Entertainment

နာမည်ကြီး အဆိုတော် ၄ယောက်ရဲ့ “4 Reunion” ပွဲပြုလုပ်မည်

နာမည်ကြီး အဆိုတော်၄ယောက်ပါဝင်တဲ့ 4 Four အဖွဲ့ သားတွေရဲ့ “4 Reunion” ပွဲကို မကြာခင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီအဆိုတော်လေးယောက်ကတော့ ရွှေထူး၊ X-box ၊ ထက်ယံနဲ့ Lil’ Z တို့ပဲ ဖြစ်ပါတယ်။  ဒီပွဲလုပ်ရတဲ့  ရည်ရွယ်ချက်ကိုတော့ အဆိုတော် X-Box က အခုလိုပြောပြခဲ့ပါတယ်။

“ဒီပွဲကတော့ ကျနော်တို့ ၄ ယောက်ပေါင်းပြီးတော့ လုပ်မှာပါ။ 4 Album ဆိုတဲ့ အခွေ ထွက်ခဲ့ဖူးတယ်ဆိုတာကို  နောက်ပိုင်း ကလေးတွေ မသိကြတော့ဘူး။ မဆုံတာကြာလို့ဆိုပြီးတော့ ပရိသတ်ကို ပြန်နွှေးတဲ့ ပုံစံပါပဲ။ တယောက်ကို ၄၅မိနစ် ၁နာရီလောက်ဆိုမှာပါ။ ကျနော်တို့ ၄ယောက် လက်မှတ်နဲ့  ဖျော်ဖြေပွဲကို ပထမဆုံးလုပ်တာပါ”

“ ကြားထဲမှာ ၅နှစ်လောက် ဖြတ်သန်း လိုက်ရပါတယ်။ ၅နှစ်တာ ခင်မင်မှုတွေမှာ အမှတ်တရတွေ အများကြီးပါပဲ။ ရန်ဖြစ်တာလည်း အများကြီးပဲ။ ရန်အဖြစ်ဆုံး ကတော့ ကျနော်ရယ်၊ ရွှေထူးရယ်  ရန်အဖြစ်ဆုံး။ Lil’ Z နဲ့တော့ တည့်အောင်နေရတယ်။ ထက်ယံ ကတော့ ဘာပြောပြောငြိမ်တယ်။ အဓိကက ကျနော်တို့ ၄ယောက်စုရတာတော့ ခက်တယ်။ အလုပ်လုပ်ရင်တော့ ညီတယ်”

“ မပြောင်းလဲ သွားတာက စိတ်ထားတွေ မပြောင်းလဲ  သွားဘူး။ ခံယူချက်တွေ မပြောင်းလဲ သွားဘူး။ ယုံကြည်ချက် တွေ မပြောင်းလဲ သွားဘူး။ ကျနော် ကတော့ သူတို့နဲ့ ပြန်တွေ့ရတာပျော်တယ်။ အရင်အချိန်တွေ ပြန်သတိရတယ်။ ဘာလေးပဲလုပ်လိုက် လုပ်လိုက် ဟိုးအရင်အစတုန်းကလို ဟီးဟီးဟားဟားနဲ့ လျှောက်သွားလိုက် လုပ်နေသလိုပဲ ပြန်ခံစားရပါတယ်။ ပြန်ငယ်သွားသလိုပေါ့”လို့ Xbox က ပြောပါတယ်။

သူငယ်ချင်း၄ယောက်တွဲ သီချင်းဆိုချင်ပေမယ့် အချိန်မရတာကြောင့် မဆိုဖြစ်ဘူးလို့ Xbox က ဆိုပါတယ်။

“အောက်တိုဘာ ၁၃ ရက်နေ့မှာ ကျင်းပမယ့် 4 Reunion ပွဲကို ပရိသတ်တွေ အားလုံး လာရောက်ဖို့ ဖိတ်ခေါ်ပါ တယ်။ ကြိုတင်လက်မှတ်တွေ ဝယ်ယူလို့ရမယ့် နေရာတွေကတော့ O.M.G ၊ Run Yangon ၊ Genius ၊ Captial A ၊ Sprit စတဲ့အရောင်းဆိုင် တွေမှာ ကြိုတင်လက်မှတ်တွေ ချ ထားပါတယ်။ လက်မှတ် ၁စောင်ကို ၁၅၀၀၀ကျပ် ဖြစ်ပါတယ်”

“ ကျနော်တို့ ဒီပွဲကို ပရိသတ်တွေ လာကြည့်စေချင်တယ်။ ကျေနော်တို့လည်း အောင်မြင်မှု သမိုင်းသစ်ကိုပရိသတ်တွေ နဲ့ စိုက်ထူချင် တယ်။  ကျနော်လေးယောက်တွဲ သီချင်းတပုဒ်ဆို မလို့ပါပဲ။ ဒါပေမဲ့ အချိန်ညှိလို့ မရဘူး။  လေးယောက်တွဲသီချင်းလေးကတော့ လာမယ်၊ ကြာမယ်”လို့ ပြောပါတယ်။

အဆိုတော် ၄ယောက်ဟာ ၂၀၁၄ ခုနှစ်တုန်းက 4Four Album ဆိုပြီးတော့ အခွေထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီ အဆိုတော် ၄ ယောက်စလုံးကလည်း မိန်းကလေးပရိသတ်တွေသာမက အမျိုးသား ပရိသတ်တွေလည်း အားပေးကြတဲ့ အဆိုတော်တွေဖြစ်ပါတယ်။ ပွဲကိုတော့ အောက်တိုဘာ ၁၃ ရက်နေ့၊ ရန်ကုန်မြို့ Rose Garden Hotel မှာ ညနေ ၅နာရီက စတင်ကာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

You may also like these stories:

“အိမ်ထောင် မကျသေးတဲ့ လူပျိုပါ”လို့ ပြောတဲ့ အဆိုတော် X-Box

ဇာတ်လမ်းတွဲမှာ အိချောပိုရဲ့ ရည်းစားအဖြစ် သရုပ်ဆောင်မယ့် အဆိုတော် ထက်ယံ

“အနုပညာကို ဘောင်ခတ် မထားဘူး၊ သရုပ်ဆောင်လည်း လုပ်ချင်တယ်”လို့ ပြောတဲ့ ထက်ယံ

အနုပညာဝမ်းစာမပြည့်သေးတဲ့အတွက် မင်းသားမလုပ်သေးတဲ့ Xbox

“ရဲတိုက်ရဲ့ မျက်လုံးတွေကို မကြည့်ရဲအောင် သရုပ်ဆောင် ကောင်းတယ်”လို့ ရွှေထူး ပြော

Loading