Entertainment

Marvel စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေတဲ့ မင်းသမီး Priyanka Chopra

Want create site? Find Free WordPress Themes and plugins.

မင်းသမီး Priyanka Chopra ဟာ Marvel စူပါဟီးရိုးတယောက်အနေနဲ့ သရုပ်ဆောင်ချင်နေတယ်လို့ သိရပါတယ်။ မင်းသမီး Priyanka ဟာ Marvel ရုပ်ရှင်စီးရီးတွေမှာ အိန္ဒိယစူပါဟီးရိုး တယောက်အနေနဲ့ ပါဝင်ချင်နေပြီး အဲ့ဒီဇာတ်ရုပ်ကို ရရှိဖို့ တွန်းအားပေးလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Metro.co.uk မီဒီယာနဲ့ စကားပြောဆိုခဲ့ရာမှာ မင်းသမီးက “အခုအချိန်မှာ တော်တော်လေး စိတ်ကူးယဉ်ဆန်နေတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် တကယ့်ကို သေချာပါတယ်။ ကျမက တကယ့်ကို ထူးခြားတဲ့ စူပါဟီးရိုးတယောက်ဖြစ် ပါတယ်။ တကယ့် လက်တွေ့ဘဝမှာလည်း အဲ့ဒီလိုမျိုး ခံစားရပါတယ်”လို့ ဆိုပါတယ်။

မင်းသမီးအနေနဲ့ အခုလိုမျိုး Marvel နဲ့ ပတ်သက်တဲ့ သတင်းထွက်လာတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ “Avengers: Endgame” လိုမျိုး Marvel ရုပ်ရှင်တချို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Joe Russo နဲ့ မင်းသမီးတို့ဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးနေတာ ကြာခဲ့ပြီလည်း ဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းက ဒါရိုက်တာ Joe က “Priyanka နဲ့ ကျနော် အလုပ်လုပ်ချင်ပါတယ်။ တခုခုနဲ့ ပတ်သက်လို့ သူနဲ့ ဆွေးနွေးနေပြီ ဖြစ်လို့ ကျနော် အခုအချိန်မှာ ပြုံးနေနိုင်ပါပြီ။ ဒါပေမယ့် ဘာလဲဆိုတာ ကျနော် ပြောမှာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။

ဘဝမှာ ဘယ်လို ကိုယ်စားပြုနေထိုင်ရမယ်ဆိုတာ အရေးကြီးတယ်ဆိုတဲ့ အချက်က ဘယ်လိုမျိုး ဇာတ်ရုပ်ကို သရုပ်ဆောင်ချင်သလဲဆိုတာ သူ့ကို ဆုံးဖြတ်ပေးတယ်လို့ မင်းသမီးက ဆိုပါတယ်။ အသက် ၃၇ နှစ်အရွယ် မင်းသမီး Priyanka ဟာ ၂၀၀၀ ပြည့်နှစ်တုန်းက မယ်ကမ္ဘာဆုကို ရရှိခဲ့သူဖြစ်ပြီး မင်းသမီး၊ အဆိုတော်၊ ရုပ်ရှင်ထုတ်လုပ်သူအဖြစ်လည်း အနုပညာခရီးလမ်းကို လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံးနဲ့ နာမည်အကျော်ကြားဆုံး မင်းသမီးတယောက်လည်း ဖြစ်ပါတယ်။ အမျိုးသားရုပ်ရှင်ဆု တခုနဲ့ Filmfare ဆု ၅ ဆု အပါအဝင် ဆုအမြောက်အများကို ရရှိခဲ့ပြီး Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးနိုင်မှု အရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာလည်း ပါဝင်သူ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ မယ်ကမ္ဘာဆု ရရှိခဲ့ပြီးခဲ့တဲ့နောက် ဘောလိဝုဒ် အနုပညာလောကထဲ ရောက်ရှိလာခဲ့တဲ့ မင်းသမီးဟာ ၂၀၁၇ ခုနှစ်မှာတော့ Baywatch လိုမျိုး ဟောလိဝုဒ် ရုပ်ရှင်မှာ ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ABC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Quantico ရုပ်သံစီးရီးမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်အဆိုတော် Nick Jonas နဲ့ လက်ထပ်ခဲ့ပါတယ်။

Ref: contactmusic

You may also like these stories:

၂၀၁၉ ရဲ့ အကောင်းဆုံး ဝတ်စားဆင်ယင်သူတွေအဖြစ် Priyanka Chopra တို့ စုံတွဲ သတ်မှတ်ခံရ

ခင်ပွန်းသည် Nick Jonas ကို Photoshop နဲ့ ပြင်ထားတဲ့ပုံတင်ပြီး အားပေးခဲ့တဲ့ Priyanka Chopra

Netflix ရဲ့ စူပါဟီးရိုး ရုပ်ရှင်ကားမှာ ပါဝင်လာမယ့် ဘောလိဝုဒ်မင်းသမီး Priyanka Chopra

စစ်တပ်ကို အားပေးတဲ့ ပို့စ်ကြောင့် မင်းသမီး Priyanka Chopra ဝေဖန်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading