• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုရီးယားကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ကာ သီချင်းဆိုရမယ့် ခါရာ

by ယုဖြူဟန်
10 October 2019
in Entertainment
A A
သရုပ်ဆောင် ခါရာ / ယုဖြူဟန် / ဧရာဝတီ

သရုပ်ဆောင် ခါရာ / ယုဖြူဟန် / ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

ရုပ်ရည်ချောမောပြီး တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ခါရာကတော့ ယခုလ အတွင်းမှာ ကိုရီးယားနိုင်ငံကို မြန်မာကိုယ်စားပြု အနေနဲ့ ပွဲတက်ရောက်ရမှာဖြစ်ပြီး ဒီပွဲမှာတော့ သီချင်း ၃ ပုဒ်သီဆိုဖို့အတွက် တောင်းဆိုခံထားရတယ်လို့ သိရပါတယ်။

“ASEAN Train Program နဲ့အတူ မြန်မာနိုင်ငံက ဝန်ကြီးတွေနဲ့ တခြား ကိုယ်စားလှယ်အဖွဲ့တွေနဲ့ သွားရောက်ပြီးတော့ ကိုရီးယားမှာ ပါဝင်ဆင်နွှဲသွားမှာဖြစ်ပါတယ်။ အနုပညာရှင်အနေနဲ့ ကျနော် တယောက်တည်း ပါတယ်” လို့ ခါရာက ပြောပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
313
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
283
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k

ခါရာက ပရော်ဖက်ရှင်နယ် အဆိုတော် မဟုတ်ပေမယ့်လည်း မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရမှာဖြစ်တဲ့အတွက် သူ့ကို ခါရာလို့ မြင်နေမှာ မဟုတ်ဘဲ မြန်မာလို့ပဲ မြင်မှာဖြစ်တဲ့အတွက် သီချင်းဆိုဖို့အတွက် လက်ခံလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ဘက်ကနေ ကျနော့်ကို သီချင်းဆိုဖို့အတွက် တောင်းဆိုလာတယ်။ အနားနီးမှ တောင်းဆိုတော့ သီချင်း ၃ ပုဒ် ဆိုရမယ်တဲ့။ ကျနော်က ပရော်ဖက်ရှင်နယ် အဆိုတော် မဟုတ်ဘူးလို့ ပြောတော့ သူတို့က ပါဝင်ဆင်နွှဲရင် ကျေနပ်ပြီလို့ ပြောတယ်”

“ကျနော်က မြန်မာကိုယ်စားပြု သွားမှာဖြစ်တော့ ဟိုရောက်ရင် ကျနော့်ကို ခါရာလို့လည်း မြင်မှာ မဟုတ်ဘူး။ မြန်မာလို့ပဲ မြင်မှာဆိုတော့ အဲဒါကိုလည်း ကျနော့်ကြောင့် နိုင်ငံပုံရိပ်ကျမှာလည်း ကြောက်တယ်။ အဲဒါကြောင့် သီချင်း ၃ ပုဒ် လက်ခံလိုက်တယ်။ ဘာဆိုရမလဲဆိုတာတော့ စဉ်းစားနေတယ်”လို့ ခါရာကပြောပါတယ်။

ကိုရီးယားနိုင်ငံကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ သွားရမှာဖြစ်တဲ့အတွက် ဆိုရမယ့် သီချင်းတွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ကျနော် စဉ်းစားထားတာတော့ ကျနော်တို့ ပြသခွင့်ရတဲ့အချိန်မှာ ကိုယ့်နိုင်ငံရဲ့ရိုးရာကို ပြချင်တယ်။ ရိုးရာနဲ့ ပတ်သက်တဲ့ သီချင်းလေးတွေ ဆိုဖို့ရှိပါတယ်။ K-Pop တောင်းဆိုချင်တော့ အရင်က နားထောင်ဖြစ်ပေမယ့် အခုနားမထောင်ဖြစ်တော့ ဆိုဖို့၊ ကဖို့က မဖြစ်နိုင်တော့ဘူး။ အဲ့တော့ K-Pop မဟုတ်ဘဲနဲ့ မြန်မာသီချင်းဆိုဖြစ်မယ်။ အင်္ဂလိပ်သီချင်း ၁ ပုဒ် ပါမယ်။ ဘယ်လို သီချင်းဖြစ်မလဲဆိုတာ ရွေးချယ်နေပါတယ်” လို့ ခါရာက ပြောပါတယ်။

ကိုရီးယားနိုင်ငံကို ရောက်ရင်လည်း ဘူဆန်ရုပ်ရှင်ပွဲတော်ကို သွားရောက် လေ့လာချင်ပြီး မြန်မာနိုင်ငံက ရုပ်ရှင်များကို ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ပြသချင်တယ်လို့ ဆိုပါတယ်။

“ဘူဆန်ရုပ်ရှင်ပွဲတော်က အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒါကို လေ့လာနေတယ်။ နောက်ပိုင်းရိုက်တဲ့ ရုပ်ရှင်တွေကို ဘူဆန်မှာ သွားပြိုင်ချင်တယ်။ ထိုင်းကတော့ တောက်လျှောက်တော့ သွားနေတယ်။ အခုကားတွေလည်း ဝင်ပြိုင်ထားတာ တွေ့ရတယ်။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ကတော့ ဝင်မပြိုင်သေးဘူးဆိုတော့ လေ့လာချင်တယ်။ ကျနော်တို့ကားတွေလည်း အရည်အသွေးမီအောင် ကြိုးစားသွားမှာပါ” လို့ ခါရာကပြောပါတယ်။

