တရုတ်အင်တာနက် ကာတွန်းဝက်ဘ်ဆိုက်မှာ တင်ထားခဲ့တဲ့ “South Park” ကာတွန်းဟာ နိုင်ငံဆင်ဆာ မူဝါဒနဲ့ ငြိစွန်းတယ်ဆိုပြီး ပိတ်ပင်ခံခဲ့ရပြီးတဲ့နောက် အဲ့ဒီ ကာတွန်းဖန်တီးရှင်တွေက တောင်းပန်စကား ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ကြိုးနီစနစ် ဆင်ဆာမူဝါဒ တော်တော်များများကို ထည့်သွင်း ဝေဖန်ထားတဲ့ အပိုင်းတခုနဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေက စိတ်မသက်မသာ ဖြစ်ခဲ့ကြပြီး တဲ့နောက် အဲ့ဒီအနောက်တိုင်း ပစ္စည်း Brand တွေအနေနဲ့ ကမ္ဘာ့အမြင်တွေကို လိုက်နာဖို့ တရုတ်အစိုးရက တောင်းဆိုခဲ့တယ်လို့ သရော်တဲ့စကားလုံးတွေ ပါဝင်တဲ့ ဖန်တီးသူတွေရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
“Band in China” လို့အမည်ပေးတဲ့ အဲ့ဒီအပိုင်းမှာဆိုရင် တရုတ်ထောင်တခုအတွင်းမှ အတင်းအဓမ္မ လုပ်အား ခိုင်းစေမှုအကြောင်း ပုံဖော်ထားပြီး စီးပွားရေးဆိုင်ရာရလိုမှုအတွက် ဆင်ဆာဖြတ်တောက်မှုမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေကိုလည်း သရော်ထားပါတယ်။
ကာတွန်းဇာတ်လမ်းထဲက သီချင်းပြန်ရေးဖို့ တရုတ်ဆင်ဆာတွေရဲ့ ဖိအားကိုရင်ဆိုင်နေရတဲ့ ဇာတ်ကောင်တခုက “ဒီလိုမျိုး ကျနော့်ရဲ့ စိတ်ဝိညာဉ်ကို ရောင်းမစားနိုင်ဘူး။ တရုတ်က ကျနော့်နိုင်ငံရဲ့ အနုပညာကို ထိန်းချုပ်ထားတဲ့ ကမ္ဘာတခုမှာနေဖို့ မထိုက်တန်ဘူး” လို့ ဆိုပါတယ်။
ဟောင်ကောင် ဒီမိုကရေစီအရေး ဆန္ဒပြနေသူတွေကို ထောက်ခံကြောင်း Twitter မှာ ရေးတင်ခဲ့ပြီးတဲ့ နောက် ဝေဖန်ခံရတဲ့ NBA နဲ့ Houston Rockets ဘတ်စ်ဘောဘောလုံးအသင်းတို့ရဲ့ ဖြစ်ရပ်အပြီးမှာ အခုလိုမျိုး အငြင်းပွားဖွယ် ကိစ္စပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် NBA လိဂ်နဲ့ ဘတ်စ်ကတ်ဘော အသင်းတို့က Rockets အသင်းရဲ့ မန်နေဂျာ Daryl Morey ရဲ့ မှတ်ချက် စကားနဲ့ ပတ်သက်လို့ တောင်းပန်ခဲ့ပါတယ်။ NBA လိဂ်ရဲ့ လူကြည့်အများဆုံး ဈေးကွက်တခုဖြစ်တဲ့ တရုတ်နိုင်ငံသား တွေရဲ့ သပိတ်မှောက်ဖို့ လှုံ့ဆော်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီလိုတောင်းပန်မှုတွေကိုတော့ အမေရိကန်နိုင်ငံမှာ ရှုတ်ချပြောဆိုမှုတွေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အမေရိကန်နိုင်ငံက ဝေဖန်သူတွေကတော့ ဘတ်စ်ကတ်ဘောလိဂ်ဟာ ပိုက်ဆံအတွက် ကိုယ်ကျင့်တရားတွေကို စတေးပစ်ခဲ့တယ်လို့ ဆိုပါတယ်။
Twitter မှာတော့ South Park ဖန်တီးရှင်တွေဖြစ်တဲ့ Trey Parker နဲ့ Matt Stone တို့က သူတို့ရဲ့ ဝေဖန်ရေးကာတွန်းနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံမှာ ဖြစ်ခဲ့ရတဲ့ စိတ်ဆိုးဗွေယူစရာကိစ္စကို ဟာသသဘောအနေနဲ့သာ ကြည့်ရှုကြဖို့ တောင်းဆိုထားပါတယ်။
ဖန်တီးသူတွေက “NBA လိုပဲ ကျနော်တို့ရဲ့ အိမ်တွေနဲ့ နှလုံးသားတွေဆီ တရုတ်ဆင်ဆာတွေ လာဖို့ ဖိတ်ခေါ်ပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီထက် ကျနော်တို့ဟာ ပိုက်ဆံကို ပိုချစ်ပါတယ်။ သမ္မတ Xi က Winnie the Pooh ဝက်ဝံနဲ့လည်း မတူပါဘူး” လို့ကြေညာချက်မှာ ဖော်ပြပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာတော့ Weibo နဲ့ နာမည်ကျော် ရုပ်ရှင်သုံးသပ်ရေးဝက်ဘ်ဆိုက် Douban တို့မှာ “South Park” ပတ်သက်လို့ ရှာဖွေမယ်ဆိုရင်တော့ ဘာအကြောင်းကိုမှာ တွေ့မြင်ခဲ့ရခြင်း မရှိခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီကာတွန်းနဲ့ပတ်သက်လို့ တချို့ ဗီဒီယိုကြည့်ရှုနိုင်တဲ့ ဝက်ဘ်ဆိုက်တွေမှာ ကြည့်ရှုနိုင်ပေမယ့် အပိုင်းတွေကို ဖွင့်ကြည့်လို့မရဘဲ ဖြစ်နေခဲ့ပါတယ်။
Ref:asiaone
You may also like these stories:
“Lion King” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်နေပြီဖြစ်တဲ့ Disney
မြောက်အမေရိကရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Abominable” ကာတွန်းရုပ်ရှင်
Joker ရုပ်ရှင်ကြောင့် အကြမ်းဖက်မှု များဆီ ဦးတည်နိုင်လို့ စိုးရိမ်မှုများရှိနေ
Harry Potter ရုပ်ရှင်အသစ်ကို မူလသရုပ်ဆောင်တွေနဲ့အတူ ထုတ်လုပ်တော့မယ့် Warner Bros.