မင်းသား Robert Downey Jr ဟာ Marvel ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ Iron Man ဇာတ်ရုပ်နဲ့ အော်စကာဆု မလိုချင်ကြောင်း ပြောဆိုလိုက်ပါတယ်။
အခုနှစ်အတွင်းမှာပဲ ရုံတင်ခဲ့တဲ့ “Avengers: Endgame” ရုပ်ရှင်အပါအဝင် ရုပ်ရှင်တော်တော်များများမှာ Iron Man (Tony Stark) ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အသက် ၅၄ နှစ်အရွယ် မင်းသား Robert က Marvel ရုပ်ရှင်တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ဆုလာဘ် တခုစီရှိပြီး သရုပ်ဆောင် ထူးချွန်ဆုအတွက် ထည့်စဉ်းစားခံရတာမျိုး မဖြစ်စေချင်ဘူးလို့ ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။
Marvel ရုပ်ရှင်တွေဟာ ရုပ်ရှင် မဟုတ်ဘူးလို့ ဒါရိုက်တာ Martin Scorsese ရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်လို့ မင်းသားက “ဒီအကြောင်း ပြောလာတာကို ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့်နာမည်ကို သရုပ်ဆောင်ဆုအတွက် လျာထားဖို့အကြောင်းပြောလာတာ တချို့ရှိနေပါတယ်။ ကျနော်ကတော့ ဆုမပေးပါနဲ့လို့ ပြောချင်တယ်။ ရုပ်ရှင်တွေ ရိုက်တယ်ဆိုတာ ကိုယ်ပိုင် ဆုတခုဆီ ရပြီးသားပါ။ ကျနော်က အကယ်ဒမီအဖွဲ့က အသိအမှတ် ပြုခံရလောက်တဲ့ သူဟုတ်ရဲ့လား။ အချိန်တန်လို့လားဆိုတာ ကျနော် မသိပါဘူး”လို့ ဆိုပါတယ်။
ဒါပေမယ့် မင်းသား Robert က ဒါရိုက်တာ Scorsese ရဲ့ အမြင်ကို အလေးထားပြီး ကမ္ဘာကြီးမှာ အမြင်ပေါင်းစုံ ရှိဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ The Howard Stern Show အစီအစဉ်မှာ မင်းသားက “ဒါက သူ့အမြင်ဖြစ်ပါတယ်။ ကျနော်ဆိုလိုတာက ရုပ်ရှင်ကရုပ်ရှင်ရုံမှာ ပြသပါတယ်။ ကျနော်က သူ့ရဲ့ အမြင်ကိုလည်း လေးစားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဟာ အမြင်ပေါင်းစုံရှိဖို့ လိုအပ်တယ်လို့ ခံစားရလို့ပါ”လို့ ပြောဆိုပါတယ်။
မူရင်း အင်တာဗျူးမှာတော့ ဒါရိုက်တာ Scorsese က သူ့အနေနဲ့ Marvel ရုပ်ရှင်တွေကို ကြိုးစားပြီး ခံစားကြည့်ခဲ့ပေမယ့် ခံစားနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ အဲ့ဒီရုပ်ရှင်အမျိုးအစားဟာ သူ့ရဲ့ ရုပ်ရှင်ခံစားမှု အရသာနဲ့ မကိုက်ညီကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါရိုက်တာက “ကျနော် အဲ့ဒီရုပ်ရှင်တွေကို မကြည့်ပါဘူး။ ကျနော် ကြိုးစားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါရုပ်ရှင် မဟုတ်ပါဘူး။ ကျနော် အနီးစပ်ဆုံး စဉ်းစားမိတာဆိုရင် ပန်းခြံတခုထဲက အခြေအနေတခုအောက်မှာ သရုပ်ဆောင်တွေက သူတို့အကောင်းဆုံး လုပ်နိုင်တာကို လုပ်သွားတာပါ”
“စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကို လူသားတယောက်က တခြားလူသားတယောက်ကို ထုတ်ပြဖို့ ကြိုးစားတဲ့ ရုပ်ရှင်တော့ မဟုတ်ပါဘူး။ Guardians of the Galaxy ဒါရိုက်တာ James Gunn ကတော့ ဒါရိုက်တာ Scorsese ရဲ့ အခုလို မှတ်ချက်စကားကို စိတ်မကောင်း ဖြစ်မိတယ်”လို့ ပြောဆိုထားပါတယ်။
Ref: asiaone
You may also like these stories:
Iron Man ကို ပြန်အသက်သွင်းပေးရန် Marvel ပရိသတ်များ တောင်းဆို
“Black Widow” ရုပ်ရှင်မှာ Iron Man အဖြစ် ပါဝင်လာဖွယ်ရှိတဲ့ Robert Downey Jr
တကမ္ဘာလုံး သန့်ရှင်းရေးအတွက် Iron Man မင်းသား ပြုလုပ်မယ့် ၁၀ နှစ်တာ စီမံကိန်း