• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဖန်ပင်းပင်း ပါဝင်တဲ့ ရုပ်သံစီးရီးမှ ဇာတ်ဝင်ခန်းများကို ဖယ်ရှားကာ အသစ် ပြန်ရိုက်ကူးမည်

by မစ်ကီ
10 October 2019
in Entertainment
A A
မင်းသမီး ဖန်ပင်းပင်း ပါဝင်တဲ့ “The Legend of Ba Qing” စီးရီး

မင်းသမီး ဖန်ပင်းပင်း ပါဝင်တဲ့ “The Legend of Ba Qing” စီးရီး

5.1k
VIEWS
Share on FacebookShare on Twitter

မင်းသမီး ဖန်ပင်းပင်းရဲ့ ပရိသတ်တချို့ကတော့ မကြာခင်မှာ မင်းသမီး ပါဝင်ထားတဲ့ စီးရီးတခုကို ထုတ်လွှင့်ပြသဖို့ ရှိလို့ ဝမ်းသာနေခဲ့ကြပေမယ့် အခုတော့ အဲ့ဒီစီးရီးထဲက မင်းသမီး ပါဝင်ထားတဲ့ ဇာတ်ဝင်ခန်းတွေကို ဖယ်ရှားပစ်ပြီး ဒေါ်လာ ၁၁ ဒဿမ ၆ သန်း အကုန်အကျခံကာ အသစ်တဖန် ပြန်လည် ရိုက်ကူးမယ်လို့ သိရပါတယ်။

“The Legend of Ba Qing” စီးရီးကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Zhejiang Talent Television & Film က အဲ့ဒီစီးရီးထဲမှာ ပါဝင်ထားတဲ့ အဓိကသရုပ်ဆောင်တွေနေရာမှာ တခြား နာမည်ကြီး သရုပ်ဆောင်တွေနဲ့ အစားထိုးဖို့ Sky Cat Technology ကုမ္ပဏီနဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီလို့ အောက်တိုဘာလ ၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
339
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
398
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
901

“Win The World: လို့ လူသိများတဲ့ “The Legend of Ba Qing” စီးရီးဟာ မင်းသမီး ဖန်နဲ့ မင်းသား Gavin Gao တို့ အဓိက ဦးဆောင်ပါဝင်ထားတဲ့ သမိုင်းနောက်ခံဒရာမာ ဖြစ်ပါတယ်။ မင်းသမီး ဖန်ဟာ ခင်ပွန်းသည် မရှိတော့တဲ့ ဘုရင်မ Ba Qing အဖြစ် သရုပ်ဆောင်ထားပြီး မင်းသား Gao ကတော့ တရုတ်နိုင်ငံရဲ့ ပထမဆုံး ဧကရာဇ်နဲ့ ချင်မင်းဆက်ထူထောင်သူ Ying Zheng အဖြစ် ပါဝင်ထားပါတယ်။

“The Legend of Ba Qing” စီးရီးဟာ ပြီးခဲ့တဲ့နှစ်မှာ အခွန်ရှောင်အရှုပ်တော်ပုံ ကြုံခဲ့ရတဲ့ မင်းသမီးဖန်အတွက်တော့ ၂၀၁၄ ခုနှစ်တုန်းက “The Empress of China” ရုပ်ရှင်နောက်ပိုင်း ပထမဆုံး ပြန်လည် သရုပ်ဆောင်ထားတဲ့ ရုပ်သံစီးရီးလည်း ဖြစ်ပါတယ်။

