နာမည်ကျော် ကိုရီးယား စာရေးဆရာမ Noh Hee Kyung ရဲ့ ဒရာမာအသစ်ဖြစ်တဲ့ “Here” မှာ အဓိက ပါဝင်လာမယ့် သရုပ်ဆောင်စာရင်းကို အတည်ပြုလိုက်ပါတယ်။ အခုပါဝင်လာတဲ့ သရုပ်ဆောင် စာရင်းကို ကြည့်မယ်ဆိုရင် ကိုရီးယားရဲ့ တကယ့်နာမည်ကျော် မင်းသားနဲ့ မင်းသမီးတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့မှာတော့ မင်းသား လီဗြောင်ဟွန်း၊ မင်းသမီး ဟန်ဂျီမင်း၊ မင်းသမီး ရှင်မင်းအာ၊ မင်းသား ဘေဆောင်ဝူးနဲ့ မင်းသား နမ်ဂျူယော့တို့ ပါဝင်လာမယ်လို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
အခု ဒရာမာကတော့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့တခုအကြောင်း ဇာတ်အိမ်တည်မယ်လို့ သိရပါတယ်။ စာရေးဆရာမ Noh Hee Kyung ကတော့ နက်ရှိုင်းတဲ့ လူမှုရေး သတင်းစကားတွေ ပါဝင်တဲ့ ဒရာမာ အသစ်တခုကို ဖန်တီးမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းထဲမှာ ပါဝင်မယ့် အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အခုလိုမျိုး နာမည်ကျော်တွေ ပါဝင်တဲ့ သရုပ်ဆောင် စာရင်းကို ကြေညာလိုက်ချိန်မှာတော့ ကိုရီးယားဒရာမာချစ် ပရိသတ်တွေကတော့ ပါဝင်ကြတဲ့သရုပ်ဆောင်တွေရဲ့ ရုပ်ရည်ချောမောမှုနဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် တော်တော်လေးကို စိတ်ဝင်စားနေကြပြီ ဖြစ်ပါတယ်။
မူလကတော့ သရုပ်ဆောင်စာရင်းထဲမှာ မင်းသား ဂျိုအင်ဆောင်ကို ကမ်းလှမ်းထားခဲ့ပေမယ့် အချိန်ဇယား ပြဿနာကြောင့် သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ စာရေးဆရာမ Noh ဟာ ၂၀၁၈ ခုနှစ်က “Live” ၊ ၂၀၁၄ ခုနှစ်က “It’s Okay, That’s Love” ၊ ၂၀၁၃ ခုနှစ် “That Winter, The Wind Blows” ဒရာမာတွေ အပါအဝင် နာမည်ကျော် ဒရာမာတွေကို ရေးသားဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။
ဒရာမာထဲမှာ ဘယ်သရုပ်ဆောင်တွေက ဘယ်လိုဇာတ်ရုပ်တွေကနေ ပါဝင်သရုပ်ဆောင်မယ်ဆိုတာကို မသိရသေးပေမယ့် ရိုက်ကူးရေးကို ၂၀၂၀ ပြည့်နှစ်မှာ စတင်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref: koreaboo
You may also like these stories:
လော့စ်အင်ဂျလိစ်မှာ ဒေါ်လာ ၂ သန်းတန် အိမ်ဝယ်လိုက်တဲ့ လီဗြောင်းဟွန်းတို့ ဇနီးမောင်နှံ
ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် “Baeksang Arts Awards 2019” ဆုပေးပွဲ
အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်တဲ့ ကိုရီးယား သရုပ်ဆောင်များ