Entertainment

ရာသီဥတု ဆိုးရွားလာမှုကို ကာကွယ်ဖို့ ဒေါ်လာ သန်း ၁၀၀ ကျော် လှူဒါန်းလိုက်တဲ့ မင်းသား လီယိုနာဒို

Want create site? Find Free WordPress Themes and plugins.

ဆိုးရွားစွာ ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေကြောင့် လူသားတွေ ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ တနှစ်ထက်တနှစ် မြင့်တက်လာနေပါတယ်။

အမေဇုန်သစ်တော မီးလောင်မှုကနေစလို့ နောက်ပိုင်းမှာ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ဖို့အတွက် နာမည်ကျော်မင်းသား Leonardo ဟာ ဒေါ်လာ သန်း ၁၀၀ ကျော်ကို လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်ဖို့ ရက်ရက်ရောရော လှူဒါန်းလိုက်တာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လ အနည်းငယ်ခန့်က မင်းသား Will Smith နဲ့အတူ ပူးပေါင်းပြီး တောမီးလောင်မှုအတွက် ရန်ပုံငွေ မတည်ခဲ့တာ ဖြစ်သလို သူကိုယ်တိုင်လည်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုတွေကို တခြားအနုပညာရှင် အတတ်ပညာရှင်တွေနဲ့ ပူးပေါင်းကာ တက်ကြွလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်မှာ လီယိုနာဒိုက သူ့အသက် ၂၄ နှစ် အရွယ်မှာ Leonardo DiCaprio ဖောင်ဒေးရှင်း တည်ထောင်ခဲ့ပြီး သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာ့မြေနေရာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ၊ ပျက်စီးယိုယွင်းနေတဲ့ ဂေဟစနစ်ရဲ့ မျှခြေကို ပြန်လည်ပြုပြင်နိုင်ဖို့နဲ့ ကမ္ဘာပေါ်မှာ မှီခိုနေထိုင်တဲ့ သတ္တဝါတွေအားလုံး ကျန်းကျန်းမာမာနဲ့ အသက်ရှင် နေထိုင်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

သူ့ရဲ့ လုပ်ဆောင်မှုတွေကြောင့်ပဲ UN ရဲ့ အသိမှတ်ပြုခံခဲ့ရပြီး UN ရဲ့ Peace for Climate Change သံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုယ်တိုင် တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းအပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ “World Wildlife Fund”, “Oceans 5”, “International Fund for Animal Welfare” စတဲ့ အဖွဲ့တွေ့မှာလည်း ဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူတဦးဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာတဲ့အခါတိုင်း လိုအပ်တဲ့ အဖွဲ့အစည်းတွေကို သူတတ်နိုင်သလောက် လှူဒါန်းကူညီနေသူလည်း ဖြစ်ပါတယ်။

Ref. www.thinkinghumanity.com

You may also like these stories:

အမေဇုန်မိုးသစ်တောကို ကာကွယ်ဖို့ အဖွဲ့တဖွဲ့ ဖွဲ့စည်းလိုက်တဲ့ Leonardo နဲ့ Will Smith

အမေဇုန် မီးဘေးအတွက် ဒေါ်လာ ၅ သန်း လှူဒါန်းလိုက်တဲ့ မင်းသား လီယိုနာဒို ဒီကာပရီယို

ဘိုင်ကယ်ရေကန်ကို ကယ်တင်ဖို့ မင်းသား လီယိုနာဒိုအား ရုရှားနိုင်ငံသားများ တောင်းဆိုနေကြ

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပရိသတ်တခဲနက်အားပေးတာခံရတဲ့ လီယိုနာဒိုနဲ့ ဘရက်ပစ်တို့ရဲ့ ရုပ်ရှင်

Did you find apk for android? You can find new Free Android Games and apps.
Loading