လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းကပဲ Vikings တီဗီစီးရီးရဲ့ Season 6 နဲ့ပတ်သက်ပြီး ပထမဆုံး Trailer ထွက်ရှိလာခဲ့ကာ ကြည့်ရှုသူပရိသတ်တွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ Trailer မှာတော့ Bjorn Ironside ဟာ သူ့အဖေပိုင်ဆိုင်ခဲ့တဲ့နေရာတခုကို ရရှိဖို့ နီးစပ်နေပြီဖြစ်တဲ့အပြင် နေရာဒေသ အသစ်တခုကိုလည်း တီဗီစီးရီးရဲ့ တစိတ်တပိုင်းအနေနဲ့ လှစ်ဟပြသလိုက်ပြီလည်းဖြစ်ပါတယ်။
၂၀၁၃ခုနှစ်ကတည်းက စတင်ပြသခဲ့တဲ့ Vikings တီဗီစီးရီးဟာဆိုရင် စီးရီးရဲ့ ဇာတ်ညွှန်းရေးသားမှုအပိုင်းမှာ ဆွဲဆောင်နိုင်မှုကြောင့် ကမ္ဘာနဲ့တဝှမ်းက ပရိသတ်တွေကြား ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။
Ragnar Lothbrok ဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေ ၊ သူ့မိသားစုနဲ့အတူ အချိန်အတိုင်းအတာတခုအတွင်း ရှာဖွေခဲ့တဲ့ နယ်မြေသစ်တွေ ၊ လူစိမ်းတွေနဲ့မိသားစုကြားက ပဋိပက္ခဖြေရှင်းပုံတွေနဲ့အတူ စီးရီးရဲ့ ဇာတ်ရှိန်ဟာ တရိပ်ရိပ်မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။
Michael Hirst ကိုယ်တိုင် ဖန်တီးရေးသားတည်ဆောက်ထားတဲ့ Vikings တီဗီစီးရီးဟာ သူရေးသားခဲ့ဖူးတဲ့ တခြားတီဗီစီးရီးတခုဖြစ်တဲ့ The Tudors ရဲ့ တည်ဆောက်ပုံကို တစိတ်တဒေသမှီငြမ်းထားတာဖြစ်ပြီး အဲဒီ စီးရီးဟာဆိုရင်လည်း သမိုင်းရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ T
he Tudors နဲ့ Vikings တို့ကြားမှာတော့ ကွဲပြားခြားနားမှုတချို့လည်း ရှိနေတာဖြစ်ပြီး စီးရီးတခုလုံးကို Ragnar အဖြစ် သရုပ်ဆောင်ရတဲ့ Travis Fimmel ကြောင့်ပဲ ချဲ့ ထွင်နိုင်ခဲ့တာပါ။
Ragnar ရဲ့ ဇာတ်သိမ်းကို ရောက်ရှိလာချိန်မှာတော့ သူ့ရဲ့ ဇနီးဖြစ်သူ Lagertha နဲ့ သားတွေကြောင့် စီးရီးရဲ့ ဇာတ်အိမ်တည်ဆောက်မှုကို မထိခိုက်စေဘဲ ကြည့်ရှုသူ ပရိသတ်တွေကို ဆက်လက်ဖမ်းစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Vikings တီဗီစီးရီးဟာ Season 6 နဲ့ နောက်ဆုံး Season အတွက် အဆင်သင့်ဖြစ်နေပြီး ပိုစတာနဲ့ Trailer ထွက်ရှိထားခဲ့ပေမယ့် ဘယ်လိုဇာတ်လမ်းတွေကို ရည်ရွယ်တည်ဆောက်ထားမလဲဆိုတာကိုတော့ ဘယ်သူမှ ခန့်မှန်းနိုင်ခြင်းမရှိသေးပါဘူး။
ထွက်ရှိလာမယ့် Season Trailer ရဲ့ Tagline ဖြစ်တဲ့ A New Regin Begins ဆိုတာကြောင့် ပရိသတ်တွေအတွက် ရင်ခုန်စရာ ကောင်းလာတာတော့ အမှန်ပဲဖြစ်ပါတယ်။
Ref. screenrant.com