Zhejiang Talent ကုမ္ပဏီကတော့ ပြန်လည်ရိုက်ကူးရတဲ့ အကြောင်းအရင်းကို မပြောပြခဲ့ပေမယ့် အဓိက သရုပ်ဆောင်တွေဆိုတာကတော့ မင်းသမီး ဖန်နဲ့ မင်းသား Gao တို့ကို ရည်ညွှန်းဖော်ပြခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုမျိုး ခေါင်းဆောင် မင်းသားနဲ့ မင်းသမီးတို့ရဲ့ ဇာတ်ဝင်ခန်းတွေကို ပယ်ဖျက်မယ့် အစီအစဉ်ကြောင့် အဲ့ဒီ စီးရီးထုတ်လွှင့်မယ့် အချိန်ကို နောက်တကြိမ် နောက်ဆုတ်လိုက်ရပါတယ်။ ရိုက်ကူးရေးက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှာ ပြီးဆုံးခဲ့ပေမယ့် ၂၀၁၈ ခုနှစ်ဇန်နဝါရီလမှာ ထုတ်လုပ်ပြသဖို့အတွက် ပြဿနာတက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အဲ့ဒီစီးရီးမှာ အသုံးပြုထားတဲ့ ဝတ်စုံတွေဟာ ချင်မင်းဆက်ခေတ်ဝတ်စုံ ဖြစ်ရမယ့်အစား ဂျပန်ဝတ်စုံတွေကို အသုံးပြုထားတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ အဲ့ဒီနောက် စီးရီးကို ပြီးခဲ့တဲ့နှစ် ဧပြီလမှာထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် အဲ့ဒီနှစ် မတ်လမှာပဲ မင်းသား Gao ဟာ အမျိုးသမီးတဦးအပေါ် လိင်မတော်မတရား ပြုကျင့်တယ်ဆိုပြီး သြစတြေးလျမှာ အဖမ်းခံရပြီး အာမခံနဲ့ လွတ်လာခဲ့ပေမယ့် တရားဆက်လက် ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် မေလမှာပဲ မင်းသမီးဖန်ဟာ အခွန်ရှောင်အရှုပ်တော်ပုံနဲ့ ရင်ဆိုင်ရပြီးတဲ့နောက် လူမြင်ကွင်းကနေ ၄ လလောက် ပျောက်ကွယ်သွားခဲ့ရပါတယ်။ အဲ့ဒီနောက် မင်းသမီးက အခွန်ရှောင်မှုအတွက် ဒဏ်ကြေးနဲ့ အခွန်ငွေ စုစုပေါင်း ယွမ်သန်း ၈၀၀ ကျော်ကို ပေးဆောင်ခဲ့ရပါတယ်။

REF: STRAITSTIMES

You May Also Like These Stories:

မင်းသမီး ဖန်ပင်းပင်း ပါဝင်တဲ့ Louis Vuitton ကြော်ငြာတွေကို နာရီပိုင်းအတွင်း ပြန်ဖြုတ်ချခဲ့

မင်းသမီး ဖန်ပင်းပင်းကို အွန်လိုင်းမှာ အသရေဖျက်သူ ဒေါ်လာ ၃၁,၀၀၀ နစ်နာကြေး ပေးခဲ့ရ

Your Thoughts …
Tags: ဇာတ်ဝင်ခန်းဖန်ပင်းပင်းဖယ်ရှားရုပ်သံစီးရီး
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

တရုတ်မင်းသမီး ဖန်ပင်းပင်း

မင်းသမီး ဖန်ပင်းပင်းကို အွန်လိုင်းမှာ အသရေဖျက်သူ ဒေါ်လာ ၃၁,၀၀၀ နစ်နာကြေး ပေးခဲ့ရ

by မစ်ကီ
5 September 2019
9.3k

Qinling Eryue ဆိုတဲ့အကောင့်ပိုင်ရှင် Chen ကို နစ်နာကြေးပေးဖို့နဲ့ သူ့ရဲ့ Weibo အကောင့်မှာ မင်းသမီးအတွက် တောင်းပန်စာကို ၇ ရက်ကြာ တင်ပေးထားဖို့ အမိန့်ချမှတ်ခဲ့တာ လည်း ဖြစ်ပါတယ်။

မင်းသား Dwayne Johnson အကြောင်း ရိုက်ထားတဲ့ “Young Rock" စီးရီး

Dwayne Johnson ရဲ့ဘဝအကြောင်း ရိုက်ထားတဲ့“Young Rock”စီးရီး မကြာမီ ပြမည်

by မစ်ကီ
27 January 2021
2.1k

“Fast & Furious” မင်းသား The Rock က “ကမ္ဘာကြီးကို ကျနော် မျှဝေချင်တဲ့အရာ တော်တော်များ များ ရှိနေပါတယ်” လို့ အစီအစဉ်ရဲ့ အစပိုင်းမှာ ပြောဆိုထားပါတယ်။