ခါရာကတော့ လက်ရှိမှာ “Love Equation” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်နေပြီး ထပ်မံပြီးတော့ ခါရာရဲ့ Bonaza Production မှလည်း မတူညီတဲ့ ရုပ်ရှင်ဇာတ်လမ်းများ၊ ဇာတ်လမ်းတွဲများ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Your Thoughts …
Tags: ကိုးရီးယားနိုင်ငံခါရာမြန်မာကိုယ်စားပြု
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ပိုပြီး စစ်မှန်တဲ့ ခါရာ ကိုမြင်ရလိမ့်မယ် (ရုပ်/သံ)

ပိုပြီး စစ်မှန်တဲ့ ခါရာ ကိုမြင်ရလိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 January 2025
498

တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူပြီး ပြည်သူလူထုအပေါ် ရာဇဝတ်မှုမျိုးစုံကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေနဲ့ ပေါင်းဖက်နေကြသူတွေဟာ လူထုအပေါ် တကယ်စေတနာရှိသူတွေမဟုတ်ဘူးလို့ ရုပ်ရှင်သရုပ်ဆောင် ခါရာ က ဧရာဝတီနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။

ဆိုးလ်မြို့ဟာ ညဘက်မှာလည်း စည်းကားတဲ့ မြို့တမြို့ပါ

ကိုးရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်ကို သွားလည်ကြမလား

by ရေဗန်
15 January 2019
10.9k

အနောက်တိုင်းနဲ့ ယှဉ်မယ်ဆိုရင်တော့ တောင်ကိုးရီးယားဟာ တော်တော်လေး ဈေးသက်သာတဲ့ နိုင်ငံပါ။ ဆိုးလ်မြို့မှာရှိတဲ့ စားသောက်ဆိုင်တွေနဲ့ သယ်ယူပို့ဆောင်ရေးတွေဟာလည်း ဈေးသက်သာပါတယ်။

မင်းသား နိုင်းနိုင်း နဲ့ သရုပ်ဆောင် ခါရာ / Khar Ra's Facebook

ဇာတ်ကားရိုက်တုန်းက မင်းသား နိုင်းနိုင်းအနား မကပ်ရဲခဲ့တဲ့ သရုပ်ဆောင် ခါရာ

by ချစ်ပိုး
27 November 2018
10.1k

“အခုလို တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုစတီးလ် ကားထဲမှာ အားကျရတဲ့ သရုပ်ဆောင်နဲ့ ဖိုက်တင်းဇာတ် ဝင်ခန်းတွေမှာ ချခဲ့ရတာဆိုတော့ အမှတ်တရလည်းဖြစ်တယ် အရမ်းလည်းကြိုက်တယ်။

ကိုရီးယား မျက်နှာအလှဆုံး အနုပညာရှင်များ

ကိုရီးယားနိုင်ငံရဲ့ Plastic Surgeons တွေ ရွေးချယ်ခဲ့တဲ့ မျက်နှာအလှဆုံး အနုပညာရှင်များ

by Aurora
12 March 2019
11.7k

ကင်ဟီးဆန်း၊ ကင်တေဟီးနဲ့ ဟန်ရဲဆိုးကို အလှဆုံးအနုပညာရှင်တွေအဖြစ် တင်စားခဲ့ကြပေမယ့် အနှစ် ၂၀ နီးပါးအကြာ ၂၀၁၉ မှာတော့ ရုပ်အချောဆုံးလို့ တင်စားသူတွေက မင်းသမီးတွေထက် လူကြိုက်ပိုများတဲ့ အိုင်ဒေါလ်တွေ ဖြစ်နေခဲ့ပါတယ်။

သရုပ်ဆောင် ခါရာ / ဧရာဝတီ

သရုပ်ဆောင်ကောင်း တယောက်ဖြစ်အောင် ကြိုးစားနေတဲ့ ခါရာ

by ချစ်ပိုး
17 August 2020
2.7k

ဒါရိုက်တာ ခိုင်းတဲ့အတိုင်းပဲ လိုက်လုပ်တယ်ဆိုရင် စက်ရုပ်လို ဖြစ်နေမှာပေါ့။ အဲ့ဒါ သရုပ်ဆောင် မဟုတ်ဘူး။ ဖန်တီးမှု ရှိနေမှ သရုပ်ဆောင်တယောက် ပီသတာပါ”လို့ ခါရာက ပြောပါတယ်။

သရုပ်ဆောင် ခါရာ   / ချစ်ပိုး / ဧရာဝတီ

“လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲက ကော်ပီကား မဟုတ်ပါဘူးလို့ ပြောတဲ့ ခါရာ

by ချစ်ပိုး
2 May 2019
129.6k

“ကျနော်တို့တွေ ပရိသတ်ကို ငြီးငွေ့အောင် မလုပ်သင့်ဘူး။ ကျနော်က သရုပ်ဆောင်ကောင်းတယောက် ဖြစ်အောင် လုပ်ချင်တယ်။ မင်းသားပဲဖြစ်ဖြစ် ဗီလိန်ပဲဖြစ်ဖြစ် ကျနော်ပီပြင်အောင် လုပ်မယ်။

Next Post
ဘူးသီးတောင် မြို့ပေါ်ရှိ အသုံးပြုဆဲ NLD ပါတီရုံး  / Ray Thein  / Facebook

ဘူးသီးတောင်တွင် NLD ရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရေသန့်ဌာန၊ လျှပ်စစ်ဌာနနှင့် လမ်းတံတားဌာန တို့ ၃ ခုသည် တခုနှင့် တခု ချိတ်ဆက်မှု အားနည်းနေကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည် / အောင်ကျော်ထက်

Master Plan အားနည်းချက်ကြောင့် ဘဏ္ဍာငွေများ ဆုံးရှုံးနေဟု ရန်ကုန်မြို့တော်ဝန် ဝန်ခံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate