ဒီနှစ် သီတင်းကျွတ်မှာတော့ ဖျော်ဖြေပွဲ မရှိသေးဘဲ တန်ဆောင်တိုင်လ အစမှာ Frenzo Artist တွေနဲ့ အတူ ဖျော်ဖြေပွဲလုပ်ဖို့ အစီအစဉ်တွေ ရှိကြောင်း စိုင်းစိုင်းခမ်းလှိုင်က မီဒီယာတွေကို ပြောပါတယ်။
“သီတင်းကျွတ်မှာတော့ ဖျော်ဖြေပွဲအနေနဲ့တော့ မရှိသေးဘူး။ နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ ကျနော်တို့ Frenzo အဖွဲ့က ဖျော်ဖြေဖို့ ရှိပါတယ်။ အောက်တိုဘာ ၃၁ ကနေ နိုဝင်ဘာ ၁ ရက်၊ ၂ ရက်၊ ၃ ရက်နေ့တွေမှာ ဆက်တိုက် Wonder Festival တခုလုပ်ဖို့ စီစဉ်နေကြတာ ရှိပါတယ်။ အဲဒီအထဲမှာမှ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျနော်တို့ရဲ့ Frenzo Artist တွေက ဖျော်ဖြေဖို့ တာဝန်ယူထားပါတယ်”
“ကျနော်တို့ Frenzo Artist တွေအနေနဲ့ ရန်ကုန်မှာ ဖျော်ဖြေပွဲ မရှိတာ တော်တော်လေး ကြာပါပြီ။ နောက်ဆုံးဖျော်ဖြေခဲ့တာက ကျနော်ရဲ့ Birthday Show ဆိုတော့ လွန်ခဲ့တဲ့ ၆ လက ဖြစ်ပါတယ်။ ဒါကြောင့် Frenzo ပရိသတ်တွေ အကုန်လုံး လာရောက်အားပေးဖို့လည်း ကျနော်က ဖိတ်ခေါ်ချင်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
ဒီနှစ် သီတင်းကျွတ်မှာ စွံဖို့ မရှိသေးတဲ့ လူပျိုကြီး စိုင်းစိုင်းခမ်းလှိုင်က ဒီသီတင်းကျွတ်မှာ စွံဖို့က မျက်စိပဲ ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ သီတင်းကျွတ်ရင် လူကြီးတွေကို လိုက်ကန်တော့မယ်။ ပရိသတ်တွေလည်း သီတင်းကျွတ်မှာ အဆင်ပြေကြပါစေ။ စာမေးပွဲတွေလည်း အောင်ပါစေ။ မုန့်ဖိုးတွေလည်း ရကြပါစေ။ သီတင်းကျွတ်မှာတော့ စွံဖို့ မရှိသေးပါဘူး။ စွံစရာ မျက်စိပဲ ရှိပါတယ်။ သီတင်းကျွတ် အမှတ်တရတော့ အထွေအထူး မရှိပါဘူး။ ကျနော်တို့ သီတင်းကျွတ်ဆိုရင် အင်းလေးမှာ ဖောင်တော်ဦးပွဲ ရှိပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
အနုပညာအလုပ်များကို နှစ် ၂၀ ကျော် လုပ်ကိုင်လာခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာ အခုလက်ရှိအချိန်ထိ တကိုယ်တော်အခွေ ၇ ခွေနဲ့ Live Show အခွေ ၂ ခွေ ထွက်ရှိခဲ့ပါတယ်။ သီချင်းဆိုအပိုင်းမှာ အောင်မြင်သလို ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စိုင်းစိုင်းက စီးပွားရေးအနေနဲ့ Frenzo Production မှာ ဦးဆောင်နေပြီး SAI Cosmetix ရဲ့ ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။
You may also like these stories:
“Show ပွဲတပွဲမှာ အမှတ်တရအနေနဲ့ ဘောင်းဘီ ဇစ်ပြုတ်ခဲ့ဖူးတယ်”လို့ စိုင်းစိုင်း ပြော
“Victoria နဲ့ အနစ်နာခံပြီး Relationship ချိတ်ခဲ့တာပါ”လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင်
“Official ဂျိန်းစ်ဘွန်းရဲ့ အသက်အရွယ် ရောက်လာပြီ”လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင်
“ချစ်ပြီး စွန့်လွှတ်ခဲ့ရတဲ့ ဇာတ်ကားတွေ ရိုက်တာ များခဲ့တယ်”လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင်