Entertainment

Marvel ရဲ့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရတဲ့ “Deadpool 3” ရုပ်ရှင်

Want create site? Find Free WordPress Themes and plugins.

“Deadpool 3” ရုပ်ရှင်ဟာ Marvel စတူဒီယိုရဲ့ မီးစိမ်းပြခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ Rheet Reese နဲ့ Paul Wernick တို့ပါဝင်တဲ့ ဇာတ်ညွှန်းအဖွဲ့ဟာ ကမ္ဘာကျော်ဗီလန်ဟီးရိုး အဖြစ် မင်းသား Ryan Reynolds ပါဝင်မယ့် ရုပ်ရှင်အသစ်အတွက်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

မကြာသေးခင်တုန်းက Disney နဲ့ Fox တို့ကြားက ပေါင်းစည်းမှုကြောင့် Deadpool ရုပ်ရှင်ဟာ Marvel Cinematic Universe မှာ ပါဝင်လာတော့မယ်ဆိုပြီး ကောလာဟလသတင်းတွေ ထွက်ခဲ့ပေမယ့် စာရေးသူတွေကတော့ တတိယမြောက် ရုပ်ရှင် ရိုက်ကူးရေးမစခင် ဖြေရှင်းရမယ့် ကိစ္စတော်တော်များများ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

ဇာတ်ညွှန်းရေးသူ Paul က “အထက်ဘက်ကနေ ခွင့်ပြုချက်စကားတွေကို ကျနော်တို့ စောင့်နေတာပါ။ MCU ရဲ့ တခြားဇာတ်ကောင်တွေနဲ့အတူ Marvel Universe မှာ Deadpool မှာ သင့်လျော်ရဲ့လားဆိုတဲ့ အချက်တွေကို ရှင်းလင်းရဦးမှာပါ။ ပြီးတော့ X-Men ရုပ်ရှင်မှာလား Fantastic Four လားဆိုတာ ဖြေရှင်းရဦးမှာပါ”

“Ryan ရော၊ ကျနော်တို့ရော လူတိုင်းရော Deadpool ရုပ်ရှင်ကနေ အနားတော်တော်လေးရခဲ့ပြီးပြီလို့ ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Deadpool ပရိသတ်တွေကတော့ သူတို့ရဲ့ ညစ်ညစ်ညမ်းညမ်းတွေ ပြောတတ်တဲ့ဟီးရိုးကို Disney ကနေ ဖယ်ထုတ်လိုက်ပြီး Rated R ကာတွန်းစာအုပ်တွေကို ဖန်တီးနေတဲ့ရုပ်ရှင်တွေ အဆုံးသတ်ပြီလို့ စိုးရိမ်နေခဲ့ကြပေမယ့် စီအီးအို Bob Iger ကတော့ စကားလုံးကြမ်းကြမ်းတွေ ပြောတတ်တဲ့ ဟီးရိုးက လက်ရှိနေရာမှာပဲ ဆက်ရှိနေဦးမှာဖြစ်ပြီး အသက်ပြည့်သူတွေကိုသာ ဦးစားပေးနေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇာတ်ညွှန်းရေးသူ Reese ကတော့ သူတို့မှာ အစီအစဉ်ရှိတုန်းပဲ လို့ ရုပ်ရှင်ဝါသနာအိုးတွေကို အာမခံထားပါတယ်။

Reese က “Deadpool ရှိနေဦးမယ်လို့ ကတိပေးပါတယ်။ သူဟာ ကျနော်တို့ ဖန်တီးလိုက်တဲ့ R အဆင့် ရုပ်ရှင်ကမ္ဘာမှာ ဆက်ရှိနေဦးမှာပါ။ MCU လောကထဲမှာ နည်းနည်းလောက် သရုပ်ဆောင်ခွင့်ပြုဦးမှာပါ။ မှန်ကန်တဲ့ အစီအစဉ်ကို ကျနော်တို့ ချမှတ်ထားပြီး ပြေးလမ်းပြိုင်ပွဲမှာ ကျနော်တို့ရှိနေဦးမယ်လို့ ထင်ပါတယ်”

“ Deadpool အကြောင်းစဉ်းစားပြီး အိပ်ရာကနိုးထခဲ့တာပါ။ Deadpool အကြောင်း စဉ်းစားပြီး အိပ်ရာဝင်ခဲ့တာပါ။ ဒါကြောင့် နောက်ထပ် Deadpool ရှိဦးမှာပါ။မှန်ကန်တဲ့လမ်းကို ကျနော်တို့ ဖန်တီးဦးမှာပါ” လို့ဆိုပါတယ်။

ပရိသတ်တွေကတော့ နောက်ထွက်လာနိုင်မယ့် Deadpool 3 မှာ မင်းသား Ryan ပြန်ပါဝင်လာမယ်လို့ ယုံကြည်ထားကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့တုန်းကတော့ မင်းသား Ryan ဟာ Marvel စတူဒီယိုမှာရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံကို Twitter မှာ တင်ခဲ့ပါတယ်။

Ref:asiaone

You may also like these stories:

ဇနီးအတွက် မွေးနေ့ဆုတောင်း ပို့စ်မှာ ရုပ်ဆိုးဆိုး ဓာတ်ပုံတွေ တင်ခဲ့တဲ့ မင်းသား Ryan Reynolds

Marvel မှာ Deadpool ပါဝင်လာမယ်လို့ မင်းသား Ryan Reynolds အရိပ်အမြွက် ပြော

“The Hitman’s Bodyguard” ရုပ်ရှင်မှာ မြင်ရဦးမယ့် Ryan Reynolds နဲ့ Samuel L. Jackson

ဟာသအက်ရှင်ရုပ်ရှင်ကို ကိုယ်တိုင်ထုတ်လုပ်ပြီး သရုပ်ဆောင်မယ့် Ryan Reynolds

Did you find apk for android? You can find new Free Android Games and apps.
Loading