Entertainment

“အောင်ဆန်း” ရုပ်ရှင်မှာ ဂဠုန်ဦးစောအဖြစ် မြစ်အရင်းဖြစ်သူ ဇော်ဇော်ပိုင် သရုပ်ဆောင်မည်

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ လူမင်း ရိုက်ကူးတဲ့ “အောင်ဆန်း” ဇာတ်ကားမှာ ဂဠုန်ဦးစော နေရာကမှာ မြစ်ဖြစ်သူ ဇော်ဇော်ပိုင်က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး အဘိုးနေရာမှာ သရုပ်ဆောင်ဖို့ သွားတွေပြင်နေတယ်လို့ ဆိုပါတယ်။

“ကျနော်က အနုပညာကို သိပ်မလုပ်ဖြစ်ဘူး။ အရင်ကတော့ ဇာတ်ကားရိုက်ခဲ့ဖူးတယ်။ အခု ဗိုလ်ချုပ်ဇာတ်ကားမှာ အဘိုးနေရာကနေ ပါဝင်ခွင့်ရမယ်ဆိုတာ အဘိုးကျေးဇူးဆပ်နိုင်မယ်ထင်လို့ ပါဝင်ဖြစ်တာပါ။ ကျနော် သွားတွေ ပြင်နေတယ်။ အိုက်တင်ပိုင်းကတော့ အန်ကယ်လေးတို့ သင်ပေးမှာပါ”

“ အခုက ဘာလိုတွေပြောပြီး ဘာတွေ လုပ်ရမယ်ဆိုတာတော့ မသိသေးပါဘူး။ ကျနော်စိတ်လည်း လှုပ်ရှားတယ်။ ရင်လည်း ခုန်တယ်။ အဘိုး နေရာမှာ သရုပ်ဆောင်ဖို့တော့ အစွမ်းကုန်ကြိုးစားလုပ်ကိုင်သွားမှာပါ ။ ကျနော်ဇာတ်ရုပ်ကို ဝေဖန်တာကို ကြိုဆိုပါတယ်။ ကျနော်ဇာတ်ရုပ်ကို အကောင်းဆုံးလုပ်နိုင်ပြမယ်ဆိုတဲ့စိတ်ပဲရှိပါတယ်”

“ဒီဇာတ်ရုပ်အတွက် အိမ်က မိသားစုတွေက အားပေးပါတယ်။ အဘိုးနေရာအတွက် ဘယ်သူနဲ့ ရိုက်ရိုက်လက်ခံပါတယ်။ ဒါပေမယ့် တခြားသူ သရုပ်ဆောင်တာနဲ့ ဆွေမျိုးသားချင်း သရုပ်ဆောင်တာ ကွာတာပေါ့။ ကျနော် အဘိုး နဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေ၊ ပုံတွေက မော်ကွန်းတိုက် သိမ်းထားတယ်။ မော်ကွန်းတိုက်ကနေ ကြည့်လို့ရမယ်ဆိုရင်တော့ ကြည့်မယ်”လို့ ဇော်ဇော်ပိုင်က ပြောပါတယ်။

အစ်ကို ဖြစ်သူ သရုပ်ဆောင်မင်းခကလည်း ညီဖြစ်တဲ့ ဇော်ဇော်ပိုင်က ဒီဇာတ်ရုပ်ကို သရုပ်ဆောင်တာကို အားပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင်ညီဖြစ်သူက အဘိုးဖြစ်သူနဲ့ ရုပ်ရည်ပိုတူတဲ့အတွက် ဒီဇာတ်ရုပ်နဲ့ ပိုလိုက်ဖက်တယ်လို့လည်း ဆိုပါတယ်။

 

“ကျနော်ညီက ဇော်ဇော်ပိုင်က ဇာတ်ကားတွေလည်း ရိုက်ဖူးပါတယ်။ ခေါင်းဆောင်အနေနဲ့ ၂ကားရိုက်ဖူး ပါတယ်။ ကျနော် အနုပညာတွေနဲ့ ပတ်သက်ပြီး သူ့ကို တခြား ဇာတ်ကားမှာဆိုရင် အကြံပေးတာ သင့်တော်မယ်လို့ ထင်ပါတယ်။ ဒီကားနဲ့ ဒီကာရိုက်တာမျိုးကျတော့ ဒါရိုက်တာ ဇာတ်ရုပ်ကို မြင်ထားတော့ အန်ကယ်လေးပဲ သင်ပေးတာပြောပြတာ ပိုကောင်းမယ်ထင်ပါတယ်”

“ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်တယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ အမျိုးတွေ ထဲမှာလည်း ကျနော်ညီက အဖိုးနဲ့ တော်တော်တူတယ်လို့ပြောရမယ်။ ကျနော်နဲ့တော့ သိပ်မတူဘူး” လို့ မင်းခက ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အရင်ကတွေဖို့ ကမ်းလှမ်းခဲ့ပေမယ့် မတွေ့ဖြစ်ခဲ့ဖူးလို့ဆိုပြီး ထပ်ကမ်းလှမ်းခဲ့ရင် တော့ သွားတွေ့ပါမယ်လို့ မင်းခက ဆိုပါတယ်။

“ကျနော်ကို နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်က အရင်ကတွေဖို့ ကမ်းလှမ်းတယ်။ ကမ်းလှမ်းတော့ လူငယ်ဆိုတော့ ကျနော်လည်း ငြင်းလိုက်ရတယ်။ သိပ်စကားမပြောတတ်လို့ ကျနော်လည်းမသွား ဖြစ်လိုက်ဘူး။ ထပ်ကမ်းလှမ်းခဲ့ရင် တော့ သွားတွေ့ပါမယ်။ တွေ့လည်း တွေ့ချင်ပါတယ်။ အပြင်မှာလည်း အဝေးကနေပဲ လှမ်းမြင်ရတာပါ”လို့ မင်းခက ပြောပါတယ်။

“အောင်ဆန်း” ရုပ်ရှင်ရဲ့ ပထမဆုံး စတင်ရိုက်ကူးမယ့် ဇာတ်ဝင်ခန်းကို စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ ရန်ကုန်မြို့၊ အမျိုးသားပြတိုက်မှာ စတင်ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ အောင်ဆန်းရုပ်ရှင်ကားကြီးကိုတော့၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

You may also like these stories:

ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ လူမင်း ပြော

“အောင်ဆန်း” ရုပ်ရှင်မှာ ပါဝင်ကြမယ့် သရုပ်ဆောင်များရဲ့ စကားသံများ

“ဂဠုန်ဦးစော နေရာမှာ မြစ်ဖြစ်သူ ဇော်ဇော်ပိုင်သာ အလိုက်ဆုံး”လို့ သရုပ်ဆောင် မင်းခ ပြော

“ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးကို အားအရဆုံးပဲ”လို့ လူမင်း ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading