Entertainment

Catwoman အဖြစ် မြင်တွေ့ရမယ့် မင်းသမီး Zoe Kravitz ရဲ့ ခန့်မှန်း ဝတ်စုံ

Want create site? Find Free WordPress Themes and plugins.

“The Batman” ရုပ်ရှင်အတွက် မင်းသား Robert Pattinson ကို Bruce Wayne အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တဲ့အခါမှာ ပရိသတ်တွေကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပြီး ရုပ်ရှင်ထဲမှာ ပါဝင်မယ့် နောက်ထပ်ဇာတ်ကောင် Catwoman နေရာအတွက် စိစစ်တဲ့အခါ မင်းသမီး Zoe Kravitz ကို ရွေးချယ်ခဲ့ကြပါတယ်။

မင်းသမီး Zoe Kravitz ကို ရွေးချယ်လိုက်တဲ့အပေါ် ရုပ်ရှင်ချစ် ပရိသတ်တွေကြား သဘောထား ကွဲလွဲမှုတွေရှိနေခဲ့ပြီး ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Catwoman လို ဖြစ်မလာဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။

၂၀၂၀ ခုနှစ် မတိုင်ခင်အထိ တွေ့မြင်ရနိုင်ခြေ မရှိသေးတဲ့ မင်းသမီး Zoe Kravitz ဝတ်ဆင်ရမယ့် Catwoman ဝတ်စုံကို ဒစ်ဂျစ်တယ် အနုပညာရှင်တဦးဖြစ်တဲ့ John Regan ဟာ သူ့ရဲ့ နောက်ဆုံးလက်ရာမှာ ခန့်မှန်းရေးဆွဲပြခဲ့ပါတယ်။

ShatterverseEnt ဆိုတဲ့နာမည်နဲ့ Twitter အသုံးပြုသူ John Regan ဟာ အရင်တုန်းကလည်း Batman အဖြစ် Robert Pattinson ကို မရွေးချယ်ခင်ကတည်းက Batman ဝတ်စုံ ဝတ်ဆင်ထားတဲ့ Robert Pattinson ပုံကို ရေးဆွဲပြခဲ့သူ တဦးပါ။

ရုပ်ပြတော်တော်များများမှာ တွေ့မြင်ခဲ့ရတဲ့ Catwoman ဝတ်စုံတွေနဲ့ Animation ရုပ်ရှင် “Batman: Hush” မှာ တွေ့မြင်ခဲ့ရတဲ့ Catwoman ဝတ်စုံကို အခြေခံကာ John Regan က ရေးဆွဲပြခဲ့တာကို တွေ့မြင်လိုက်ရတဲ့အခါ ဒါရိုက်တာ Christopher Nolan ရဲ့ “The Dark Knight Rise” ရုပ်ရှင်မှာ Catwoman အဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ Anne Hathaway ရဲ့ ဝတ်စုံကို ပြန်လည် အမှတ်ရမိကြမှာပါ။

ဒါရိုက်တာ Matt Reeves အပေါ်မှာ “Batman: Ego” ရုပ်ပြစာအုပ်ရဲ့ လွှမ်းမိုးမှုတချို့ ရှိနေပြီး သူ့အနေနဲ့လည်း ရုပ်ရှင်ရိုက်ကူးတဲ့အခါမှာ ရုပ်ပြထဲက အဝတ်အစား ဒီဇိုင်းတွေအတိုင်း အသုံးပြုဖို့ သေချာသလောက်ရှိနေပါတယ်။

ဒါရိုက်တာ Matt Reeves ရဲ့ လာမယ့် Batman ရုပ်ရှင်မှာ တွေ့မြင်ရမယ့် Catwoman ဝတ်စုံဟာ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာတွေထဲက တခု အပါအဝင်ဖြစ်ပြီး ၂၀၂၁ခုနှစ် ဇွန်လ ၂၅ရက်နေ့မှာတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ The Batman ရုပ်ရှင်ကို ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

Batman ရုပ်ရှင်သစ်ကို လာမယ့်နှစ်နွေရာသီတွင် စတင်ရိုက်ကူးမည်

Batman မတိုင်ခင် မြို့တမြို့အကြောင်း (သို့မဟုတ်) Gotham TV Series (2014-2017)

“Batman” သရုပ်ဆောင်အဖြစ် မင်းသား Robert Pattinson ကို ရွေးချယ်

Did you find apk for android? You can find new Free Android Games and apps.
Loading