အတိုင်းပါပဲ”လို့ ပြောတဲ့ အိချောပို

by ယုဖြူဟန်
25 August 2019
26k

“ချစ်သူက မင်းသားထဲက မဟုတ်ဘူးဆိုတဲ့ အကြောင်း မဟုတ်လို့ ဖြေရှင်းလိုက်တာပေါ့။ ကောလာဟလ ဆိုတာကတော့ ဒီလိုပဲ ရှိပါတယ်။

Next Post
Uber ရဟတ်ယာဉ်တက္ကစီ ဝန်ဆောင်မှု

Uber ရဟတ်ယာဉ်တက္ကစီ ဝန်ဆောင်မှုကို နယူးယောက်တွင် စတင် အသုံးပြုနိုင်ပြီ

သရုပ်ဆောင် မိုးအောင်ရင်  / ချစ်ပိုး / ဧရာဝတီ

သရဲခြောက်ခံခဲ့ရဖူးတဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် မိုးအောင်ရင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate