X-Men ဇာတ်ကောင်တွေ အများကြီးထဲကမှ ခေတ်အဆက်ဆက် အောင်မြင်မှု ရရှိခဲ့တဲ့ စူပါဟီးရိုးကတော့ Wolverine ပဲ ဖြစ်ပါတယ်။ Marvel Studio အနေနဲ့ လူသိများကျော်ကြားခဲ့တဲ့ Wolverine ရုပ်ရှင်ကို သီးသန့် ရုပ်ရှင်တကား အနေနဲ့မဟုတ်ဘဲ Animated တီဗီစီးရီးအဖြစ် လာမယ့်နှစ်မှာ ထုတ်လုပ်ရိုက်ကူးတော့မယ်လို့ လတ်တလော သတင်းတွေအရ သိရပါတယ်။
မင်းသားကြီး Hugh Jackman အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ Wolverine ရုပ်ရှင်တွေဟာ ၂၀၀၉ ခုနှစ်မှာ “X-Men Origins: Wolverine”၊ ၂၀၁၃ ခုနှစ်မှာ “The Wolverine” နဲ့ ၂၀၁၇ ခုနှစ်မှာ “Logan” တို့ပဲ ဖြစ်ပါတယ်။ Wolverine ကို Animated တီဗီစီးရီးတွေနဲ့ အရင်က ထုတ်လုပ်ခဲ့ဖူးပေမယ့် အဲဒီစီးရီးတော်တော်များများကတော့ Mini စီးရီးအမျိုးအစားတွေ ဖြစ်တာကြောင့် Marvel အနေနဲ့ အခုလို အာရုံစိုက်လာရခြင်းလည်း ဖြစ်ပါတယ်။
Marvel အပေါ် မျှော်လင့်ထားတဲ့ ပရိသတ်တွေအတွက်ကတော့ သူတို့ရဲ့ ဖြစ်စေချင်တဲ့ဆန္ဒတခု အကောင်အထည် ပေါ်လာပြီဖြစ်ပြီး Wolverine ကို တွေ့မြင်နေကျ ပုံစံတွေနဲ့ ကွဲထွက်ကာ အသစ်အဆန်းတခုလို ပြန်လည်ခံစား ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အသစ်ထွက်ရှိလာမယ့် Wolverine Animated စီးရီးကို “Wolverine” လို့ အမည် ပေးထားပြီး Green Arrow နဲ့ X-Force ဇာတ်ညွှန်းတွေကို ရေးသားခဲ့ဖူးသူ Benjamin Percy ကပဲ ရေးသားသွားမှာပါ။
အောင်မြင် ကျော်ကြားခဲ့ဖူးတဲ့ ဇာတ်ကောင်ကို ပြန်လည်ပုံဖော် ဆန်းသစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပေမယ့် Wolverine ကို သူ့မူလပုံစံအတိုင်း အခု Animated တီဗီစီးရီးမှာ တွေ့မြင်ကြရဖို့ ရှိတဲ့အပြင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလဟာ Marvel နဲ့ Wolverine ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားရမယ့် အချိန်ကာလပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
“Avatar” ကို ကျော်ဖြတ်ပြီး Box Office ထိပ်ဆုံးနေရာကို ရယူနိုင်လိုက်တဲ့ “Avengers: Endgame”
Wolverine ရုပ်ရှင်မှာ မင်းသား Hugh Jackman ပြန်လည် ပါဝင်လာနိုင်
“Wolverine” အဖြစ် သရုပ်ဆောင်ချင်တယ်လို့ Jason Momoa ပြော
ပထမဆုံး “X-Men” ရုပ်ရှင်မှာ Wolverine အဖြစ်ကနေ ဖယ်ရှားခံရလုနီးပါး ဖြစ်ဖူးတဲ့ Hugh Jackman