မင်းသား လီချန်းနဲ့ မင်းသမီး ဖန်ပင်းပင်း

စေ့စပ်ထားတဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ တရုတ်မင်းသမီး ဖန်ပင်းပင်း

by မစ်ကီ
28 June 2019
5.9k

“သူငယ်ချင်းတွေကနေ ချစ်သူတွေ ဖြစ်လာတယ်။ အခုသူငယ်ချင်း တွေပြန်ဖြစ်ခဲ့ရပြီ။ ကျနော်တို့ရဲ့ ခံစားချက်ကို ဖော်ပြတာတွေ ပြောင်းလဲသွားပါပြီ။

အသက် ၂၃ နှစ်အရွယ် ဒတ်ချ်အမျိုးသား Boyan Slat

သမုဒ္ဒရာထဲက အမှိုက်တွေကို ဖယ်ရှားပေးနိုင်မယ့်စက်ကို တီထွင်လိုက်တဲ့ ဒတ်ချ်အမျိုးသား

by ဟယ်လ်သင်
7 October 2019
41.6k

Boyan Slat လို့အမည်ရတဲ့ ဒတ်ချ်လူမျိုး လူငယ်လေးတဦးဟာ သမုဒ္ဒရာတွင်းက ပလတ်စတစ် အမှိုက်တွေကို ဖယ်ရှား ရှင်းလင်းပေးနိုင်မယ့် စက်တမျိုးကို တီထွင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

"Titanic" ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း

“Titanic” ရုပ်ရှင်မှာ ဂျက်ခ် သေဆုံးခဲ့တဲ့ ဇာတ်ဝင်ခန်းအကြောင်း ငြင်းခုံကြတဲ့ သရုပ်ဆောင်များ

by မစ်ကီ
18 July 2019
10.6k

မင်းသမီး Margot ကတော့ အဲ့ဒီဇာတ်ဝင်ခန်းဟာ ခေတ်သစ်ရုပ်ရှင်သမိုင်းမှာ အကြီးမားဆုံး အငြင်းပွားဖွယ်ရာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါကို မင်းသား Leonardo ကတော့ “အင်း ဖြစ်မှာပါ” လို့ ပြန်ဖြေပါတယ်။

“Crash Landing on You” ဒရာမာ

ပြသနေဆဲ “Crash Landing on You” ဒရာမာမှာ ဘယ်လို ဇာတ်ဝင်ခန်းတွေ ပါဝင်လာမလဲ

by မစ်ကီ
28 January 2020
4k

ဂျိုချောဂန်းရဲ့ အကြံအစည်ထဲကနေ ဗိုလ်ကြီးနဲ့ သူဌေးသမီးတို့ ဘယ်လိုလွတ်မြောက်အောင် ကြံဆောင်ကြမလဲဆိုတာ နောက်လာမယ့် အပိုင်းတွေမှာ ရှုစားနိုင်ပါတယ်။

Next Post
အင်ဒိုနီးရှားနိုင်ငံမှာ ဖွင့်လှစ်ခဲ့တဲ့ ၁၀ ခုမြောက် Grabkitchen

Grab App သုံးစွဲသူတွေအတွက် အင်ဒိုနီးရှားမှာ ဖွင့်လှစ်ခဲ့တဲ့ GrabKitchen ဝန်ဆောင်မှု

သရုပ်ဆောင် အောင်ရဲထိုက် / Aung Ye Htike's Facebook

ရေကျော်ပွဲဈေးက “ခင်ဝိုင်းချစ်”ဆိုင်မှာ ၅ ရက်လုံး စားပွဲထိုးအနေနဲ့ ရှိနေမယ့် အောင်ရဲထိုက်

No Result
View All Result

Recommended

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
5.2k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate