Entertainment

“ငြိမ်းကိုရှက်ပါ” ရုပ်ရှင်ရိုက်ဖို့ ညှိနှိုင်းရတာတွေကြောင့် ကြာနေတာလို့ ဒါရိုက်တာ ဏကြီး ပြော

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ ဏကြီးရဲ့ ရုပ်ရှင်ဇာတ်ကားများကို စောင့်မျှော်နေတဲ့ ပရိသတ်များအတွက် ဇာတ်ကားများ ဆက်တိုက် ဖန်တီးဖို့ရှိနေပြီး အဆိုပါ ဇာတ်ကားများထဲမှ စာရေးဆရာမကြီး မိုးမိုး(အင်းလျား)ရဲ့ “ငြိမ်းကိုရှက်ပါ” ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးရန် အတွက် ညှိနှိုင်းရတာတွေ ရှိနေတာကြောင့် ကြာနေတယ်လို့ ဒါရိုက်တာ ဏကြီး က ပြောပါတယ်။

“သြဂုတ်မှာ ရိုက်မယ့်ကား ငြိမ်းကိုရှက်ပါ အတွက်ကတော့ အဆင်သင့် မဖြစ်သေးဘူး။ ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး အခက်အခဲ ရှိနေတယ်။ ဇာတ်ညွှန်းဆိုတာက ဝတ္ထုပေါ့။ ဝယ်တာ အခက်အခဲ ရှိနေတယ်။ အဲ့ဝတ္ထုကို ဇာတ်လမ်းတွဲ ရိုက်ထားတာရှိတော့ ကျနော် ရုပ်ရှင်ရိုက်ဖို့အတွက် ပြန်ချိန်နေရတာနဲ့ နည်းနည်းကြာသွားတာပေါ့။ အခုကတော့ ညှိနှိုင်းလို့ရသွားပြီဆိုတော့ သေချာပေါက် ရိုက်ဖြစ်လိမ့်မယ်”လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

ဒီကားကိုတော့ သြဂုတ်လမှာ စတင်ရိုက်မှာဖြစ်ပြီး ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ အဆင်သင့်မဖြစ်သေးဘူးလို့ သိရပါတယ်။

“ကျနော်အခု ဇာတ်ညွှန်း၂ ခု ပြီးသွားပြီ။ နောက်တခုကတော့ Develop လုပ်နေတုန်းပဲ။ ကျနော်က ဒီနှစ်မှာ စီထားရသလိုပဲ။ သုသု (ပိုင်ဖြိုးသု) ကိုတောင် ရက်ရဖို့အတွက် ပြန်စောင့်နေရတယ်။ ကျနော် အစောဆုံးရိုက်လို့ရမှာက ဒုတိယ ပရောဂျက်က ဒီဇင်ဘာ ဇန်နဝါရီလောက်မှာ ရိုက်ဖြစ်လိမ့်မယ်။ တတိယဟာကတော့ မတ်လမှာပေါ့။ သြဂုတ်မှာ ရိုက်မယ့်ဟာက Casting တွေ အဆင်သင့် မဖြစ်သေးဘူး” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

မတ်လထဲမှာတော့ စာရေးဆရာ မောင်ဝဏ္ဏရဲ့ “ချစ်ခင်စမှော်ရုံ” ကို ရိုက်မှာဖြစ်ပြီး ဒီဇာတ်ကားနဲ့ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“မတ်လမှာက ဆရာ မောင်ဝဏ္ဏရဲ့ ချစ်ခင်စမှော်ရုံကို ရိုက်မှာဆိုတော့ အဲဒါကိုပါ အပြိုင် လုပ်နေရတယ်။ ဒုတိယ ပရောဂျက်ကျတော့ ဒီဘက်ခေတ်ကားဆိုတော့ Pre Production မှာ နည်းနည်းဖော့လို့ ရတယ်” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

တတိယမြောက် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက်တော့ သရုပ်ဆောင်များအနေနဲ့ ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့အတူ ရိုက်ကူးမယ်လို့ သိရပါတယ်။

“Second ပရောဂျက်က Casting က ရနေပြီ။ ပြောလို့ မရသေးဘူး။ တတိယကားအတွက်က သရုပ်ဆောင်တွေ အကုန်ရသွားပြီ။ အားလုံးလည်းသိတဲ့အတိုင်း ဒေါင်းရယ်၊ ကျော်ထက်အောင်၊ မိုးဟေကို ၊ ပိုင်ဖြိုးသုရယ်ပေါ့” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

ဒါရိုက်တာ ဏကြီးကတော့ “မီ”ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်မှု ရရှိထားသလို ဆက်လက်ပြီးတော့လည်း ဝတ္ထုကောင်းများကို ကိုယ်တိုင် ဇာတ်ညွှန်းရေးသားကာ ဖန်တီးရိုက်ကူးသွားမယ်လို့ သိရပါတယ်။

You may also like these stories: 

မိုးမိုး (အင်းလျား) ရဲ့”ငြိမ်းကိုရှက်ပါ” ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ဒါရိုက်တာ ဏကြီး

“စာရေးဆရာတွေ ပေးချင်တဲ့ ရသ မပျောက်အာင် ရုပ်ရှင်မှာ ပြန်ရိုက်တယ်”လို့ ဒါရိုက်တာ ဏကြီး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading