Entertainment

Priyanka ရုပ်ရှင်ရိုက်နေလို့ လက်ထပ်ပွဲ ကိစ္စအ၀၀ကို စီစဉ်ခဲ့ရတဲ့ Nick Jonas

မင်းသမီး Priyanka Chopra ဟာ သူ့ရဲ့ ရုပ်ရှင်အသစ် “The Sky is Pink” ကို ရိုက်ကူးနေတာကြောင့် လက်ထပ်ပွဲ ကိစ္စအားလုံးကို Nick Jonas က ဦးစီးဦးဆောင် စီစဉ်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာ လတုန်းက သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲမတိုင်မီအထိ Priyanka ဟာ သူ့ရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကို ရိုက်ကူးနေခဲ့တာကြောင့် အချိန်တွေ မအားမလပ်ဖြစ်ခဲ့ပြီး ရုပ်ရှင်အပေါ်မှာ အာရုံစိုက်နေရပါတယ်။  အဲ့ဒီအချိန်တုန်းက ခင်ပွန်းလောင်းဖြစ်တဲ့ Nick က မင်္ဂလာပွဲအတွက် နောက်ဆုံးအပြီးသတ် ဆုံးဖြတ်ချက်တွေကို ချခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် မင်းသမီး Priyanka က “မင်းက ခက်ခဲတဲ့ ရုပ်ရှင်ကိုရိုက်နေတယ်ဆိုတာကို ငါသိတယ်။ အဲ့ဒါကို အာရုံစိုက်ဖို့ လိုတယ်ဆိုတာကို ငါသိတယ်လို့ Nick က ကျမကိုပြောတယ်။ ပြီးတော့ ဒီစီမံခန့်ခွဲရေးကို သူကိုင်တွယ်မယ်တဲ့။ နောက်ဆုံးအပြီးသတ်တွေကို သူစီစဉ်ပေးမယ်တဲ့။ ဒါကြောင့် ကျမက ရိုက်ကွင်းမှာ ရှိနေတဲ့ အချိန် သူက အိမ်မှာနေပြီး ထိုင်ခုံဇယားတွေနဲ့ အခန်းငှားရမ်းဖို့ ကိစ္စတွေကို ဆုံးဖြတ်နေခဲ့ပါတယ်”

“ကျမ ရုပ်ရှင်အပေါ် အာရုံစိုက်နိုင်အောင် သူက အားလုံးကို လုပ်ပေးခဲ့ပါတယ်။ သူခန့်မှန်းထားတာထက်ကို စောပြီးတော့ အိန္ဒိယကိုရောက်လာခဲ့တာကြောင့် Nick ကို ကျေးဇူးတင် ဖော်ပြရမှာတွေ တော်တော်များပါတယ်” လို့ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် Nick ဟာ မင်္ဂလာပွဲအတွက် အခန်းကို အတည်ပြုပေးဖို့ ဒေလီမြို့မှာရှိတဲ့ ရိုက်ကွင်းအထိ ရောက်လာခဲ့ပြီး ဇနီးဖြစ်သူက မြန်မြန်ဆုံးဖြတ်ပေးမှ သူက အလုပ်ဆက်လုပ်လို့ ရမှာဖြစ်တယ်လို့ မင်းသမီး Priyanka က ပြောဆိုထားပါတယ်။

အနောက်တိုင်းပုံစံနဲ့ အိန္ဒိယရိုးရာပုံစံဆိုပြီး ပုံစံနှစ်မျိုးနဲ့ ပြုလုပ်ခဲ့တဲ့ အခမ်းအနား၂ပွဲ မတိုင်ခင်အထိ သူ့ရဲ့ ခင်ပွန်းလောင်း Nick က တာဝန်ကြီးတွေကို ထမ်းဆောင်ခဲ့ရတယ်လို့ မင်းသမီးကဆိုပါတယ်။

သူက “ Nick က အိန္ဒိယကိုလာပြီး လက်ထပ်ပွဲစီစဉ်သူတွေနဲ့  စီမံခန့်ခွဲရေးတွေကို လုပ်ခဲ့တယ်။ ကျမက ရုပ်ရှင်ရိုက် နေတဲ့အချိန်မှာ သူရိုက်ကွင်းကို လာခဲ့တယ်။ ရိုက်ကွင်းကို ခဏလောက်လာပြီး ပြန်သွားတယ်။ ကျမ ခေါင်းထဲမှာတော့ သြော် ဒါလည်းကောင်းတာပဲ။ ကျမ ဝန်မပိတော့ဘူးပေါ။ သူစီမံခန့်ခွဲနေတာပဲ။ သူက တော်တော်ကြီးမာတဲ့တာဝန်တွေကို လုပ်နေတာပဲလို့ တွေးမိတယ်” လို့ဆိုပါတယ်။

ဇနီးမောင်နှံနှစ်ယောက်ကြားက ဆက်ဆံရေးနဲ့ပတ်သက်လို့ မင်းသမီးက “ကျမတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ အဲ့ဒါ အကောင်းဆုံးအရာပါ။ သူအလုပ်လုပ်နေတဲ့အခါ ကျမ ကူညီပေးတယ်။ ကျမအလုပ်လုပ်နေတဲ့အခါ သူကူညီပေးတယ်။ ဒါဟာ ကျမတို့ တယောက်နဲ့ တယောက် မြတ်နိုးပြီးတော့ နားလည်ထားကြတဲ့ အရာတခုဖြစ်ပါတယ်။ တကယ့်ကိုပဲ မြင်တွေ့ရတာ အံ့သြဖို့ကောင်းပါတယ်” လို့ ဆိုပါတယ်။

Ref:asiaone

You may also like these stories:

ခင်ပွန်းသည် Nick Jonas ကို Photoshop နဲ့ ပြင်ထားတဲ့ပုံတင်ပြီး အားပေးခဲ့တဲ့ Priyanka Chopra

ခင်ပွန်းဖြစ်သူ Nick Jonas နဲ့ အသက် ၁၀ နှစ် ကွာတာကြောင့် ဝေဖန်ခံနေရတဲ့ Priyanka Chopra

၂၀၁၉ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

အမေရိကန်နိုင်ငံမှာ လက်ထပ်ပါတီပွဲ ဆင်နွှဲခဲ့ကြတဲ့ Nick Jonasနဲ့ Priyanka Chopra

ဒုတိယအကြိမ် မင်္ဂလာဧည့်ခံပွဲပြုလုပ်ဖို့ စီစဉ်နေတဲ့ Nick Jonas နဲ့ Priyanka Chopra

နယူးဒေလီမြို့မှာ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra

Loading